လူေပါင္း တစ္ေထာင္ေက်ာ္နဲ႔ အခ်ိန္ယူၿပီး ဖ်က္စီးတာေတာင္ မပ်က္စီးသြားတဲ့ အံ့ဖြယ္ဘုရားေက်ာင္း

လူေပါင္း (၁)ေထာင္ေက်ာ္နဲ႔ အခ်ိန္ယူၿပီး ဖ်က္စီးတာေတာင္ မပ်က္စီးသြားတဲ့ အံ့ဖြယ္ဘုရားေက်ာင္း

ေက်ာက္တုံးႀကီး တစ္တုံးကို မွ ထုခြဲၿပီး တည္ေဆာက္ထားတဲ့ အိႏၵိယနိုင္ငံက ဘုရားေက်ာင္းတစ္ခု ျဖစ္တဲ့ The Kailasa လို့အမည္ရတဲ့ ဘုရားေက်ာင္းဟာဆိုရင္ ကမၻာေပၚမွာ ခရီးသြားေတြ လည္ပတ္မွုအမ်ားဆုံးက ေနရာ တစ္ေနရာလည္း ျဖစ္ပါတယ္။

စိတ္ဝင္စားဖို့ေကာင္းတဲ့ အခ်က္အလက္ကေတာ့ ဒီဘုရားေက်ာင္းႀကီးရဲ့ မူလဇာစ္ျမစ္ နဲ႔ ဘယ္သူေတြ တည္ေဆာက္ခဲ့ၾကလဲဆိုတာကို ယေန႔ခ်ိန္အထိ အေျဖမရွာနိုင္ၾကေသးပါဘူး ။ ဒါ့အျပင္ ပညာရွင္ေတြဟာ ဘုရားေက်ာင္းႀကီးရဲ့ သက္တမ္းဘယ္ေလာက္ရွိေနၿပီလဲဆိုတာကိုလည္း မခန႔္မွန္းနိုင္ၾကေသးပါဘူး ။

ပထမဦးဆုံး ဘုရားေက်ာင္းႀကီးရဲ့ တည္ေဆာက္ပုံကိုၾကည့္လိုက္မယ္ဆိုရင္ မ်ားျပားလွတဲ့ ဗိသုကာ အႏုပညာနဲ႔ ပန္းပုပညာတို့ကို ကြဲကြဲျပားျပားနဲ႔ တည္ေဆာာက္ထားတာကို ေတြ႕ရမွာပဲ ျဖစ္ပါတယ္တယ္။တစ္ခ်ိဳ့ပညာရွင္ေတြကေတာ့ ဘုရားေက်ာင္းႀကီးရဲ့ အရြယ္အစားကိုၾကည္ၿပီး ရာစုႏွစ္ေပါင္းမ်ားစြာက တည္ေဆာက္တာ ျဖစ္နိုင္တယ္လို့ ခန႔္မွန္းထားၾကပါတယ္။

ေနာက္ၿပီး ဘုရားေက်ာင္းႀကီးကို အေပၚစီးကေန ၾကည့္မယ္ဆိုရင္ U ပုံစံ တည္ေဆာက္ထားၿပီး ေက်ာင္းေဆာင္ေတြရဲ့ အေပၚကေန ေအာက္ေျခအထိ ဆင္႐ုပ္တုေပါင္းမ်ားစြာကို ထုလုပ္ထားတာ ေတြ႕ရတာပဲ ျဖစ္ပါတယ္။ ကမၻာ့ေရွးေဟာင္းအေမြအႏွစ္ စာရင္းဝင္ထားတဲ့ ဒီဘုရားေက်ာင္းႀကီးကို အလုပ္သမားေပါင္း ၇၀၀၀ ေက်ာ္နဲ႔ အခ်ိန္အေတာ္ၾကာယူၿပီး တည္ေဆာက္ရမွာ ျဖစ္တယ္လို့ ပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။

တစ္ခ်ိဳ့ေသာ သမိုင္းအခ်က္အလက္ေတြအရ ဒီဘုရားေက်ာင္းႀကီးကို တည္ေဆာက္ခဲ့တဲ့ အခ်ိန္တုန္းက အလုပ္သမားေတြဟာ တစ္ရက္ကို ၁၈ နာရီေလာက္ အလုပ္ လုပ္ၾကရတယ္လို့ သိရပါတယ္။ ေနာက္ၿပီး လၽွပ္စစ္မီး မေပၚေပါက္ေသးတဲ့ အခ်ိန္မို့လို့ ဂူအတြင္းပိုင္းကို အလင္းေရာင္ရေစရန္ မွန္ေတြကို အသုံးျပဳကာ ေရာင္ျပန္နည္းနဲ႔ အလင္းေပးထား ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ထူးျခားတဲ့ အခ်က္ကေတာ့ ဘုရားေက်ာင္းႀကီးအတြင္းမွာ မေရမတြက္ နိုင္တဲ့ ပေဟဠိေတြ အမ်ားႀကီး ရွိလို့ေနပါတယ္။ သိပၸံပညာရွင္ေတြရဲ့ အဆိုအရ ဘုရားေက်ာင္းအတြင္းက ေရွးေဟာင္း အင္ဒို – ဥေရာပ ဘာသာစကားလုံးေပါင္း မ်ားစြာကို ဘာသာမျပန္နိုင္ၾကေသးပါဘူး။

ေနာက္ထပ္ စိတ္ဝင္စားစရာ အေၾကာင္းကေတာ့ တစ္ခ်ိန္တုန္းက ဟိႏၵဴဘုရားေက်ာင္းေတြကို ဖ်က္စီးပစ္ခဲ့တဲ့ Mughal ဘုရင္ Arangzeb ဆိုတဲ့ လူ ရွိခဲ့ပါတယ္။တစ္ေန႔မွာေတာ့ သူနဲ႔ အေပါင္းအပါေတြဟာ ဒီဘုရားေက်ာင္းႀကီးကို ဖ်က္စီးဖို့ လူအင္အား ( ၁၀၀၀ ) ေလာက္သုံးၿပီး ဖ်က္စီးဖို့ ႀကိဳးစားခဲ့ၾကေပမယ့္လည္း အခ်ိန္ ( ၃ ) ႏွစ္သာ ၾကာသြားၿပီး ဘုရားေက်ာင္းရဲ့ အစိတ္အပိုင္း အနည္းငယ္ေလာက္သာ ဖ်က္စီးနိုင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဘုရင္ Aranzgeb ဟာ လက္ေလ်ာ့ခဲ့ၿပီး ဘုရားေက်ာင္းကိုလည္း မဖ်က္ဆီးခဲ့ေတာ့ပါဘူး ။ဒီလိုထူးဆန္းတဲ့ အေၾကာင္းေတြေၾကာင့္ပဲ Kailasa ဘုရားေက်ာင္းႀကီးဟာ ယေန႔အခ်ိန္အထိ နာမည္ႀကီးလ်က္ရွိၿပီး ခရီးသြားသူေတြနဲ႔ ျပည့္ႏွက္လို့ေနတာပဲ ျဖစ္ပါတယ္။အခု ေဖာ္ျပေပးထားတာကေတာ့ အိႏၵိယနိုင္ငံက ထူးဆန္းတဲ့ ဘုရားေက်ာင္း အေၾကာင္းကို ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။ credit: original writer

unicode . . .

လူပေါင်း (၁)ထောင်ကျော်နဲ့ အချိန်ယူပြီး ဖျက်စီးတာတောင် မပျက်စီးသွားတဲ့ အံ့ဖွယ်ဘုရားကျောင်း

ကျောက်တုံးကြီး တစ်တုံးကို မှ ထုခွဲပြီး တည်ဆောက်ထားတဲ့ အိန္ဒိယနိုင်ငံက ဘုရားကျောင်းတစ်ခု ဖြစ်တဲ့ The Kailasa လို့အမည်ရတဲ့ ဘုရားကျောင်းဟာဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားတွေ လည်ပတ်မှုအများဆုံးက နေရာ တစ်နေရာလည်း ဖြစ်ပါတ ယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်ကတော့ ဒီဘုရားကျောင်းကြီးရဲ့ မူလဇာစ်မြစ် နဲ့ ဘယ်သူတွေ တည်ဆောက်ခဲ့ကြလဲဆိုတာကို ယနေ့ချိန်အထိ အဖြေမရှာနိုင်ကြသေးပါဘူး ။ ဒါ့အပြင် ပညာ ရှင်တွေဟာ ဘုရားကျောင်းကြီးရဲ့ သက်တမ်းဘယ်လောက်ရှိနေပြီလဲဆိုတာကိုလည်း မခန့်မှန်းနိုင်ကြသေးပါဘူး။

