သိန္း ၁၀၀ အိပ္မက္ေၾကာင့္ သိန္းေပါင္း18000 နဲ႔လြဲခဲ့ရတဲ့ ေရမေဆးေက်ာက္ရွာသမားေလး

သိန္း ၁၀၀ အိပ္မက္ေၾကာင့္ သိန္းေပါင္း ေသာင္းေက်ာ္လြဲခဲ့ရတဲ့ ေရမေဆးေက်ာက္ရွာသမား

နာမည္က ငတိုးတဲ့။ပခုကၠဴနယ္ထဲက ႐ြာသားေလးေပါ့။သူ ႐ြာကေန ဖားကန့္ကို ထြက္လာခဲ့တယ္ အိပ္မက္တစ္ခုဆုပ္ကိုင္ၿပီးေတာ့ေပါ့။သူအိပ္မက္က သိန္း ၁၀၀ ပိုင္ဆိုင္ရဖို႔ေပါ့။

ငတိုးလည္း ဖားကန့္ေရာက္ေတာ့ ေရမေဆးေက်ာက္ေတြ ရွာလာလိုက္တာ တစ္ရက္မွာေတာ့ ေက်ာက္တစ္လုံးရခဲ့ ပါတယ္။ေက်ာက္က ကီလို ၃၀ေလာက္ ရွိပါတယ္။အရင္က လပ္ကီးေက်ာက္ေလးေတြ အားေပးေနက်ျဖစ္တဲ့ ေရမေဆးေလာပန္းဆီ ေက်ာက္ကို သြားျပပါတယ္တဲ့။ေလာပန္းဟာ ၾကည့္လိုက္တာနဲ႕ ေက်ာက္ေကာင္းမွန္း သိပါတယ္တဲ့။

ငတိုးကို ဘယ္ေလာက္နဲ႕ေရာင္းမွာလည္း ေမးတဲ့အခါ ငတိုးကလည္း ေလာပန္းေတြဟာ ေတာင္းသေလာက္မေပးဘူး ဒါေၾကာင့္ေစ်းပိုေခၚရတယ္ဆိုတာကို ၾကားဖူးနားဝနဲ႕ သိန္း၂၀၀ လို႔ဆိုပါတယ္တဲ့။ေနာက္ဆုံးမွာေတာ့ သိန္း ၁၂၀ နဲ႕ ေစ်းျပတ္သြားပါတယ္။

ဒါေပမယ့္ ေလာပန္းဟာ ငတိုးကို ဒါကေက်ာက္ေကာင္းျဖစ္တဲ့အတြက္ ၄စုတစ္စုျပန္လိုက္ပါဆိုၿပီး ၁စုအတြက္ ၃၀ ႏႈတ္ၿပီး ၉၀ နဲ႕ေပးလိုက္သတဲ့။ငတိုးလည္း ပိုက္ဆံရတာနဲ႕ ႐ြာျပန္ေတာ့တာေပါ့။႐ြာေရာက္တဲ့အခါမွာေတာ့ ဟိုလူ႕ေပး ဒီလူ႕ေပးနဲ႕ ငတိုးလက္ထဲမွာ သိန္း ၈၀ေလာက္ပဲ က်န္ေတာ့တာေပါ့။

သူ႕အိပ္မက္ သူ႕ပန္းတိုင္က သိန္း ၁၀၀ ၈၀ပဲက်န္ေတာ့တာမို႔ စိတ္ထဲမွာ အျပည့္အဝမေပ်ာ္ရတာမို႔ ေလာပန္းကို ဖုန္းဆက္ၿပီး က်န္တဲ့ တစ္စုကို ေရာင္းဖို႔ေျပာတာေပါ့။ေလာပန္းက မထြက္ဖို႔ ေျပာေပမယ့္ တားမရတဲ့အဆုံးမွာ က်န္ေနတဲ့ တစ္စုဖိုး ၃၀ လႊဲေပးလိုက္ပါတယ္တဲ့။

ေလာပန္းလည္း မၾကာခင္မွာ အဲ့ေက်ာက္ကေန မျဖတ္မေတာက္ပဲ သိန္းေပါင္း(18000)တစ္ေသာင္းရွစ္ေထာင္ရသြားပါတယ္။ငတိုးဟာ စားရကံပဲ မႀကဳံေလသလား။သူေဌးကံ မပါလာသေလလား။သိန္း ၁၀၀ အိပ္မက္နဲ႕ပဲ ေရာင့္ရဲ တင္းတိမ္နိုင္မႈျဖစ္ေလသလား။Ref:Kyaw Thura(Myanmar Thura)

unicode . . .

