တစ္နာရီကို (၂၅) မိုင္ႏွုန္းနဲ႔ အသာေလး ေျပးနိုင္မယ့္ ကမၻာ့အျမန္ဆုံး ဖိနပ္အေၾကာင္း

တစ္နာရီကို (၂၅) မိုင္ႏွုန္းနဲ႔ အသာေလး ေျပးနိုင္မယ့္ ကမၻာ့အျမန္ဆုံး ဖိနပ္အေၾကာင္း

ပရိသတ္ႀကီးကို အခုတစ္ေခါက္မွာေတာ့ အထူးအဆန္း တစ္ခုအေနနဲ႔ ေျပာျပေပးခ်င္တာကေတာ့ ကမၻာ့အျမန္ဆုံး ဖိနပ္အေၾကာင္းပဲ ျဖစ္ပါတယ္။ သာမန္စီးေနက် ဖိနပ္ေတြထက္ ဘယ္လိုထူးျခားတာေတြ ထည့္ထားလို့ အခုလိုမ်ိဳး ျမန္ေနရလဲဆိုတာကေတာ့ ေအာက္မွာ ေဖာ္ျပထားေပးလိုက္ ပါတယ္ေနာ္။

စက္႐ုပ္ ဖိနပ္ ( Bionic Boots ) လို့ အမည္ေပးထားတဲ့ ဒီဖိနပ္ဟာဆိုရင္ လက္ရွိမွာေတာ့ ကမၻာေပၚမွာ အျမန္ဆုံးဖိနပ္ အျဖစ္စာရင္းဝင္ထားပါတယ္။ ဖန္တီးထားတဲ့သူကေတာ့ အေမရိကန္နိုင္ငံ ဆန္ဖရန္စၥကို ၿမိဳ့မွာေနထိုင္တဲ့ Keahi Seymour ဆိုသူ အမ်ိဳးသား တစ္ဦးပဲ ျဖစ္ပါတယ္ ။Keahi Seymour ဟာ ဒီဖိနပ္ကို ဖန္တီးတဲ့ အခါမွာ ကားတစ္စီးလိုမ်ိဳး ျမန္ဆန္တဲ့ အရွိန္ကို ရရွ္ိေစဖို့ အတြက္ ေရွ႕ေျပး အေသးစား ပုံစံတစ္ခုကို ဖန္တီးခဲ့ပါတယ္။

ခုလိုမ်ိဳး ဖန္တီးရတာ လြယ္ကူတဲ့ အလုပ္တစ္ခု မဟုတ္ပဲ ဖိနပ္ရဲ့ ကိုယ္ထည္ကို မာေက်ာၿပီး စီးရလြယ္ေစဖို့ အတြက္ အလွုမီနီယမ္နဲ႔ ကာဘြန္ဖိုက္ဘာေတြကို ေမၽွာ့ႀကိဳးေတြနဲ႔ ေပါင္းစပ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ကမၻာ့အျမန္ဆုံး ဖိနပ္တစ္ရံကို ရဖို့အတြက္ Keahi Seymour ဟာ အခ်ိန္အေတာ္ၾကာ ေသခ်ာေလ့လာခဲ့ရတာပါ။

ဒီလိုေလ့လာတဲ့ အခါမွာလည္း အေျပးအျမန္ဆုံး သတၱဝါေတြရဲ့ လွုပ္ရွားပုံေတြကိုပါ ေလ့လာခဲ့ရၿပီး အခု သူတီထြင္ထားတဲ့ ဒီဖိနပ္မွာ ကမၻာႀကီးေပၚက ဘယ္သတၱဝါနဲ႔မဆို ယဥ္ၿပီးေျပးနိုင္တယ္လို့ ေျပာထားပါတယ္။ ဒါ့အျပင္ ဒီဖိနပ္ကို စီးၿပီး မတ္တပ္ရပ္လိုက္တဲ့ အခါ Keahi Seymour ရဲ့ အရပ္ဟာ ( ၇ ) ေလာက္ျမင့္သြားၿပီး ေျပးၾကည့္မယ္ဆိုရင္ တစ္နာရီကို ( ၂၅ ) မိုင္ႏွုန္းအထိ ေျပးနိုင္ပါတယ္။

သူတီထြင္ထားတဲ့ စက္႐ုပ္ ဖိနပ္ဟာ ေရွ႕ေျပး နမူနာ ဒီဇိုင္း တစ္ခုသာ ျဖစ္ၿပီး နယူးေယာခ့္ၿမိဳ့မွာ က်င္းပခဲ့တဲ့ တီထြင္မွုျပပြဲတစ္ခုမွာလည္း ျပသခဲ့ပါတယ္။ ဒီဖိနပ္ကို တီထြင္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ လာမယ့္အနာဂတ္ကာလမွာ လူသားေတြရဲ့ သယ္ယူပို့ေဆာင္ေရး ကဏၰကို ပိုမို ျမန္ဆန္ေစခ်င္တာေၾကာင့္လို့ Keahi Seymour က ေျပာထားပါတယ္။ သူေျပာခဲ့သလိုမ်ိဳး ဒီဖိနပ္စာ တစ္ကယ္ပဲ အက်ိဳးရွိေစမလားဆိုတာကေတာ့ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းလွပါတယ္။

အခုေဖာ္ျပေပးထားတာ ကေတာ့ ကမၻာ့အျမန္ဆုံး ဖိနပ္ အေၾကာင္းကို ပရိသတ္ႀကီး ဗဟုသုတ ရေစဖို့အတြက္ ရွာေဖြ ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။credit – original writer

unicode . . .

