ရန္ကုန္မွေနျပည္ေတာ္သို့ ေျပးဆြဲေနသည့္ အေဝးေျပးယာဥ္လိုင္းမ်ား ရပ္နားထား

ရန္ကုန္မွေနျပည္ေတာ္သို့ေျပးဆြဲေနသည့္ အေဝးေျပးယာဥ္လိုင္းမ်ားရပ္နား

လတ္တေလာ ကိုဗစ္-၁၉ ေရာဂါအေျခအေနေတြေၾကာင့္ ရန္ကုန္ၿမိဳ့ ကေန ေနျပည္ေတာ္ကို ေျပးဆြဲေနတဲ့အေဝးေျပး ယာဥ္လိုင္းဂိတ္ေတြအေနနဲ႔ရပ္နားထားတယ္လို့ ေအာင္မဂၤလာ အေဝးေျပးနယ္ေျမအုပ္ခ်ဳပ္ေရးမွူး ဦးေအာင္ျမင့္ဝင္းက ေျပာဆိုခဲ့ပါတယ္။

ဒီလိုရပ္နားတဲ့အထဲမွာ ေနျပည္ေတာ္ဂိတ္ဆုံးတဲ့ယာဥ္လိုင္းေတြနဲ႔ နာမည္ႀကီးယာဥ္လိုင္းေတြလည္း ပါဝင္တယ္လို့ ဦးေအာင္ျမင့္ဝင္းက အခုလိုေျပာခဲ့ပါတယ္။

“ေနျပည္ေတာ္ကေန ရန္ကုန္လာတာေတာ့ လာေတာ့လာၾကတယ္။ ေတာ္ေတာ္နည္းသြားတယ္။ အသြားကေတာ့ဂိတ္ႀကီးေတြကပိတ္လိုက္ၿပီ။ ေရႊမႏၲလာ၊ ေဂ်ေဂ်၊ မႏၲလာမင္း၊ ေရႊစင္စၾကၤာနဲ႔ ေနျပည္ေတာ္ဂိတ္ဆုံးတဲ့ကားေတြက မထြက္ၾကေတာ့ဘူး”လို့ေအာင္မဂၤလာအေဝးေျပး နယ္ေျမအုပ္ခ်ဳပ္ေရးမွူး ဦးေအာင္ျမင့္ဝင္းက ေျပာဆိုပါတယ္။

ေနျပည္ေတာ္ကို အျမန္လမ္းကမသြားတဲ့ ယာဥ္လိုင္းေတြအေနနဲ႔ ေညာင္ေလးပင္၊ ပဲႏြယ္ကုန္း၊ ေက်ာက္တံခါး၊ ေတာင္ငူ၊ ေရတာရွည္၊ ဆြာနဲ႔အနီးဆုံးေရနီအထိပဲ ေျပးဆြဲတာေတြရွိတယ္လို့လည္း ဦးေအာင္ျမင့္ဝင္းကေျပာပါတယ္။

ျမန္မာနိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္မွု ျပန္လည္ျမင့္တက္လာၿပီးေနာက္အျခားတိုင္းနဲ႔ ျပည္နယ္ေတြကေန ေနျပည္ေတာ္ေကာင္စီနယ္ေျမကို ဝင္ေရာက္မယ့္သူတိုင္းကို စီစစ္ၿပီးမွ ဝင္ခြင့္ျပဳမယ္လို့ ေနျပည္ေတာ္ေကာင္စီက ၿပီးခဲ့တဲ့စက္တင္ဘာ(၁)ရက္ေန႔က ေၾကညာထားပါတယ္။အဲဒီ ေၾကညာခ်က္ ထုတ္ျပန္ၿပီးေနာက္ အခုလိုရန္ကုန္ၿမိဳ့ကေန ေနျပည္ ေတာ္ကိုေျပးဆြဲေနတဲ့ အေဝးေျပးယာဥ္လိုင္းဂိတ္ေတြပါ ရပ္နားလိုက္တာပဲ ျဖစ္ပါတယ္။ source:One News

unicode . . .

ရန်ကုန်မှနေပြည်တော်သို့ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများရပ်နား

လတ်တလော ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် ရန်ကုန်မြို့ ကနေ နေပြည်တော်ကို ပြေးဆွဲနေတဲ့အဝေးပြေး ယာဉ်လိုင်းဂိတ်တွေအနေနဲ့ရပ်နားထားတယ်လို့ အောင်မင်္ဂလာ အဝေးပြေးနယ်မြေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းက ပြောဆိုခဲ့ပါတယ်။

ဒီလိုရပ်နားတဲ့အထဲမှာ နေပြည်တော်ဂိတ်ဆုံးတဲ့ယာဉ်လိုင်းတွေနဲ့ နာမည်ကြီးယာဉ်လိုင်းတွေလည်း ပါဝင်တယ်လို့ ဦးအောင်မြင့်ဝင်းက အခုလိုပြောခဲ့ပါတယ်။

“နေပြည်တော်ကနေ ရန်ကုန်လာတာတော့ လာတော့လာကြတယ်။ တော်တော်နည်းသွားတယ်။ အသွားကတော့ ဂိတ်ကြီးတွေကပိတ်လိုက်ပြီ။ရွှေမန္တလာ၊ဂျေဂျေ၊မန္တလာမင်း၊ရွှေစင်စင်္ကြာနဲ့ နေျပပြည် တော်ဂိတ်ဆုံးတဲ့ကားတွေက မထွက်ကြတော့ဘူး”လို့အောင်မင်္ဂလာအဝေးပြေး နယ်မြေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းက ပြောဆိုပါတယ်။

နေပြည်တော်ကို အမြန်လမ်းကမသွားတဲ့ ယာဉ်လိုင်းတွေအနေနဲ့ ညောင်လေးပင်၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ တောင်ငူ၊ ရေတာ ရှည်၊ ဆွာနဲ့အနီးဆုံးရေနီအထိပဲ ပြေးဆွဲတာတွေရှိတယ်လို့လည်း ဦးအောင်မြင့်ဝင်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက်အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ နေပြည်တော်ကောင်စီနယ်မြေကို ဝင်ရောက်မယ့်သူတိုင်းကို စီစစ်ပြီးမှ ဝင်ခွင့်ပြုမယ်လို့ နေပြည်တော်ကောင်စီက ပြီးခဲ့တဲ့စက်တင်ဘာ(၁)ရက်နေ့က ကြေ ညာထားပါတယ်။အဲဒီ ကြေညာချက် ထုတ်ပြန်ပြီးနောက် အခုလိုရန်ကုန်မြို့ကနေ နေပြည် တော်ကိုပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းဂိတ်တွေပါ ရပ်နားလိုက်တာပဲ ဖြစ်ပါတယ်။ source:One News