႐ုရွားထုတ္ ကိုဗစ္ ကာကြယ္ေဆး အေစာပိုင္း စမ္းသပ္မွု ေအာင္ျမင္ဟုဆို

႐ုရွားထုတ္ ကိုဗစ္ ကာကြယ္ေဆး အေစာပိုင္း စမ္းသပ္မွု ေအာင္ျမင္ဟုဆို

ျပင္းထန္တဲ့ ေဘးထြက္ဆိုးက်ိဳး မရွိဘဲ ပဋိပစၥည္းမ်ား ထြက္ရွိ ခဲ့ေၾကာင္း The Lancet ဂ်ာနယ္မွာ ေဖာ္ျပပါတယ္။႐ုရွားနိုင္ငံထုတ္ COVID-19 ကာကြယ္ေဆး အေစာပိုင္း စမ္းသပ္မွုအတြင္း ပါဝင္ခဲ့တဲ့သူေတြထံမွာ ျပင္းထန္တဲ့ ေဘးထြက္ဆိုးက်ိဳး ျဖစ္ရပ္မ်ားမရွိဘဲ ေရာဂါကာကြယ္တဲ့ ပဋိပစၥည္းမ်ား ထြက္ရွိခဲ့ေၾကာင္း

The Lancet ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ သုေတသနအရ သိရွိရပါတယ္။သို့ေသာ္ ကၽြမ္းက်င္သူေတြကေတာ့ ႐ုရွားကာကြယ္ေဆး စမ္းသပ္မွုေတြဟာ ေဘးအႏၲရာယ္ကင္းမွုနဲ႔ ထိေရာက္မွုကို သက္ေသျပရန္ အလြန္နည္းပါးခဲ့ေၾကာင္း ေျပာခဲ့ ပါတယ္။

႐ုရွားနိုင္ငံက Sputnik V လို့ အမည္ေပးထားတဲ့ COVID-19 ကာကြယ္ေဆးကို ၿပီးခဲ့တဲ့လအတြင္း ေထာက္ခံအတည္ျပဳခ်က္ေပးခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာထားခဲ့ပါတယ္ထိုသို့ ေၾကညာခဲ့ရာမွာ ေဘးအႏၲရာယ္ကင္းေၾကာင္း အခ်က္အလက္ မရွိျခင္းအေပၚ အေနာက္အုပ္စု သိပၸံပညာရွင္ေတြၾကား စိုးရိမ္မွုေတြ ျမင့္တက္ခဲ့ပါတယ္။

ကာကြယ္ေဆးထုတ္လုပ္ရန္ အလြန္ အေစာတလ်င္ လုပ္ေဆာင္ျခင္းက အႏၲရာယ္ရွိနိုင္ေၾကာင္း သိပၸံပညာရွင္အခ်ိဳ့က သတိေပးခဲ့ေၾကာင္း AFP သတင္းမွာ ေဖာ္ျပပါတယ္။႐ုရွားကေတာ့ Sputnik V ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ေဝဖန္မွု ေတြအေပၚ ၎တို့ရဲ့ သုေတသန စြမ္းေဆာင္နိုင္မွုကို ယုတ္ေလ်ာ့ေစရန္ ႀကိဳးပမ္းမွုတစ္ခုအျဖစ္ ရွုတ္ခ်ခဲ့ပါတယ္။ The Lancet မွာ ယေန႔ ေဖာ္ျပခဲ့မွုအရ ႐ုရွားသုေတသီေတြက လူဦးေရအနည္းငယ္ပါဝင္တဲ့ စမ္းသပ္မွုႏွစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို့ ဆိုပါတယ္။

စမ္းသပ္မွုတစ္ခုစီမွာ အသက္ ၁၈ ႏွစ္နဲ႔ ၆၀ ႏွစ္ၾကား က်န္းမာေရးေကာင္းသူ ၃၈ ဦးစီ ပါဝင္ခဲ့ၾကၿပီး ၎တို့ကို ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးႏွံေပးခဲ့တာ ျဖစ္ပါတယ္။ စမ္းသပ္မွုမွာ ပါဝင္သူတစ္ဦးစီကို ပထမအႀကိမ္ ကာကြယ္ေဆးထိုးၿပီးေနာက္ ၂၁ ရက္အၾကာမွာ ဒုတိယအႀကိမ္ ကာကြယ္ေဆးထိုးႏွံခဲ့ေၾကာင္း သိရပါတယ္။

