မေကာင္းဆိုးဝါးတစ္ေကာင္ ေရးသားခဲ့တဲ့ ထူးဆန္းေသာ စာအုပ္ႀကီး

မေကာင္းဆိုးဝါးတစ္ေကာင္ ေရးသား ခဲ့တဲ့ ထူးဆန္းေသာ စာအုပ္ႀကီး

ပရိသတ္ေတြထဲမွာ မေကာင္းဆိုးဝါး နာနာဘာဝေတြ၊ ပရေလာကသား ေတြေနနဲ႔ အျပင္ေလာကမွာ တကယ္ရွိတယ္ဆိုတာကို ယုံၾကည္တဲ့ သူေတြရွိၾကလားမသိဘူး ကမၻာတစ္ဝွမ္းက လူအေတာ္မ်ားမ်ားက ဒီျဖစ္ရပ္ကို ျဖစ္ရပ္မွန္အေနနဲ႔ လက္ခံထားၾကတယ္ဆိုေပမယ့္ ပရိသတ္ေတြကိုေတာ့ မိမိ ဦးေႏွာက္နဲ႔သာ စဥ္းစားခ်င့္ခ်ိန္ၿပီးမွ ယုံသင့္မယုံသင့္ ကို ဆုံးျဖတ္ေစခ်င္ပါတယ္။

မေကာင္းဆိုးဝါးတစ္ေကာင္ ေရးသားထားတဲ့ စာအုပ္ဆိုတာ အျပင္မွာတကယ္ရွိပါတယ္။ လက္ရွိအခ်ိန္ထိလည္း ဒီစာအုပ္ကို ဆြီဒင္နိုင္ငံ စေတာ့ဟုမ္းၿမိဳ့က အမ်ိဳးသားစားၾကည့္တိုက္မွာ ျပသထားတယ္လို့သိရပါတယ္။ စာရြက္တစ္ရြက္ကို (၃၆) လက္မ ရွည္လ်ားတဲ့ ဒီစာအုပ္ႀကီးရဲ့အေလးခ်ိန္ဟာ ၇၅ ကီလို ( ၁၆၅ ေပါင္ ) ေလးတဲ့အတြက္ေၾကာင့္ အားေကာင္းေမာင္းသန္ ေယာက္်ားႀကီး ႏွစ္ေယာက္ေလာက္ ဝိုင္းမရတယ္လို့လည္းဆိုၾကပါတယ္။

စာအုပ္ထဲမွာေတာ့ မေကာင္းဆိုးဝါးနိုင္တဲ့ ဂါထာေတြနဲ႔ ေရာဂါဘယ ျဖစ္ေစတဲ့ မႏၲာန္ေတြ၊ ေအာက္လမ္း အစီအရင္ေတြ ပါဝင္ေနတယ္လို့သိရပါတယ္။ဒီစာအုပ္ရဲ့ ဇာတ္လမ္းကို အစျပဳခဲ့တဲ့သူကေတာ့ ၿပီးခဲ့တဲ့ ၁၃ရာစုႏွစ္ေလာက္က ခ်က္သမၼတနိုင္ငံ ပိုလာဇိုက္စ္ Podlazice ဘုရားေက်ာင္းမွာ သီတင္းသုံးခဲ့တဲ့ ခရစ္ယာန္ဘုန္းေတာ္ႀကီး တစ္ပါး ပါပဲ ။ သူဟာ ႀကီးေလးတဲ့ ျပစ္မွုကို က်ဴးလြန္မိခဲ့တဲ့ အတြက္အရွင္လတ္လတ္ တိုက္ပိတ္သတ္ခံရတဲ့ သူလို့လည္းသိရပါတယ္။

အဲ့ဒီလိုတိုက္ပိတ္ခံေနရတဲ့အအခ်ိန္မွာ သူဟာ ဆုံးျဖတ္ခ်က္တစ္ခု ခ်ခဲ့ပါတယ္။ ဒါကေတာ့ ဒီမေကာင္ဆိုးဝါး စာအုပ္ႀကီးကို တစ္ညတည္း အၿပီးေရးဖို့ပါ။ တကယ္လည္းစာအုပ္ႀကီးကို တစ္ညတည္းေရးသားလို့ၿပီးခဲ့ပါတယ္ ။ ဒါေပမယ့္ မနက္လည္းေရာက္တဲ့အခါမွာေတာ့ ပိတ္ထားတဲ့ တိုက္ခန္းထဲမွာ သူ႔အေလာင္း နဲ႔ ဒီ စာအုပ္ႀကီးကို ေတြခဲ့ရတယ္လို့ မွတ္တမ္းေတြမွာေဖာ္ျပထားပါတယ္။

