





unicode . . .

ရုံးဌာန ဝန်ထမ်းများ တစ်ဝတ်တက် တစ်ဝက်နား စနစ်ကျင့်သုံး ရန်ညွှန်ကြား

မြန်မာနိုင်ငံမှာ Covid-19 ရောဂါကူးစက်မှုမြင့်တက်နေလို့ စက်တင်ဘာ (၉)ရက် က စပြီး အစိုးရရုံး၊ ဌာနအသီးသီးက ဝန် ထမ်း (၅၀)ရာခိုင်နှုန်း တာဝန်ထမ်းဆောင်ဖို့ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက စက်တင်ဘာ (၆)ရက်က ထုတ်ပြန်ပါတယ်။

ရုံး၊ ဌာနတွေ အနေနဲ့ ရုံးချိန်အတွင်း လက်ရှိ ဝန်ထမ်းအင်အားရဲ့ ၅၀ ရာခိုင်နှုန်း ရုံးတက်တာဝန်ထမ်း ဆောင်စေပြီး ကျန်ဝန်ထမ်း (၅၀)ရာခိုင်နှုန်းကို နေအိမ်ကနေပဲ တာဝန်ထမ်းဆောင်စေကာ လို အပ်လို့ ခေါ်မှသာ ရုံးသို့ လာရောက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။

ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ်စီနေထိုင်ရာအနီးပတ်ဝန်းကျင်မှာ Covid-19 သံသယ လူနာတွေ့ရှိ ခြင်းဖြစ်စေ၊ ကိုယ်တိုင်ရောဂါလက္ခဏာ ခံစားရတယ်လို့ သံယရှိလို့ဖြစ်စေ ဖြစ်ပွားလာပါက ကျ န်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အသိပေးပြီး ပူးပေါင်း ဆေ ာင်ရွက်ဖို့ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Covid -19 နဲ့ပတ်သက်တဲ့ ကျန်းမာရေး လမ်းညွှန်ချက် အ တိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ကိုလည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ source : One News Myanmar