ကာကြယ္ေဆးထိုးေပးထားသူေတြကို ၄၂ ရက္ၾကာ ေစာင့္ၾကည့္ခဲ့ရာ ပထမ သုံးပတ္အတြင္း ေရာဂါကာကြယ္တဲ့ ပဋိပစၥည္းမ်ား ထြက္ရွိခဲ့တယ္လို့ ဆိုပါတယ္။ Sputnik V ကာကြယ္ေဆးဟာ အရြယ္ေရာက္ၿပီး က်န္းမာေရးေကာင္းသူေတြမွာ ေဘးအႏၲရာယ္ကင္းၿပီး ခံနိုင္ရည္ရွိကာ ျပင္းထန္တဲ့ ေဘးထြက္ဆိုးက်ိဳး မျဖစ္ေစခဲ့ဘူးလို့ သုေတသန အစီရင္ခံစာက ေဖာ္ျပပါတယ္။

COVID-19 ကာကြယ္ေရးအတြက္ ကာကြယ္ေဆးရဲ့ ကာလရွည္ၾကာ ေဘးအႏၲရာယ္ကင္းမွုနဲ႔ ထိေရာက္မွုကို သက္ေသျပရန္ ပိုမိုမ်ားျပားတဲ့ လူဦးေရနဲ႔ စမ္းသပ္ရန္ လိုအပ္လိမ့္မယ္လို့ သုေတသီေတြက အေလးအနက္ ေျပာခဲ့ ပါတယ္။

ေဘးအႏၲရာယ္ကင္းတယ္ဆိုတာ သက္ေသျပတာက COVID-19 ကာကြယ္ေဆးေတြမွာ အတိမ္းအေစာင္းမခံဘဲ အေရးပါပါတယ္၊ ဒါက ကာကြယ္ေဆးကို လက္ခံအသိအမွတ္ျပဳဖို့အတြက္မဟုတ္ဘဲ ကာကြယ္ေဆးထိုးျခင္းမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ယုံၾကည္မွုရွိေစဖို့အတြက္လည္း ျဖစ္ပါတယ္” လို့ Johns Hopkins Bloomberg School of Public Health မွ Naor Bar-Zeev က The Lancet ဂ်ာနယ္မွာ ေဝဖန္သုံးသပ္ခ်က္ ေရးသားထားပါတယ္။

ရုရွားကာကြယ္ေဆးကို အေစာပိုင္း စမ္းသပ္မွုမွာ ပါဝင္သူ ၇၆ ဦးကို ရက္ေပါင္း ၁၈၀ ၾကာအထိ ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး ေနာက္ထပ္ တတိ ယအဆင့္ စမ္းသပ္မွုကိုေတာ့ မိမိတို့ရဲ့ သေဘာဆႏၵအေလ်ာက္ ပါဝင္စမ္းသပ္ခံသူ ၄၀,၀၀၀ နဲ႔ ျပဳလုပ္သြားမယ္လို့ သိရပါတယ္။

ထိုအေတာအတြင္း Reuters သတင္းဌာနရဲ့ အျခား ဆက္စပ္သတင္း တစ္ရပ္မွာေတာ့ COVID-19 ကာကြယ္ေဆး က်ယ္က်ယ္ျပန႔္ျပန႔္ ထိုးႏွံမွုေတြကို လာမယ့္ ၂၀၂၁ ခုႏွစ္ ႏွစ္လယ္ပိုင္းအထိ ေဆာင္ရြက္နိုင္မယ္လို့ မထင္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) ေျပာခြင့္ရအမ်ိဳးသမီး Margaret Harris က ေျပာခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။Credit Duwun

unicode . . .

ရုရှားထုတ် ကိုဗစ် ကာကွယ်ဆေး အစောပိုင်း စမ်းသပ်မှု အောင် မြင်ဟုဆို

ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိဘဲ ပဋိပစ္စည်းများ ထွက်ရှိ ခဲ့ကြောင်း The Lancet ဂျာနယ်မှာ ဖော်ပြပါတယ်။ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အစောပိုင်း စမ်းသပ်မှုအ တွင်း ပါဝင်ခဲ့တဲ့သူတွေထံမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ် ရပ်များမရှိဘဲ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းများ ထွက်ရှိခဲ့ပါ တယ္