သူဟာ မေကာင္းဆိုးဝါးတစ္ေကာင္ အကူအညီနဲ႔ ေရးခဲ့တယ္ဆိုတာကို သူ႔ အေလာင္းနားမွာရွိတဲ့ အေထာက္အထားေတြ အရ သိရပါတယ္။ အေစာင့္ေတြ အထပ္ထပ္ခ်ထားၿပီး လူသူ မဝင္နိုင္တဲ့ တိုက္ခန္းထဲကို ျဖတ္ဝင္လာဖို့ဆိုတာ မေကာင္းဆိုးဝါး မဟုတ္ရင္ေတာင္ အစြမ္းရွိတဲ့ သတၱဝါ တစ္ေကာင္ေကာင္ ျဖစ္ပါလိမ့္မယ္လို့ အားလုံးက တစ္ညီတစ္ညြတ္တည္း ဆိုၾကပါတယ္။

ဒီစာအုပ္ႀကီးကို တစ္ညတည္းနဲ႔ ၿပီးဖို့ အတြက္ ဘုန္းေတာ္ႀကီးဟာ ေစတန္ နတ္ဆိုး ဆီမွာ သူ႔အသက္နဲ႔ အလဲအလွယ္ လုပ္ခဲ့တဲ့ပုံရ​တယ္လို့ လည္းဆိုၾကပါတယ္။ ဒါေပမယ့္ အဲ့ဒီလိုမ်ိဳး သို့ေလာသို့ေလာ ျဖစ္ေနၾကတဲ့ လူေတြရဲ့စိတ္ကို ရွင္းလင္းသြားေစမယ့္ အရာတစ္ခုကေတာ့ သာအုပ္ရဲ့ တစ္ေနရာမွာပါဝင္ေနပါတယ္။ဒါက တစ္ျခားေတာ့မဟုတ္ပါဘူး ဒီစာအုပ္ကို တစ္ညတည္ၿပီးေအာင္ ေရးသားခဲ့တဲ့ မေကာင္းဆိုးဝါးရဲ့ ႐ုပ္ပုံကို ေရးဆြဲေဖာ္ျပထားတာပဲျဖစ္ပါတယ္။

ဟုတ္ကဲ့ အခုေဖာ္ျပေပးခဲ့တဲ့ အေၾကာင္းအရာေလးနဲ႔ ပတ္သက္လို့ Youtube မွာကိုယ္တိုင္ ေလ့လာခ်င္ရင္ေတာ့ Codex Gigas ဒါမွမဟုတ္ The Satanic Bible ဆိုၿပီး ရွာေဖြၾကည့္ရွုလို့ ရေၾကာင္း အသိေပးရင္း အခုအေၾကာင္းအရာေလးကို အဆုံးသတ္လိုက္ပါရေစေနာ္။credit: original writer

unicode . . .

မကောင်းဆိုးဝါးတစ်ကောင် ရေးသား ခဲ့တဲ့ ထူးဆန်းသော စာအုပ်ကြီး

ပရိသတ်တွေထဲမှာ မကောင်းဆိုးဝါး နာနာဘာဝတွေ၊ ပရလောက သား တွေနေနဲ့ အပြင်လောကမှာ တကယ်ရှိတယ်ဆိုတာကို ယုံကြ ည်တဲ့ သူတွေရှိကြလားမသိဘူး ကမ္ဘာတစ်ဝှမ်းက လူအတော်များများက ဒီဖြစ်ရပ်ကို ဖြစ်ရပ်မှန်အနေနဲ့ လက်ခံထားကြတယ်ဆိုပေမယ့် ပရိသတ်တွေကိုတော့ မိမိ ဦးနှောက်နဲ့သာ စဉ်းစားချင့်ချိန်ပြီးမှ ယုံသင့်မယုံသင့် ကို ဆုံးဖြတ်စေချင်ပါတယ်။

မကောင်းဆိုးဝါးတစ်ကောင် ရေးသားထားတဲ့ စာအုပ်ဆိုတာ အ ပြင်မှာတကယ်ရှိပါတယ်။ လက်ရှိအချိန်ထိလည်း ဒီစာအုပ်ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က အမျိုးသားစားကြည့်တိုက်မှာ ပြသထားတယ်လို့သိရပါတယ်။ စာရွက်တစ်ရွက်ကို (၃၆) လက်မ ရှ ည်လျားတဲ့ ဒီစာအုပ်ကြီးရဲ့အလေးချိန်ဟာ ၇၅ ကီလို ၁၆၅ ပေါင် လေးတဲ့အတွက်ကြောင့် အားကောင်းမောင်းသန် ယောက်ျားကြီး နှစ်ယောက်လောက် ဝိုင်းမရတယ်လို့လည်း ဆိုကြပါတယ်။

