တကၠသိုလ္ဝင္စာေမးပြဲ ထူးခၽြန္စြာေအာင္ျမင္ခဲ့ၾကသည့္ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို နိုင္ငံေတာ္သမၼတက ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳ

တကၠသိုလ္ဝင္စာေမးပြဲ ထူးခၽြန္စြာေအာင္ျမင္ခဲ့ၾကသည့္ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို နိုင္ငံေတာ္သမၼတက ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳ

အက်ဥ္းေထာင္အသီးသီးတြင္ အက်ဥ္းက်ခံေနရေသာ ၂၀၁၈- ၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တို့တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ား အနက္ (၅၅) ဦး ယေန႔နံနက္ပိုင္းတြင္ ျပန္လည္လြတ္ ေျမာက္ခဲ့ေၾကာင္း သိရပါသည္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တို့တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္မွုအား ခ်ီးျမႇင့္ေသာအားျဖင့္လည္းေကာင္း၊ လူမွုေရးအရ ငဲ့ညႇာေသာ အားျဖင့္လည္းေကာင္း၊

နိုင္ငံေတာ္၏ ေစတနာကို နားလည္ၾကၿပီး ျပင္ပတြင္ တကၠသိုလ္ပညာမ်ား ဆက္လက္သင္ၾကားနိုင္ေရး ေရွးရွုေသာ အားျဖင့္လည္းေကာင္း ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ နိုင္ငံေတာ္သမၼတက ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့ရာ (၅၅) ဦး ျပန္လည္ လြတ္ေျမာက္ခဲ့ၿပီး (၃၈) ဦး ေလၽွာ့ရက္မ်ား ခံစားရေၾကာင္း၊လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳခဲ့ျခင္းေၾကာင့္

ျပန္လည္လြတ္ေျမာက္သူ (၅၅) ဦးတြင္ ျပစ္ဒဏ္က်ခံရန္ က်န္ကာလ ၁ ႏွစ္ဝန္းက်င္ရွိသူ (၁၃) ဦး၊ ဂုဏ္ထူး ၂ ဘာသာႏွင့္အထက္ ရရွိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူႏွင့္ ရိုးရိုးေအာင္ (၁၃) ဦး ပါဝင္ၿပီး ေလၽွာ့ရက္မ်ား ရရွိခံစားရသူ (၃၈) ဦးတြင္ ဂုဏ္ထူး ၂ ဘာသာႏွင့္အထက္ရရွိသူ ၂ ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူ ႏွင့္ ရိုးရိုးေအာင္ ၃၆ ဦး ပါဝင္ေၾကာင္း သိရသည္။ source : ကိုမင္း/Myanmar Harp

unicode . . .တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံ တော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်း သား၊ ကျောင်းသူများ အနက် (၅၅) ဦး ယနေ့နံနက်ပိုင်းတွင် ပြန် လည်လွတ် မြောက်ခဲ့ကြောင်း သိရပါသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျေ င်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုအား ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသော အားဖြင့်လည်းကောင်း၊

နိုင်ငံတော်၏ စေတနာကို နားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ (၅၅) ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး (၃၈) ဦး လျှော့ရက်များ ခံစားရကြောင်း၊လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းကြောင့်

ပြန်လည်လွတ်မြောက်သူ (၅၅) ဦးတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ (၁၃) ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အ ထက် ရရှိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် (၁၃) ဦး ပါဝင်ပြီး လျှော့ရက်များ ရရှိခံစားရသူ (၃၈) ဦးတွင် ဂုဏ်ထူး ၂ ဘာသာနှင့်အထက်ရရှိသူ ၂ ဦး၊ ၁ ဘာသာဂုဏ် ထူးရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။ source : ကိုမင်း/Myanmar Harp