ပထမဦးဆုံး ဘုရားကျောင်းကြီးရဲ့ တည်ဆောက်ပုံကိုကြည့်လိုက်မယ်ဆိုရင် များပြားလှတဲ့ ဗိသုကာ အနုပညာနဲ့ ပန်းပုပညာတို့ကို ကွဲကွဲပြားပြားနဲ့ တည်ဆောာက်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတ ယ်တယ်။တစ်ချို့ပညာရှင်တွေကတော့ ဘုရားကျောင်းကြီးရဲ့ အရွ ယ်အစားကိုကြည်ပြီး ရာစုနှစ်ပေါင်းများစွာက တည်ဆောက်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

နောက်ပြီး ဘုရားကျောင်းကြီးကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင် U ပုံစံ တည်ဆောက်ထားပြီး ကျောင်းဆောင်တွေရဲ့ အပေါ်ကနေ အောက်ခြေအထိ ဆင်ရုပ်တုပေါင်းများစွာကို ထုလုပ်ထားတာတွေ့ရတာပဲဖြစ်ပါတယ်။ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ထာတဲ့ ဒီဘုရားကျောင်းကြီးကို အလုပ်သမားပေါင်း ၇၀၀၀ ကျော်နဲ့ အချိန်အတော်ကြာယူပြီး တည်ဆောက်ရမှာ ဖြစ်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

တစ်ချို့သော သမိုင်းအချက်အလက်တွေအရ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့တဲ့ အချိန်တုန်းက အလုပ်သမားတွေဟာ တစ်ရက်ကို ၁၈ နာရီလောက် အလုပ် လုပ်ကြရတယ်လို့ သိရပါတယ်။ နောက်ပြီး လျှပ်စစ်မီး မပေါ်ပေါက်သေးတဲ့ အချိန်မို့လို့ ဂူအတွင်းပိုင်းကို အလင်းရောင်ရစေရန် မှန်တွေကို အသုံးပြုကာ ရောင်ပြန်နည်းနဲ့ အလင်းပေးထား ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ အချက်ကတော့ ဘုရားကျောင်းကြီးအတွင်းမှာ မရေမတွက် နိုင်တဲ့ ပဟေဠိတွေ အများကြီး ရှိလို့နေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဘုရားကျောင်းအတွင်းက ရှေးဟောင်း အင်ဒို ဥရောပ ဘာသာ စကားလုံးပေါင်း များစွာကို ဘာသာ မပြန်နိုင်ကြသေးပါဘူး။

နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းကတော့ တစ်ချိန်တုန်းက ဟိန္ဒူဘုရားကျောင်းတွေကို ဖျက်စီးပစ်ခဲ့တဲ့ Mughal ဘုရင် Arangzeb ဆိုတဲ့ လူ ရှိခဲ့ပါတယ်။တစ်နေ့မှာတော့ သူနဲ့ အပေ ါင်းအပါတွေဟာ ဒီဘုရားကျောင်းကြီးကို ဖျက်စီးဖို့ လူအင်အား ( ၁၀၀၀ )လောက်သုံးပြီး ဖျက်စီးဖို့ ကြိုးစားခဲ့ ကြပေမယ့်လည်း အချိန် ( ၃ )နှစ်သာ ကြာသွားပြီး ဘုရားကျောင်းရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်သာ ဖျက်စီးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘုရင် Aranzgeb ဟာ လက်လျော့ခဲ့ပြီး ဘုရားကျောင်းကိုလည်း မဖျက်ဆီးခဲ့တော့ပါဘူး ။ဒီလိုထူးဆန်းတဲ့ အကြောင်းတွေကြောင့်ပဲ Kailasa ဘုရားကျောင်းကြီးဟာ ယ နေ့အချိန်အထိ နာမည်ကြီးလျက်ရှိပြီး ခရီးသွားသူတွေနဲ့ ပြည့်နှက်လို့နေတာပဲ ဖြစ်ပါတယ်။အခု ဖော်ပြပေးထားတာကတော့ အိန္ဒိယနိုင်ငံက ထူးဆန်းတဲ့ ဘုရားကျောင်း အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ credit: original writer