စာအုပ်ထဲမှာတော့ မကောင်းဆိုးဝါးနိုင်တဲ့ ဂါထာတွေနဲ့ ရောဂါ ဘယ ဖြစ်စေတဲ့ မန္တာန်တွေ၊ အောက်လမ်း အစီအရင်တွေ ပါဝင်နေတယ်လို့သိရပါတယ်။ဒီစာအုပ်ရဲ့ ဇာတ်လမ်းကို အစပြုခဲ့တဲ့သူကတော့ ပြီးခဲ့တဲ့ ၁၃ရာစုနှစ်လောက်က ချက်သမ္မတနိုင်ငံ ပိုလာဇိုက်စ် Podlazice ဘုရားကျောင်းမှာ သီတင်းသုံးခဲ့တဲ့ ခရစ် ယာန်ဘုန်းတော်ကြီး တစ်ပါးပါပဲ ။ သူဟာ ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်မိခဲ့တဲ့ အတွက်အရှင်လတ်လတ် တိုက်ပိတ်သတ်ခံရတဲ့ သူလို့လည်း သိရပါတယ်။

အဲ့ဒီလိုတိုက်ပိတ်ခံနေရတဲ့အအချိန်မှာ သူဟာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ ဒါကတော့ ဒီမကောင်ဆိုးဝါး စာအုပ်ကြီးကို တစ်ညတည်း အပြီးရေးဖို့ပါ။ တကယ်လည်းစာအုပ်ကြီးကို တစ်ညတည်းရေးသားလို့ပြီးခဲ့ပါတယ် ။ ဒါပေမယ့် မနက်လည်းရောက်တဲ့အခါမှာတော့ ပိတ်ထားတဲ့ တိုက်ခန်းထဲမှာ သူ့အလောင်းနဲ့ ဒီစာအုပ်ကြီးကို တွေခဲ့ရတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သူဟာ မကောင်းဆိုးဝါးတစ်ကောင် အကူအညီနဲ့ ရေးခဲ့တယ်ဆိုတာကိုသူ့ အလောင်းနားမှာရှိတဲ့ အထောက်အထားတွေအရ သိရပါတယ်။ အစောင့်တွေ အထပ်ထပ်ချထားပြီး လူသူ မဝင်နိုင်တဲ့ တိုက်ခန်းထဲကို ဖြတ်ဝင်လာဖို့ဆိုတာ မကောင်းဆိုးဝါး မဟုတ်ရင် တောင် အစွမ်းရှိတဲ့ သတ္တဝါ တစ်ကောင်ကောင် ဖြစ်ပါလိမ့်မယ်လို့ အားလုံးက တစ်ညီတစ်ညွတ်တည်း ဆိုကြပါတယ်။

ဒီစာအုပ်ကြီးကို တစ်ညတည်းနဲ့ ပြီးဖို့ အတွက် ဘုန်းတော်ကြီးဟာ စေတန် နတ်ဆိုး ဆီမှာ သူ့အသက်နဲ့ အလဲအလှယ် လုပ်ခဲ့တဲ့ပုံရတယ်လို့ လည်းဆိုကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး သို့လောသို့ လော ဖြစ်နေကြတဲ့ လူတွေရဲ့စိတ်ကို ရှင်းလင်းသွားစေမယ့် အရာတစ်ခုကတော့ သာအုပ်ရဲ့ တစ်နေရာမှာ ပါဝင်နေပါတယ်။ဒါက တစ်ခြားတော့ မဟုတ်ပါဘူး ဒီစာအုပ်ကို တစ်ညတည်ပြီးအောင် ရေးသားခဲ့တဲ့ မကောင်းဆိုးဝါးရဲ့ ရုပ်ပုံကို ရေးဆွဲဖော်ပြထားတာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးနဲ့ ပတ်သက်လို့ Youtube မှာကိုယ်တိုင် လေ့လာချင်ရင်တော့ Codex Gigas ဒါမှမဟုတ် The Satanic Bible ဆိုပြီး ရှာဖွေကြည့်ရှုလို့ ရကြောင်း အသိပေးရင်း အခုအကြောင်းအရာလေးကို အဆုံးသတ်လိုက်ပါရစေနော်။credit: original writer