








unicode . . .

ဥက္ကာခဲတွေရာနဲ့ချီကျလာတဲ့အထဲက ဈေးအကြီးဆုံးဥက္ကာခဲကို ပိုင်ဆိုင်ခဲ့တဲ့အမျိုးသား

ပြီးခဲ့တဲ့ သြဂုတ်လ (၁၉)ရက်နေ့က ဥက္ကာခဲမိုးလို့ တင်စားတဲ့ကျော က်ခဲမိုးတွေ ဘရာဇီးလ်နိုင်ငံက မြို့တမြို့အနားမှာ ရွာချခဲ့ပါတယ်။ ကျောက်အမှုန်အမွှားတွေနဲ့ ဥက္ကာခဲအပိုင်းအစတွေ ရာနဲ့ချီမြေပြင်ပေါ်ကို ကျခဲ့ပြီး၊ သတင်းရတဲ့လူတွေဟာ ဥက္ကာခဲရှာဖို့ ရောက်လာခဲ့ပါတယ်။

လူထောင်နဲ့ချီကို ရှာခဲ့ကြတဲ့အထဲက အမျိုးသားတဦးက အကြီးဆုံးဥက္ကာခဲကို ရှာတွေ့ခဲ့ပါတယ်။အပိုင်းအစတွေက တနေရာစီရောက်သွားချိန်မှာ ဘရာဇီးလ်အရှေ့မြောက်ပိုင်း၊ ဆန်တာဖီလိုမီနာဆိုတဲ့မြို့အနားမှာ ကျောက်ခဲတွေကို အများစုတွေ့ခဲ့ရပါတယ်။ ဥက္ကာခဲကျောက်တွေလို့ အတည်ပြုနိုင်ခဲ့ချိန်မှာတော့ ကျောက်ခဲတွေကိုပိုက်ဆံနဲ့ပေးဝယ်သူတွေရှိခဲ့ပါတယ်။

အမှုန်အမွှား ဥက္ကာခဲတွေကို (၁၀)ပေါင်ကအစပေးပြီးကို ဝယ်တာပါ။ ဝယ်ရတဲ့အကြောင်းလည်းရှိပါတယ်။သက်တမ်း (၄.၆)ဘီလျံအထိသက်တမ်းရှိတဲ့ ဥက္ကာကျောက်တစ်ခုကနေ လွှင့်စင်လာတဲ့အ ပိုင်းအစတွေ ဖြစ်တာကြောင့်ပါ။ အဆိုပါအချိန်ပမာဏဟာ နေအ ဖွဲ့အစည်းစဖြစ်ချိန်က အချိန်တွေအထိကို ပြန်ရောက်သွားမှာဖြစ်ပြီး၊ သိပ္ပံနဲ့သက်ဆိုင်တဲ့ကိစ္စတွေအတွက် အဖိုးမဖြတ်နိုင်တာကြော င့် ပဲဖြစ်ပါတယ်။

အဲဒီထဲကမှ အကြီးဆုံးလို့ဆိုရမယ့် ဥက္ကာခဲကိုတော့ အသက် (၂၀) အရွယ် ကော်စတာရိုဒီရီဂွက်ဇ်ဆိုသူ အမျိုးသားက ရှာတွေ့ခဲ့ပါတယ်။အမျိုးသားရဲ့ပြောပြချက်အရဆိုရင် ဥက္ကာခဲတွေကျလာတဲ့အတွက် မီးခိုးတွေအူနေတာကိုမြင်ခဲ့တာပါ။

မီးခိုးတွေ ထွက်နေတဲ့ နေရာအနားကို သွားခဲ့ချိန်မှာ မြေပြင်တနေ ရာအရောက် ပုံထဲမှာပါတဲ့ ကျောက်တုံးကို တွေ့ခဲ့ပါတယ်။ တန်ဖိုးမြင့်ဥက္ကာခဲတွေဖြစ်တဲ့အတွက်လက်ရှိမှာ တဂရမ်ကို (၅.၅)ပေါင်နှုန်းနဲ့ လိုက် ဝယ်နေပြီး ကျောက်ခဲ ကောက်ခဲ့တဲ့သူတွေ အတွက် ငွေတွင်းဖြစ်နေပါတယ်။

ကျောက်တုံး အကြီးဆုံးကို ပိုင်ထားတဲ့ ကော်စတာရိုဒီရီဂွက်ဇ်က တော့ လက်ရှိမှာပေါင် (၂) သောင်းအထိနဲ့ လာကမ်းလှမ်းသူ ရှိပေမဲ့ မရောင်းသေးဘူးလို့ ပြောပါတယ်။

မြန်မာငွေနဲ့ဆိုရင် သိန်း (၃၅၀)လောက်တန်ကြေးရှိတဲ့ ဥက္ကာခဲပါ။ ဈေးပိုပေးမယ့် ဝယ်သူကို စောင့်နေဆဲဖြစ်ပြီး၊ သူ့ရဲ့ကျောက်တုံးစာ ဒီထပ်မက တန်တယ်လို့ ယုံကြည်ကာ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ source : Awesome Myanmar