The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ သိရှိရပါတယ်။သို့သော် ကျွမ်းကျင်သူတွေကတော့ ရုရှားကာကွယ်ဆေး စမ်းသပ်မှုတွေဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြရန် အလွန်နည်းပါးခဲ့ကြောင်း ပြောခဲ့ ပါတယ်။

ရုရှားနိုင်ငံက Sputnik V လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့လအတွင်း ထောက်ခံအတည်ပြုချက်ပေးခဲ့ပြီဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်ထိုသို့ ကြေညာခဲ့ရာမှာ ဘေးအန္တရာယ်ကင်းကြောင်း အချက်အလက် မရှိခြင်းအ ပေါ် အနောက်အုပ်စု သိပ္ပံပညာရှင်တွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ကာကွယ်ဆေးထုတ်လုပ်ရန် အလွန် အစောတလျင် လုပ်ဆောင်ခြင်းက အန္တရာယ်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်အချို့က သတိပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ် ။ ရုရှားကတော့ Sputnik V ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဝေဖန်မှု တွေအပေါ် ၎င်းတို့ရဲ့ သုတေသန စွမ်းဆောင်နိုင်မှုကို ယုတ်လျော့စေရန် ကြိုး ပမ်းမှုတစ်ခုအဖြစ် ရှုတ်ချခဲ့ပါတယ်။ The Lancet မှာ ယနေ့ ဖော်ပြခဲ့မှုအရ ရုရှားသုတေသီတွေက လူဦးရေအနည်းငယ်ပါဝင်တဲ့ စမ်းသပ်မှုနှစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စမ်းသပ်မှုတစ်ခုစီမှာ အသက် ၁၈ နှစ်နဲ့ ၆၀ နှစ်ကြား ကျန်းမာရေးကောင်းသူ ၃၈ ဦးစီ ပါဝင်ခဲ့ကြပြီး ၎င်းတို့ကို ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ပါဝင်သူတစ်ဦးစီကို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရပါတယ်။

ကာကွယ်ဆေးထိုးပေးထားသူတွေကို ၄၂ ရက်ကြာ စောင့်ကြည့်ခဲ့ရာ ပထမ သုံးပတ်အတွင်း ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းများ ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ Sputnik V ကာကွယ်ဆေးဟာ အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတွေမှာ ဘေးအန္တရာယ်ကင်းပြီး ခံနိုင်ရည်ရှိကာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်စေခဲ့ဘူးလို့ သုတေသန အစီရင်ခံစာက ဖော်ပြပါတယ်။

COVID-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးရဲ့ ကာလရှည်ကြာ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြရန် ပိုမိုများပြားတဲ့ လူဦးရေနဲ့ စမ်းသပ်ရန် လိုအပ်လိမ့်မယ်လို့ သုတေ သီတွေက အလေးအနက် ပြောခဲ့ ပါတယ်။

ဘေးအန္တရာယ်ကင်းတယ်ဆိုတာ သက်သေပြတာက COVID-19 ကာကွယ်ဆေးတွေမှာ အတိမ်းအစောင်းမခံဘဲ အရေးပါပါတယ်၊ ဒါက ကာကွယ်ဆေးကို လက်ခံအသိအမှတ်ပြုဖို့အတွက်မဟုတ်ဘဲ ကာကွယ်ဆေးထိုးခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိစေဖို့အတွက်လည်း ဖြစ်ပါတယ်” လို့ Johns Hopkins Bloomberg School of Public Health မှ Naor Bar-Zeev က The Lancet ဂျာနယ်မှာ ဝေဖန်သုံးသပ်ချက် ရေးသားထားပါတယ်။

ရုရှားကာကွယ်ဆေးကို အစောပိုင်း စမ်းသပ်မှုမှာ ပါဝင်သူ ၇၆ ဦးကို ရက်ပေါင်း ၁၈၀ ကြာအထိ စောင့်ကြည့်သွားမှာဖြစ်ပြီး နောက် ထပ် တတိ ယအဆင့် စမ်းသပ်မှုကိုတော့ မိမိတို့ရဲ့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၄၀,၀၀၀ နဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ထိုအတောအတွင်း Reuters သတင်းဌာနရဲ့ အခြား ဆက်စပ်သတင်း တစ်ရပ်မှာတော့ COVID-19 ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံမှုတွေကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ ဆောင်ရွက်နိုင်မယ်လို့ မထင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) ပြောခွင့်ရအမျိုးသမီး Margaret Harris က ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။Credit Duwun

Tags: