unicode . . .
ပေါက်ကွဲမှုကြောင့် (၁၆၅)ပေလောက်နက်တဲ့ကျင်းပေါက်ကြီးတခု ဖြစ်ပေါ်
ပြင်းထန်လွန်းတဲ့ ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်လာတယ်လို့ ယူဆရတဲ့ ကျင်းပေါက် အကြီးကြီးတစ်ခုကို အာတိတ်စက်ဝိုင်းအတွင်း အမှတ်မထင်ရှာတွေ့ခဲ့ပါတယ်။ မြောအောက်ကို (၁၆၅)ပေအထိ နက်သွားစေတဲ့ပေါက်ကွဲအားကြောင့် မီသိန်းဓာတ်ငွေ့ ကြောင့်လို့ လတ်တလောမှာယူဆထားပါတယ်။
ရုပ်သံရိုက်ကူးရေး ဝန်ထမ်းတဦးက အမှတ်မထင်ရှာတွေ့ခဲ့တဲ့ အ ဆိုပါကျင်းနက်ကြီးဟာ ရုရှားပိုင်နက်အတွင်းမှာပါ။အာတိတ်စက် ဝိုင်းအတွင်း ကျရောက်နေတဲ့ ဒေသဖြစ်တဲ့ ရာမယ်ပင်နယ်ဆူလာကျွန်းဆွယ် အနားကနေ ရိုက်ကူးရေး ဝန်ထမ်းတဦးက အပေါ်ကဖြတ်ပျံချိန်မှာ ကျင်းပေါက်ကြီးကို မတော်တဆတွေ့ခဲ့ပါတယ်။
အေးခဲနေတဲ့ မြေသားတွေနဲ့ ရေခဲတွေ မီတာလောက်ဖုံးလွှမ်းနေတဲ့ ဒေသအပိုင်းကိုဝင်ရောက်ရတာဖြစ်တဲ့အတွက် အခုလိုကျင်းပေါက်ကြီးကို တွေ့မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ကျင်းကြီးက မြေအောက် (၁၆၅) ပေအထိနက်တဲ့အတွက် သဘာဝအလျှောက် ဖြစ်ပေါ်လာတဲ့ ကျင်းပေါက်အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
အခုလိုကျင်းပေါက်ကြီးကို (၁၇)ခုမြောက်အဖြစ် နောက်ဆုံး (၆) နှစ်အတွင်းတွေ့ခဲ့တာဖြစ်ပြီး၊ ဖြစ်လာတာဟာ ရာသီဥတု ပြောင်း လဲမှုကြောင့်လို့ ယေဘုယျ သတ်မှတ်ထားပါတယ်။ မီသိန်းဓာတ် ငွေ့ပေါက်ကွဲမှု အဖြစ်ပါ။ကောလာဟလ တွေမှာတော့ ဂြိုဟ်သားတွေ ဖန်တီးခဲ့တာ ဒါမှမဟုတ် ကရင်မလင်ကနေ ဒုံးကျည်တွေ စမ်းသပ်တာလို့ သတင်းထွက်နေပါတယ်။
မဖြစ်နိုင်တာက ကျင်းပေါက်တွေဟာ အေးခဲနေတာ နှစ်ထောင်နဲ့ချီနေပြီဖြစ်တာကြောင့်ပါ။ ဒါကြောင့် မြေကြီးထဲကနေ ပိတ်မိခံထားရသလိုဖြစ်နေတဲ့ မီးသိန်းတွေကန် ထွက်တာလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Vesti Yamal TV ကအဆိုပါ ကျင်းတွေကို သီးသန့်ရှာဖွေ တင်ဆက်နေတာပါ။၁၇ ခုအထိတွေ့ထားပေမဲ့ အခုတခေါက်တွေ့ခဲမှုဟာ မှတ်တမ်း တင်ဖူးသမျှထဲ အကြီးဆုံးဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ အခုလိုကျင်းပေါက်ကြီးတွေမှာ သိပ္ပံရှ ာဖွေတွေ့ရှိချက်တွေ အများကြီးလေ့လာလို့ ရနေတဲ့အတွက် ပိတ်ထားဖို့တော့ မရှိဘူးလို့ ဖြေဆိုထားပါတယ်။ ဒါပေမဲ့ အခုလိုပေါက် ကွဲမှုကြောင့် ငလျင်အကြီးကြီးတွေအထိ ဖြစ်စေမယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းဆိုထားပါတယ်။ credit
Tags: