ဦးဝင္းႏိုင္ရဲ႕ က်န္းမာေရးအတြက္ ေငြက်ပ္(၁၀)သိန္းေထာက္ပံ့လႉဒါန္းခဲ့တဲ့ မင္းသား ျမင့္ျမတ္

ဦးဝင္းႏိုင္ရဲ႕ က်န္းမာေရးအတြက္ ေငြက်ပ္(၁၀)သိန္းေထာက္ပံ့လႉဒါန္းခဲ့တဲ့ ျမင့္ျမတ္

သ႐ုပ္ေဆာင္ျမင့္ျမတ္ကေတာ့ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ က်န္းမာေရး မေကာင္းျဖစ္ေနတဲ့ လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ဧရာကိုလည္း က်န္းမာေရး ေထာက္ပံ့ေငြ သြားေရာက္ လႉဒါန္းခဲ့ေသးတယ္လို႔ သိရပါတယ္။COVID-19 ကာလမွာလည္း ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္းက စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရတဲ့ သူေတြအတြက္ ဆန္ ေတြေပးေဝလႉဒါန္းခဲ့ပါတယ္။

အဲဒီေနာက္ သ႐ုပ္ေဆာင္ ယုန္ေလးတို႔နဲ႔ အတူ ေဆး႐ုံႀကီးေတြမွာ လိုအပ္တဲ့ ေဆးပစၥည္းေတြ လႉဒါန္းႏိုင္ဖို႔ ေငြက်ပ္(၁၀) သိန္းလႉဒါန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ုံႀကီးမွာလည္း ေငြက်ပ္ (၁၆၂) သိန္း တန္ဖိုးရွိ ေဆးပစၥည္းေတြလဲ လႉဒါန္းခဲ့ပါေသးတယ္။

သ႐ုပ္ေဆာင္ ျမင့္ျမတ္ နဲ႔ ဇနီးျဖစ္သူ မခင္သူေအာင္ တို႔ဟာ က်န္းမာေရးမေကာင္းျဖစ္ေနရွာတဲ့ ဟာသလူ႐ႊင္ေတာ္ႀကီး ဦးဝင္းႏိုင္(အႏုပညာ) အတြက္ ေငြက်ပ္(၁၀) သိန္း ေထာက္ပံ့လႉဒါန္းခဲ့တယ္လို႔ ဦးဝင္းႏိုင္ရဲ႕ သမီးျဖစ္သူ မသဇင္ဆုေဝလြင္က ေျပာခဲ႔ပါတယ္။

ေဖေဖ့အတြက္ကူညီေထာက္ပံ့ေငြ 1000000 (၁၀)သိန္းက်ပ္လႉဒါန္းေပးပါေသာကိုျမင့္ျမတ္တို႔ဇနီးေမာင္ႏွံအားအထူးေက်းဇူးတင္ရွိပါတယ္ ဆိုၿပီးေတာ့ သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာထက္ကေန ေရးသားခဲ့တာ ေတြ႕ရပါတယ္။ျမင့္ျမတ္ ရဲ႕ အလႉအတြက္ ဦးဝင္းႏိုင္တို႔ မိသားစုကလည္း ေက်းဇူးတင္ခဲ့ၾကသလို ပရိသတ္ေတြကလည္း သာဓု (၃) ႀကိမ္ ေခၚဆိုခဲ့ၾကပါေသးတယ္။လူ႐ႊင္ေတာ္ႀကီး ဟာသသ႐ုပ္ေဆာင္ ဦးဝင္းႏိုင္ကေတာ့ အသက္ (၆၆) ႏွစ္အ႐ြယ္မွာ ပထမဆုံး ေလျဖတ္ခဲ့တာေၾကာင့္ ေဆးကုသမႈ ခံယူၿပီး ေနျပန္ေကာင္းခဲ့ပါေသးတယ္။

သူ႔ရဲ႕ အသက္ (၇၄) ႏွစ္အ႐ြယ္မွာ ဒုတိယအႀကိမ္ေျမာက္ ေလျပန္ျဖတ္ခဲ့တာေၾကာင့္ လက္ရွိအခ်ိန္ထိ ေဆးကုသမႈ ခံယူေနရတုန္းျဖစ္ပါတယ္။ က်န္းမာေရး မေကာင္းတာေၾကာင့္လည္း အႏုပညာအလုပ္ေတြလည္း အလွမ္းေဝးကြာ ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ credit

unicode . . .

ဦးဝင်းနိုင်ရဲ့ ကျန်းမာရေးအတွက် ငွေကျပ်(၁၀)သိန်းထောက်ပံ့လှူဒါန်းခဲ့တဲ့ မြင့်မြတ်

သရုပ်ဆောင် မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာကျ န်းမာရေး မကောင်းဖြစ်နေတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ဧရာ ကိုလည်း ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက် လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။COVID-19 ကာလမှာလည်း မြေ က်ဒဂုံမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ သူတွေအတွက် ဆန် တွေပေးဝေလှူဒါန်းခဲ့ပါတယ်။

အဲဒီနောက် သရုပ်ဆောင် ယုန်လေးတို့နဲ့ အတူ ဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ ငွေကျပ်(၁၀)သိန်း လှူဒါန် ခဲ့တာကိုလည်း တွေ့ရပါတယ် ။မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီ ဆေးရုံကြီးမှာလည်း ငွေကျပ် (၁၆၂) သိန်း တန်ဖိုးရှိ ဆေးပစ္စည်းတွေလဲ လှူဒါန်းခဲ့ပါသေးတယ်။

သရုပ်ဆောင် မြင့်မြတ် နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ဟာ ကျန်း မာရေးမကောင်း ဖြစ်နေရှာတဲ့ ဟာသ လူရွှင်တော်ကြီး ဦးဝင်းနိုင် (အနုပညာ) အတွက် ငွေကျပ်(၁၀) သိန်း ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဦးဝင်းနိုင်ရဲ့ သမီးဖြစ်သူ မသဇင်ဆုဝေလွင်က ပြောခဲ့ပါတယ်။

ဖေဖေ့အတွက်ကူညီထောက်ပံ့ငွေ 1000000 (၁၀)သိန်းကျပ်လှူဒါန်းပေးပါသော ကိုမြင့်မြတ်တို့ဇနီးမောင်နှံအား အထူးကျေးဇူး တင်ရှိပါတယ် ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်ကနေ ရေးသားခဲ့တာ တွေ့ရပါတယ်။ မြင့်မြတ်ရဲ့ အလှူအတွက် ဦးဝင်းနိုင်တို့ မိသားစုကလည်း ကျေးဇူးတင်ခဲ့ကြသလို ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် ဦးဝင်းနိုင်ကတော့ အသက် (၆၆) နှစ်အရွယ်မှာ ပထမဆုံး လေဖြတ်ခဲ့တာကြောင့် ဆေးကုသမှု ခံယူပြီး နေပြန်ကောင်းခဲ့ပါသေးတယ်။

သူ့ရဲ့ အသက် (၇၄) နှစ်အရွယ်မှာ ဒုတိယအကြိမ်မြောက် လေပြန်ဖြတ်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေရတုန်းဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းတာကြောင့်လည်း အနုပညာအလုပ်တွေလည်း အလှမ်းဝေးကွာ ခဲ့တာကိုလည်း တွေ့ရပါတယ်။ credit