unicode . . .
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာ လေလံအောင်တဲ့ပုဂ္ဂိုလ်နဲ့ ပက်သတ်ပြီး ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို ဖြေရှင်းလာတဲ့ မောင်မောင်အေး
တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးနဲ့ကဗျာဟာ မနေ့က စက်တင်ဘာလ(၅)ရက်နေ့မှာသိန်းပေါင်း(၂၄၀၀)နဲ့ လေလံအောင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ထိုလေလံအောင်တဲ့ ပုဂ္ဂိုလ်ဟာ သူ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပဲ လျှို့ဝှက်ထားခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒီကနေ့မှာတော့ လိုင်းပေါ်မှာ လေလံအောင်သူရဲ့ ဓာတ်ပုံဆိုပြီး အ မျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံတွေက ပျံ့နှံ့နေခဲ့တာပဲ ဖြစ်ပါတယ်။
ထိုအကြောင်းနဲ့ ပက်သတ်ပြီး လေလံပွဲကို စီစဉ်တင်ဆက်သူ မောင်မောင်အေးက အခုလိုပဲ ဖြေရှင်းလာပါတယ်။လိုင်းပေါ် တက်နေတဲ့ပုံတပုံမှ လေလံအောင်တဲ့ပုဂ္ဂိုလ်မဟုတ်ကြောင်းရယ်။
အဲ့ဒီကဗျာကို ပွဲအတွက် ပြင်ဆင်ဖို့ယူသွားမလို့ ကားထဲထည့်ကာနီး ကိုယ်နဲ့ခင်တဲ့အမက တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာနဲ့ မှတ်တမ်းတင်ချင်တယ်ဆိုလို့ ဓါတ်ပုံပေးရိုက်လိုက်တာပါ။
အဲ့အချိန်တုန်းကလည်း လေလံဈေးက သိန်း ၁၃၅၀ ထိပဲရှိသေးပြီး ဘယ်သူ့ဆီရောက်မလဲမသိသေးတဲ့အချိန်ပါ။ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာ သတင်းမှားတွေပျံ့နေတဲ့အတွက် တကယ်လေလံအောင်တဲ့ သူကိုလည်း ဒီနေရာကနေ အားနာမိကြောင်း တောင်းပန်အပ်ပါတ ယ်ဗျာ။
အဲ့ဒီပုဂ္ဂိုလ်ကြီးအနေနဲ့လဲ နားလည်နိုင်ပြီး ဘာမှ စိတ်မရှိမှာသိနေပေမင့် နောက်ဆို ပိုပြီး ဆင်ခြင်ပါ့မယ်ခင်ဗျာ ဆိုပြီးတော့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖြေရှင်းထားပါတယ်။
မောင်မောင်အေးကတော့ လက်ရှိလိုင်းပေါ်မှာ လေလံအောင်သူဆိုပြီး ပျံ့နှံ့နေတဲ့ အမျိုးသမီးဟာ သူနဲ့ ခင်မင်ရင်းနှီးတဲ့သူသာ ဖြစ် ကြောင်းကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ source: San Kyi Par
Tags:
Add a Comment
Your email address will not be published. Required fields are marked *