သိန်း ၁၀၀ အိပ်မက်ကြောင့် သိန်းပေါင်း သောင်းကျော်လွဲခဲ့ရတဲ့ ရေမဆေးကျောက်ရှာသမား

နာမည်က ငတိုးတဲ့။ပခုက္ကူနယ်ထဲက ရွာသားလေးပေါ့။သူ ရွာကနေ ဖားကန့်ကို ထွက်လာခဲ့တယ် အိပ်မက်တစ်ခုဆုပ်ကိုင်ပြီးတော့ပေါ့။သူအိပ်မက်က သိန်း ၁၀၀ ပိုင်ဆိုင်ရဖို့ပေါ့။

ငတိုးလည်း ဖားကန့်ရောက်တော့ ရေမဆေးကျောက်တွေ ရှာလာလိုက်တာ တစ်ရက်မှာတော့ ကျောက်တစ်လုံးရခဲ့ ပါတယ်။ကျော က်က ကီလို ၃၀လောက် ရှိပါတယ်။အရင်က လပ်ကီးကျောက်လေးတွေ အားပေးနေကျဖြစ်တဲ့ ရေမဆေးလောပန်းဆီ ကျောက်ကို သွားပြပါတယ်တဲ့။လောပန်းဟာ ကြည့်လိုက်တာနဲ့ ကျောက်ကောင်းမှန်း သိပါတယ်တဲ့။

ငတိုးကို ဘယ်လောက်နဲ့ရောင်းမှာလည်း မေးတဲ့အခါ ငတိုးကလည်း လောပန်းတွေဟာ တောင်းသလောက်မပေးဘူး ဒါကြောင့်ဈေးပိုခေါ်ရတယ်ဆိုတာကို ကြားဖူးနားဝနဲ့ သိန်း၂၀၀ လို့ဆိုပါတယ်တဲ့။နောက်ဆုံးမှာတော့ သိန်း ၁၂၀ နဲ့ ဈေးပြတ်သွားပါတယ်။

ဒါပေမယ့် လောပန်းဟာ ငတိုးကို ဒါက ကျောက်ကောင်းဖြစ်တဲ့အတွက် ၄စုတစ်စု ပြန်လိုက်ပါဆိုပြီး ၁စုအတွက် ၃၀ နှုတ်ပြီး ၉၀ နဲ့ပေးလိုက်သတဲ့။ငတိုးလည်း ပိုက်ဆံရတာနဲ့ ရွာပြန်တော့တာပေါ့။ရွာရောက်တဲ့အခါမှာတော့ ဟိုလူ့ပေး ဒီလူ့ပေးနဲ့ ငတိုးလက်ထဲမှာ သိန်း ၈၀လောက်ပဲ ကျန်တော့တာပေါ့။

သူ့အိပ်မက် သူ့ပန်းတိုင်က သိန်း ၁၀၀ ၈၀ပဲကျန်တော့တာမို့ စိတ်ထဲမှာ အပြည့်အဝမပျော်ရတာမို့ လောပန်းကို ဖုန်းဆက်ပြီး ကျန်တဲ့ တစ်စုကို ရောင်းဖို့ပြောတာပေါ့။လောပန်းက မထွက်ဖို့ ပြောပေမယ့် တားမရတဲ့အဆုံးမှာ ကျန်နေတဲ့ တစ်စုဖိုး ၃၀ လွှဲပေးလိုက်ပါတယ်တဲ့။

လောပန်းလည်း မကြာခင်မှာ အဲ့ကျောက်ကနေ မဖြတ်မတောက်ပဲ သိန်းပေါင်း(18000)တစ်သောင်းရှစ်ထောင်ရသွားပါတယ်။ငတိုးဟာ စားရကံပဲ မကြုံလေသလား။သူဌေးကံ မပါလာသလေလား။သိန်း ၁၀၀ အိပ်မက်နဲ့ပဲ ရောင့်ရဲ တင်းတိမ်နိုင်မှုဖြစ်လေသလား။Ref:Kyaw Thura(Myanmar Thura)