တစ်နာရီကို (၂၅) မိုင်နှုန်းနဲ့ အသာလေး ပြေးနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး ဖိနပ်အကြောင်း

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ အထူးအဆန်း တစ်ခုအ နေနဲ့ ပြောပြပေးချင်တာကတော့ ကမ္ဘာ့အမြန်ဆုံး ဖိနပ်အကြော င္ပဲ ဖြစ်ပါတယ်။ သာမန်စီးနေကျ ဖိနပ်တွေထက် ဘယ်လိုထူးခြားတာတွေ ထည့်ထားလို့ အခုလိုမျိုး မြန်နေရလဲဆိုတာကတော့ အောက်မှာ ဖော်ပြထားပေးလိုက် ပါတယ်နော်။

စက်ရုပ် ဖိနပ် ( Bionic Boots ) လို့ အမည်ပေးထားတဲ့ ဒီဖိနပ်ဟာဆိုရင် လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အမြန်ဆုံးဖိနပ် အဖြစ်စာရင်းဝင်ထားပါတယ်။ ဖန်တီးထားတဲ့သူကတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို မြို့မှာနေထိုင်တဲ့ Keahi Seymour ဆိုသူ အမျိုးသား တစ်ဦးပဲ ဖြစ်ပါတယ် ။Keahi Seymour ဟာ ဒီဖိနပ်ကို ဖန်တီးတဲ့ အခါမှာ ကားတစ်စီးလိုမျိုး မြန်ဆန်တဲ့ အရှိန်ကို ရရှိစေဖို့ အတွက် ရှေ့ပြေး အသေးစား ပုံစံတစ်ခုကို ဖန်တီးခဲ့ပါတယ်။

ခုလိုမျိုး ဖန်တီးရတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပဲ ဖိနပ်ရဲ့ ကိုယ်ထည်ကို မာကျောပြီး စီးရလွယ်စေဖို့ အတွက် အလှုမီနီယမ်နဲ့ ကာဘွန်ဖိုက်ဘာတွေကို မျှော့ကြိုးတွေနဲ့ ပေါင်းစပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ကမ္ဘာ့အမြန်ဆုံး ဖိနပ်တစ်ရံကို ရဖို့အတွက် Keahi Seymour ဟာ အချိန်အတော်ကြာ သေချာလေ့လာခဲ့ရတာပါ။

ဒီလိုလေ့လာတဲ့ အခါမှာလည်း အပြေးအမြန်ဆုံး သတ္တဝါတွေရဲ့ လှုပ်ရှားပုံတွေကိုပါ လေ့လာခဲ့ရပြီး အခု သူတီထွင်ထားတဲ့ ဒီဖိနပ်မှာ ကမ္ဘာကြီးပေါ်က ဘယ်သတ္တဝါနဲ့မဆို ယဉ်ပြီးပြေးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဒီဖိနပ်ကို စီးပြီး မတ်တပ်ရပ်လိုက်တဲ့ အခါ Keahi Seymour ရဲ့ အရပ်ဟာ ( ၇ ) လောက်မြင့်သွားပြီး ပြေးကြည့်မယ်ဆိုရင် တစ်နာရီကို ( ၂၅ ) မိုင်နှုန်းအထိ ပြေးနိုင်ပါတယ်။

သူတီထွင်ထားတဲ့ စက်ရုပ် ဖိနပ်ဟာ ရှေ့ပြေး နမူနာ ဒီဇိုင်း တစ်ခုသာ ဖြစ်ပြီး နယူးယောခ့်မြို့မှာ ကျင်းပခဲ့တဲ့ တီထွင်မှုပြပွဲတစ်ခုမှာလည်း ပြသခဲ့ပါတယ်။ ဒီဖိနပ်ကို တီထွင်ရတဲ့ ရည်ရွယ်ချက်က တော့ လာမယ့်အနာဂတ်ကာလမှာ လူသားတွေရဲ့ သယ်ယူပို့ဆော င်ရေး ကဏ္ဏကို ပိုမို မြန်ဆန် စေချင်တာကြောင့်လို့ Keahi Seymour က ပြောထားပါတယ်။ သူပြောခဲ့သလိုမျိုး ဒီဖိနပ်စာ တစ်ကယ်ပဲ အကျိုးရှိစေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းလှပါတယ်။

အခုဖော်ပြပေးထားတာ ကတော့ ကမ္ဘာ့အမြန်ဆုံး ဖိနပ် အကြေ င်းကို ပရိသတ်ကြီး ဗဟုသုတ ရစေဖို့အတွက် ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။credit – original writer