သူရဲ့မွေးလအစလေးမှာ ချစ်ရတဲ့ ပရိသတ်တွေထံကနေ လက်ဆောင် လေးတွေ ရရှိလို့ အတိုင်းမသိ ပျော်ရွှင်မိတယ်ဆိုတဲ့ သရုပ်ဆောင် ကျော်ထက်ဇော်

သူရဲ့မွေးလအစလေးမှာ ချစ်ရတဲ့ ပရိသတ်တွေထံကနေ လက်ဆောင် လေးတွေ ရရှိလို့ အတိုင်းမသိ ပျော်ရွှင်မိတယ်ဆိုတဲ့ ကျော်ထက်ဇော်







unicode . . .

သူရဲ့မွေးလအစလေးမှာ ချစ်ရတဲ့ ပရိသတ်တွေထံကနေ လက်ဆာ င် လေးတွေ ရရှိလို့ အတိုင်းမသိ ပျော်ရွှင်မိတယ်ဆိုတဲ့ ကျော်ထက်ဇော်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားတစ်လက်ဖြစ်တဲ့ ကျော်ထက်ဇော်ကိုတော့ ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။

ကျော်ထက်ဇော်ရဲ့ ဇာတ်လမ်းတွဲ တွေကတော့ အမုန်းမှသည်၊ အ ချစ်ဖွဲ့လေညှင်း အစရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။

လတ်တလောမှာလည်း ရှုတင်တွေ မနားတမ်းရိုက်ကူးနေရတာကိုလည်း တွေ့ရမှာပါပဲနော်။ သူရဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့ ကျော်ထက်ဇော်က မွေးနေ့ရောက်ဖို့ ရက်အနည်းငယ်တော့လိုသေးတာကို ချစ်တဲ့စိတ်နဲ့ အိမ်ကိုနေ့တိုင်း လက်ဆောင်တွေပို့ပေးကြလို့ ပြောမပြတက်အောင်ပျော်မိသလို ကျေးဇူးလည်းတင်ပါတယ်ဗျလို့ ဆိုပြီး သူရဲ့ မွေးလလေးမှာ ချစ်ရတဲ့ဇော်ဂျီလေးတွေထံမှ ရရှိထားတဲ့ လက်ဆောင်ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ထက်ဇော်က မွေးနေ့ရောက်ဖို့ အနည်းငယ်အလိုမှာ လက် ဆောင်တွေ အများကြီး ရရှိလို့ အတိုင်းမသိ ပျော်ရွှင်မိတဲ့အကြော င်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအား လုံးသာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု  တောင်းပေးလိုက်ပါတယ်နော်။Source:Kyaw Htet Zaw’s Facebook