မိဘႏွစ္ပါးကို ပိုၿပီးေတာ့ စိတ္ပူေနရေၾကာင္း ရင္ဖြင့္လာခဲ့တဲ့ သရုပ္ေဆာင္ ပိုင္တံခြန္

မိဘႏွစ္ပါးကို ကိုယ္ကိုတိုင္ထက္ ပိုၿပီးေတာ့ စိတ္ပူရေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ပိုင္တံခြန္

ပိုင္တံခြန္ဟာ မိဘအေပၚ အင္မတန္ သိတတ္လိမၼာတဲ့ သားတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ သူကိုယ္တိုင္လည္း ကုသိုလ္ေကာင္းမႈေလးေတြ လုပ္ျဖစ္သလို မိဘေတြကိုလည္း ကုသိုလ္ေကာင္းမႈေလးေတြ လုပ္ဖို႔ တိုက္တြန္းေလ့ရွိတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြကေန တဆင့္ ေျဖဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ကြၽန္ေတာ္ကေလ ကိုယ့္အတြက္ ဆိုတာထက္ မိဘေတြ အတြက္ကို ပိုစိတ္ပူတယ္။ ငါ့ မိဘေတြ တစ္ခုခု ျဖစ္ခဲ့လို႔ ရွိရင္သူတို႔ရဲ႕ ဘဝမွာ ေကာင္းမႈ၊ မေကာင္းမႈေတြက မိဘေတြရဲ႕ အေနာက္ကိုပါမွာေလ။ ေသျခင္းတရားဆိုတာ တစ္ေန႔ လူတိုင္း ႀကဳံေတြ႕ရမွာပါပဲ။ ဒီေတာ့ ငါ့မိဘေတြ ေကာင္းမႈ ကုသိုလ္ေတြ လုပ္ခ်င္စိတ္ျဖစ္ေအာင္ ဘယ္လို ႏႈိးဆြရမလဲ ဆိုတဲ့ ခံစားခ်က္ရွိတယ္။

အရင္တုန္းကေတာ့ ငါ့မိဘကို ပိုက္ဆံ ဘယ္ေလာက္ေပးလိုက္ရမွ ဆိုတာေတြရွိခဲ့ဖူးတယ္။ ဒါေတြက ေသရင္ ထားခဲ့ရမွာပဲေလ။ ေနာက္ဘဝကို ပါမွာက ကုသိုလ္ေကာင္းမႈပဲေလလို့ သူက ဆိုပါတယ္။ ပိုင္တံခြန္ဟာ ဖခင္ျဖစ္သူရဲ႕ စီးပြားေရး အတြက္ ကားတစ္စီးဝယ္ေပးခဲ့သလို မိဘႏွစ္ပါး ေနထိုင္ဖို႔အတြက္ တိုက္အိမ္ ေကာင္းေကာင္း တစ္လုံး ဝယ္ေပးခဲ့တာ ျဖစ္ပါတယ္။

သူ႔ အေနနဲ႔ အခုလို ဝယ္ေပးတာေတြထက္ မိဘကို စိတ္ခ်မ္းသာေအာင္ ထားႏိုင္ဖို႔က ပိုအေရးႀကီးတယ္လို႔ သူက ဆိုပါတယ္။ ေလာကမွာ မိဘကို လုပ္ေပးတယ္ဆိုတာ ပစၥည္းရဲ႕ တန္ေၾကးမဟုတ္ဘူး။ ေငြေၾကးေတြရဲ႕ တန္ေၾကးလည္း မဟုတ္ဘူး။ဘာပဲေျပာေျပာ ကိုယ့္မိဘေတြက ဘာလိုအပ္တယ္ဆိုတာ ကိုယ္အသိဆုံးကိုး။

ကြၽန္ေတာ္က ႏိုင္ငံျခားသြားတဲ့ အခ်ိန္ (၁) လေလာက္ၾကာရင္ျဖစ္ျဖစ္၊ ရန္ကုန္မွာ ရွိရင္လည္း မိသားစုအတူတူ စုံျဖစ္တဲ့ အခ်ိန္ဆိုတာ ရွားတယ္။ သို႔ေသာ္လည္း အေဖ နဲ႔ အေမ့ကို အၿမဲတမ္း စိတ္ခ်မ္းသာေအာင္ ထားတယ္လို့ ဆက္လက္ ေျပာျပလာပါတယ္။ ပိုင္တံခြန္ဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ သူဟာ ႏိုင္ငံတကာမွာရွိတဲ့ အႏုပညာရွင္ေတြနဲ႔လည္း လက္တြဲအလုပ္လုပ္ေနရသူ တစ္ေယာက္ျဖစ္ပါတယ္။ သူက ေမာ္ဒယ္လ္အလုပ္သာမက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ကားႀကီးေတြလည္း ႐ိုက္ကူးေနရၿပီပဲ ျဖစ္ပါတယ္။

ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ “ခ်စ္သူ” ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ က ထြက္ရွိခဲ့ပါေသးတယ္။Source : Cele YatKwat

unicode . . .

မိဘနှစ်ပါးကို ကိုယ်ကိုတိုင်ထက် ပိုပြီးတော့ စိတ်ပူရကြောင်း ရင် ဖွင့်ခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ဟာ မိဘအပေါ် အင်မတန် သိတတ်လိမ္မာတဲ့ သားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူကိုယ်တိုင်လည်း ကုသိုလ်က င်းမှုလေးတွေ လုပ်ဖြစ်သလို မိဘတွေကိုလည်း ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖို့ တိုက်တွန်းလေ့ ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေ တဆင့် ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်ကလေ ကိုယ့်အတွက် ဆိုတာထက် မိဘတွေ အတွက်ကို ပိုစိတ်ပူတယ်။ ငါ့ မိဘတွေ တစ်ခုခု ဖြစ်ခဲ့လို့ ရှိရင်သူတို့ရဲ့ ဘဝမှာ ကောင်းမှု၊ မကောင်းမှုတွေက မိဘတွေရဲ့ အနောက်ကိုပါမှာလေ။ သေခြင်းတရားဆိုတာ တစ်နေ့ လူတိုင်း ကြုံတွေ့ရမှာပါပဲ။ ဒီတော့ ငါ့မိဘတွေ ကောင်းမှု ကုသိုလ်တွေ လုပ်ချင်စိတ်ဖြစ်အောင် ဘယ် လို နှိုးဆွရမလဲ ဆိုတဲ့ ခံစားချက်ရှိတယ်။

အရင်တုန်းကတော့ ငါ့မိဘကို ပိုက်ဆံ ဘယ်လောက်ပေးလိုက်ရမှ ဆိုတာတွေရှိခဲ့ဖူးတယ်။ ဒါတွေက သေရင် ထားခဲ့ရမှာပဲလေ။ နော က်ဘဝကို ပါမှာက ကုသိုလ်ကောင်းမှုပဲလေလို့ သူက ဆိုပါတယ်။ ပိုင်တံခွန်ဟာ ဖခင်ဖြစ်သူရဲ့ စီးပွားရေး အတွက် ကားတစ်စီးဝယ်ပေးခဲ့သလို မိဘနှစ်ပါး နေထိုင်ဖို့အတွက် တိုက်အိမ် ကောင်းကော င်း တစ်လုံး ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ အနေနဲ့ အခုလို ဝယ်ပေးတာ တွေထက် မိဘကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့က ပိုအရေးကြီးတယ်လို့ သူက ဆိုပါတယ်။လော ကမှာ မိဘကို လုပ်ပေးတယ်ဆိုတာ ပစ္စည်းရဲ့ တန်ကြေးမဟုတ်ဘူ ငွေကြေးတွေရဲ့ တန်ကြေးလည်း မဟုတ်ဘူး။ ဘာပဲပြောပြော ကို ယ့်မိဘတွေက ဘာလိုအပ်တယ်ဆိုတာ ကိုယ်အသိဆုံးကိုး။

ကျွန်တော်က နိုင်ငံခြားသွားတဲ့ အချိန် (၁) လလောက်ကြာရင်ဖြ စ်ဖြစ်၊ ရန်ကုန်မှာ ရှိရင်လည်း မိသားစုအတူတူ စုံဖြစ်တဲ့ အချိန်ဆိုတာ ရှားတယ်။ သို့သော်လည်း အဖေ နဲ့ အမေ့ကို အမြဲတမ်း စိတ်ချမ်းသာအောင် ထားတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လ ည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ် ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။Source : Cele YatKwat