သီရိလကၤာနိုင္ငံမွ ျမတ္ဘုရား ၏ ဆံေတာ္ရွင္ပါ ဖူးေျမာ္နိုင္ေအာင္တင္ျပေပးလိုက္ ပါသည္။

သီရိလကၤာနိုင္ငံမွ ျမတ္ဘုရား ၏ ဆံေတာ္ရွင္ပါ ဖူးေျမာ္နိုင္ေအာင္တင္ျပေပးလိုက္ ပါသည္။

ဖူးေျမာ္ၾကည္ညိဳ ကံထူးကံေကာင္းနိုင္ၾကပါေစ။အရြယ္ေသးေသာ္လည္း အေရးႂကြယ္သည့္ကၽြန္းနိုင္ငံ ဗုဒၶစာေပက်မ္းဂန္တို႔၌ လကၤာဒီပဟုထင္ရွားခဲ့သည့္ေဂါတမဘုရားရွင္ ပရိနိဗၺာန္စံလြန္ေတာ္မူၿပီး ေနာက္တြင္ ဗုဒၶဘာသာ ေနလိုလလို ထြန္းပခဲ့ေသာကၽြန္း၊ ယြန္းဆြမ္းအုပ္၏ ပုံသဏၭာန္ကဲ့သို႔ ေျမမ်က္ႏွာျပင္ရွိသည္။

ျပာလဲ့လဲ့ပင္လယ္ေရျပင္ျဖင့္ ဝိုင္းရံလ်က္ရွိ၍ စိမ္းစိုသာယာလွပေသာ ရႈခင္းတို႔ျဖင့္ တင့္တယ္ရႈေမာဖြယ္ရာျဖစ္ေသာ သီဟိုဠ္ကၽြန္းသည္ ျပည္ေထာင္စုျမန္မာနိုင္ငံ၏ အိမ္နီးခ်င္းလည္းျဖစ္သည္။

ဗုဒၶဝင္ မဟာဝင္ စသည့္ ျမန္မာ့စာေပ က်မ္းဂန္ႀကီးမ်ား၌ ထင္ရွားပါရွိေသာ လကၤာဒီပေခၚ သီဟိုဠ္ကၽြန္းအေၾကာင္းကို ျမန္မာလူမ်ိဳးမ်ားအလြန္ ၾကားဖူးနားဝ ရွိေနၾကေလသည္။ဗုဒၶဘာသာသည္ နိုင္ငံေတာ္ဘာသာျဖစ္သည္။

ေဂါတမဘုရား သက္ေတာ္ထင္ရွားရွိစဥ္အခါက လူေနကၽြန္း မဟုတ္ေသးေသာ္လည္း လကၤာဒီပကၽြန္းတြင္ ေနာင္အခါ ဗုဒၶအယူဝါဒသည္ ေကာင္းစြာခိုင္ က်ည္တည္တံ့လိမ့္မည္ဟု ဗ်ာဒိတ္ေတာ္ခ်မွတ္ကာဘုရားရွင္ကိုယ္ေတာ္တိုင္ သုံးႀကိမ္သုံးခါ ႂကြေရာက္ေတာ္မူခဲ့ဖူးသည္ဟူ၍ ဗုဒၶဝဘာသာတို႔သည္ ထိုကၽြန္းအေပၚေလးစားျမတ္နိုးမႈရွိၾကေလသည္။ခရက္ဒစ္

unicode . . .

သီရိလင်္ကာနိုင်ငံမှ မြတ်ဘုရား ၏ ဆံတော်ရှင်ပါ ဖူးမြော်နိုင်အောင်တင်ပြပေးလိုက် ပါသည်။

ဖူးမြော်ကြည်ညို ကံထူးကံကောင်းနိုင်ကြပါစေ။ အရွယ်သေးသော် လည်း အရေးကြွယ်သည့် ကျွန်းနိုင်ငံ ဗုဒ္ဓစာပေ ကျမ်းဂန်တို့၌ လ င်္ကာဒီပဟု ထင်ရှားခဲ့သည့်ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်တွင် ဗုဒ္ဓဘာသာ နေလိုလလို ထွန်းပခဲ့သောကျွန်း၊ ယွ န်းဆွမ်းအုပ်၏ ပုံသဏ္ဌာန်ကဲ့သို့ မြေမျက်နှာပြင်ရှိသည်။

ပြာလဲ့လဲ့ပင်လယ်ရေပြင်ဖြင့် ဝိုင်းရံလျက်ရှိ၍ စိမ်းစိုသာယာလှပသော ရှုခင်းတို့ဖြင့် တင့်တယ်ရှုမောဖွယ်ရာဖြစ်သော သီဟိုဠ်ကျွန်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။

ဗုဒ္ဓဝင် မဟာဝင် စသည့် မြန်မာ့စာပေ ကျမ်းဂန်ကြီးများ၌ ထင်ရှားပါရှိသော လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်းအကြောင်းကို မြန်မာလူမျိုးများအလွန် ကြားဖူးနားဝ ရှိနေကြလေသည်။ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်။

ဂေါတမဘုရား သက်တော်ထင်ရှားရှိစဉ်အခါက လူနေကျွန်း မ ဟုတ်သေးသော်လည်း လင်္ကာဒီပကျွန်းတွင် နောင်အခါ ဗုဒ္ဓအယူ ဝါဒသည် ကောင်းစွာခိုင် ကျည်တည်တံ့လိမ့်မည်ဟု ဗျာဒိတ်တော်ချမှတ်ကာ ဘုရားရှင် ကိုယ်တော်တိုင် သုံးကြိမ်သုံးခါ ကြွရောက်တော်မူခဲ့ဖူးသည်ဟူ၍ ဗုဒ္ဓဘာသာတို့သည် ထိုကျွန်းအပေါ်လေးစားမြတ်နိုးမှု ရှိကြလေသည်။ခရက်ဒစ်