unicode . . .
ကိုဗစ်ကြောင့် ဥရောပမှာအကြီးဆုံး ပြည့်တန်ဆာလုပ်ငန်း ဒေဝါလီခံရ
Pascha သည် ဥရောပတွင် အကြီးဆုံး တရားဝင်ပြည့်တန်ဆာလုပ်ငန်းများထဲ၌ ပါဝင်ပြီး ဂျာမနီနိုင်ငံ ကိုလုံမြို့တွင် တည်ရှိသည် Pascha ပြည့်တန်ဆာလုပ်ငန်းကို အထပ် ၁၀ ထပ်ရှိသည့် အ ဆောက်အဦးတွင် ဖွင့်လှစ်ထားပြီးကိုလုံမြို့တွင် အထင်ကရနေရာများထဲ၌ ပါဝင်သည်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန် ကတည်းက လုပ်ငန်းများ ပိတ်ထားရသဖြင့် ဆက်လက် ရပ်တည်ရန် မဖြစ်နိုင်တော့သောကြောင့် ဒေဝါလီခံခြင်းဖြစ်ကြောင်း Pascha အုပ်ချုပ်ရေး ဒါရိုက်တာ အာမင်က ပြောသည်။
Pascha တွင် ပြည့်တန်ဆာ ၁၂၀ ဝန်းကျင် အလုပ်လုပ်ကိုင်နေပြီး၊ စားဖိုမှူး၊ ဆံပင်ညှပ်ဆရာ စသဖြင့်အခြားသော ဝန်ထမ်း ၆၀ ခန့်လည်း ရှိပါတယ်။ ပြန်လည်ဖွင့်လှစ်နိုင်မည့် ကာလတစ်ခုခုကို အာဏာပိုင်များဘက်က အာမခံပေးနိုင်ပါက ဘဏ်မှ ချေးငွေရယူနိုင်မည်ဖြစ်ပြီး ဒေဝါလီခံရခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်သော် လ ည်း အာမခံချက် မရသဖြင့် ဒေဝါလီခံခဲ့ရကြောင်း အာမင်က ပြောပါသည်။
ကိုဗစ်ကြောင့် တရားဝင် ပြည့်တန်ဆာ လုပ်ငန်းများ ပိတ်လိုက်ရ သဖြင့် ပြည့်တန်ဆာများသည် အသက်မွေးရန်အတွက် တရားမဝ င် လမ်းကြောင်းများဖြင့် လုပ်ကိုင်လာပါကပို၍ အန္တရာယ်များနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။သတင်း – ဘီဘီစီ
Tags: