ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး စျဖန႔္ဖို့အေမရိကန္ျပင္ဆင္

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး စျဖန႔္ဖို့အေမရိကန္ျပင္ဆင္

ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကာကြယ္ေဆးေတြကို အေမရိကန္နိုင္ငံတြင္းမွာ စတင္ျဖန႔္ေဝနိုင္ဖို့ ျပင္ဆင္ေနပါၿပီ။ေနာက္အက်ဆုံးအေနနဲ႔ လာမယ့္ နိုဝင္ဘာလ ၁ ရက္ေန႔မွာေလာက္မွာ ဒီေဆးျဖန႔္ေဝနိုင္ေရး အသင့္ျပင္ထားၾကဖို့ တစ္နိုင္ငံလုံးမွာရွိတဲ့ က်န္းမာေရးဌာနေတြကို အေမရိကန္ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္တားဆီေရးဌာန CDC က အသိေပးစာေတြ ျဖန႔္ေဝထားေၾကာင္း ဌာေနသတင္းဌာနေတြကေဖာ္ျပပါတယ္။

ဒီေဆးကို က်န္းမာေရးလုပ္သားေတြ၊ မရွိမျဖစ္လိုတဲ့လုပ္သားေတြ၊ လုံျခဳံေရးအဖြဲ႕ဝင္ေတြနဲ႔ နာတာရွည္ လူနာေစာင့္ေရွာက္ေပးေရးစင္တာေတြနဲ႔ ဝန္ထမ္းေတြကို ဦးစားေပးထိုးေပးဖို့လည္း CDC ကအႀကံျပဳထားပါတယ္။CDC ရဲ့ေပးပို့တဲ့စာထဲမွာ ဒီေဆးကိုျဖန႔္နိုင္ဖို့သာ အသင့္ျပင္ဖို့ေျပာထားတာျဖစ္ၿပီး နိုဝင္ဘာလ ၁ ရက္ေန႔မွာ ဒီေဆးထုတ္နိုင္မယ္လို့ တိတိက်က်ေျပာမထားပါဘူး။

လာမယ့္ နိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပဖို့ရွိတဲ့ အေမရိကန္ရဲ့ေရြးေကာက္ပြဲအမွီ ဒီေဆးျဖန႔္ဖို့ အလ်င္စလိုလုပ္ေနတာလို့ ပညာရွင္တခ်ိဳ့ကေဝဖန္ေနၾကသလို တခ်ိဳ့ပညာရွင္ေတြက လက္ေတြ႕စမ္းသပ္မွု (clinical trail) မၿပီးခင္ ဒီေဆးျဖန႔္နိုင္မွ လူ႔အသက္ေတြကို ကယ္တင္နိုင္မယ္လို့ ယုံၾကည္ေနၾကတာပါ။ဒီကေန႔အထိ အေမရိကန္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့သူ တစ္သိန္းကိုးေသာင္းနီးပါးနဲ႔ေရာဂါကူးစက္ခံထားရသူ ၆ သန္း ၂ သိန္းေက်ာ္ရွိပါတယ္။

တစ္ကမၻာလုံးမွာေတာ့ လက္ရွိအခ်ိန္ထိ တစ္ကမၻာလုံးမွာ ေသဆုံးတဲ့သူ ၈ သိမ္းခြဲေက်ာ္နဲ႔ ကူးစက္ခံရတဲ့သူ ၂၆ သန္းေက်ာ္ေနပါၿပီ။Source: RFA

unicode . . .

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဖြန့်ဖို့အမေရိကန်ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးတွေကို အမေရိကန်နိုင်ငံတွင်းမှာ စတင်ဖြန့်ဝေနိုင်ဖို့ ပြင်ဆင်နေပါပြီ။နောက်အကျဆုံးအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာလောက်မှာ ဒီဆေးဖြန့်ဝေနိုင်ရေး အသင့်ပြင်ထားကြဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီရေးဌာန CDC က အသိပေးစာတွေ ဖြန့်ဝေထားကြောင်း ဌာနေသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒီဆေးကို ကျန်းမာရေးလုပ်သားတွေ၊ မရှိမဖြစ်လိုတဲ့လုပ်သားတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ နာတာရှည် လူနာစောင့်ရှောက်ပေးရေးစင်တာတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးဖို့လည်း CDC ကအ ကြံပြုထားပါတယ်။CDC ရဲ့ပေးပို့တဲ့စာထဲမှာ ဒီဆေးကိုဖြန့်နိုင်ဖို့သာ အသင့်ပြင်ဖို့ပြောထားတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ဒီဆေးထုတ်နိုင်မယ်လို့ တိတိကျကျပြောမထားပါဘူး။

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်ရဲ့ရွေးကောက်ပွဲအမှီ ဒီဆေးဖြန့်ဖို့ အလျင်စလိုလုပ်နေတာလို့ ပညာရှ င်တချို့ကဝေဖန်နေကြသလို တချို့ပညာရှင်တွေက လက်တွေ့စမ် သပ်မှု (clinical trail) မပြီးခင် ဒီဆေးဖြန့်နိုင်မှ လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြတာပါ။ ဒီကနေ့အထိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ တစ်သိန်းကို သောင်းနီးပါးနဲ့ရောဂါကူးစက်ခံထားရသူ ၆ သန်း ၂ သိန်းကျော်ရှိပါတယ်။

တစ်ကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာ သေဆုံးတဲ့သူ ၈ သိမ်းခွဲကျော်နဲ့ ကူးစက်ခံရတဲ့သူ ၂၆ သန်းကျော်နေပါပြီ။Source: RFA

Tags: