




unicode . . .

ဒေါ်အောင်ဆန်းစုကြည်၏လက်ရေးမူကဗျာကို ကျပ်သိန်း(၂၄၀၀) ဖြင့်လေလံအောင်မြင်

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး လက်ရေးမူကဗျာကို ကျပ်သိန်း (၂၄၀၀)နဲ့ လေလံ အောင်မြင်ခဲ့တယ်လို့ ကဗျာပိုင်ရှင်ဒါရိုက် တာမင်းထင်ကိုကိုကြီးက အတည်ပြုပြောပါတယ်။အဲဒီလက်ရေး မူ ကဗျာလေလံတင် ရောင်းချမှုကိုတော့ စက်တင်ဘာ(၅)ရက်၊ ည(၉)နာရီကစပြီး အွန်လိုင်းကနေ Live လွှင့်ပြီးပြုလုပ်ခဲ့တာပါ။အမေ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုရေးပေးတဲ့ ကဗျာလေးပေါ့။

ပြီးခဲ့တဲ့(၂၀၁၁)ခုနှစ် ဇွန်လမှာ ရေးပေးတဲ့ကဗျာပေါ့။ အဲ့တာလေးကို (၉)နှစ်လောက် သိမ်းထားတာပေါ့။အခုဟာက NLD အောင်နိုင်ရေး အတွက် လှူဒါန်းမယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ လေလံပွဲကို လုပ်တယ်။ ဒီလေလံ အဆုံးသတ်တော့ ကျပ်သိန်း(၂၄၀၀)နဲ့ လေ လံအောင် သွားတယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

လေလံကိုတော့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄)ကိုကိုယ်စားပြုပြီး ကျပ်(၅၄)သိန်းနဲ့ စဖွင့်ခဲ့တာလို့ ဒါရိုက် တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။ source : One News Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *