သိန္း (၅၀၀၀)ေလာက္တန္တဲ့ ေရႊတံုးႏွစ္တံုးကို မထင္မွတ္ဘဲေတြ႔ခဲ့တဲ့ ေရႊရွာမိသားစု

သိန္း (၅၀၀၀)ေလာက္တန္တဲ့ ေရႊတံုးႏွစ္တံုးကို မထင္မွတ္ဘဲေတြ႔ခဲ့တဲ့ ေရႊရွာမိသားစု

မိသားစု၀င္ေတြလို ပူးေပါင္းျပီး အတူတူေရႊရွာေနတဲ့ ေရႊမုဆိုးသံုးေယာက္ဟာ အေမရိကန္ေဒၚလာ (၃၅၀၀၀၀) ျမန္မာေငြ သိန္း (၅၀၀၀) နီးပါးတန္ေၾကးရွိတဲ့ ေရႊတံုးႏွစ္တံုးကို အမွတ္မထင္တူးေဖာ္ရခဲ့တယ္လု႔ိ သိရပါတယ္။ အေဖျဖစ္သူ ေပါ၀က္စ္ဦးေဆာင္တဲ့ အဖြဲ႔ဟာ သားျဖစ္သူ အီသန္၀က္စ္နဲ႔ သူငယ္ခ်င္းဘရန္ရွန္ႏြန္တို႔နဲ႔အတူတူ လုပ္ကိုင္ရင္း ေရႊတံုးႏွစ္တံုးကိုေတြ႔ခဲ့တာပါ။

ရွာေတြ႔ခဲ့တဲ့ေနရာက ၾသစေၾတးလ်ႏုိင္ငံမွာရွိတဲ့ ကမာၻေက်ာ္မိုင္းတြင္းေဟာင္းတစ္ခုမွာပါ။ ကမာၻ႕အနက္ဆံုးေရႊရွာမိုင္းတြင္းအျဖစ္သတ္မွတ္ထားတဲ့ အဆိုပါမိုင္းတြင္းဟာ ေပ၄၆၁၃ ေပအထိနက္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက ေရႊမိုင္းလုပ္သားေတြ ေရႊရွာခဲ့တဲ့ေနရာျဖစ္ျပီး၊ ေနာက္ပိုင္းမွာေတာ့ ေရႊေသခ်ာရွာမေတြ႔တဲ့အတြက္ စြန္႔ပစ္ထားတဲ့ ေနရာေဟာင္းေတြထဲကတစ္ခုလည္းျဖစ္ပါတယ္။

ရႊရွာခ်င္တဲ့သူေတြကေတာ့ ကိုယ့္ဘာသာပဲ လာရွာလို႔ရပါတယ္။ အီသန္၀က္စ္က သားႏွစ္ေယာက္နဲ႔အတူ သတၱဳစစ္ေဆးစက္ေတြနဲ႔အတူ ေမွ်ာ္လင့္ခ်က္အတုိင္းလာရွာခဲ့ျပီး၊ တေနရာအေရာက္မွာေတာ့ စက္ကအခ်က္ျပခဲ့ပါတယ္။ ေျမၾကီးမ်ား မတူးထားရေသးတဲ့ တေနရာအေရာက္ ေျမအေပၚယံကိုတူးခဲ့ကာ မေတြ႔မခ်င္းရွာခဲ့ခ်ိန္မွာေတာ့ ကံအားေလ်ာ္စြာကို ေက်ာက္တံုးက ႏွစ္တံုးျဖစ္ေနခဲ့ပါတယ္။

ဒစၥကာဗာရီခ်န္နယ္ ကေတာ့ သူတို႔ရွာေတြ႔ခဲ့တဲ့ မိုင္းကြက္က Tarnagulla ဆိုတဲ့နားမွာလို႔ပဲ ဆိုထားပါတယ္။ သူတို႔ကိုေတာ့ ၾသစေၾတးလ်ႏိုင္ငံသား ေရႊတူးသမား Aussie Gold Hunters လို႔ေခၚၾကျပီး ေရႊေတြ႔ဖို႔အတြက္ဘ၀ကို ျမဳပ္ႏွံထားတဲ့ ၾသစေၾတးလ်ႏုိင္ငံသားေတြျဖစ္ပါတယ္။ ေက်ာက္တံုးတစ္တံုးက ၇၈ ေအာင္စရွိျပီး တစ္တံုးက ၄၅ ေအာင္စရွိတယ္လို႔ ဆိုပါတယ္။

(၃.၅)ကီလိုေက်ာ္ျဖစ္ပါတယ္။ ကာလေပါက္ေၾကး ေဒၚလာ ၃၅၀၀၀၀ နီးပါးေလာက္ရွိေပမဲ့ ဒီလိုေက်ာက္တံုးေတြကို ၀ါသနာပါလို႔သီးသန္႔စုတဲ့ အ၀ယ္သမားနဲ႔ေတြ႔ရင္ ေလးသိန္းခြဲေလာက္ တမင္ေပး၀ယ္ၾကတယ္လို႔ဆိုပါတယ္။ သံုးေယာက္သားအရင္က ရွာေတြတာေတြက ေသးေသးေလးေတြပဲျဖစ္တဲ့အတြက္ အခုတေခါက္ ရွာေတြ႔တာကေတာ့ သူေဌးျဖစ္ျပီဆိုရမွာပါ။ သူတို႔တသက္ ရွာေတြ႔သမွ်ထဲ အၾကီးဆံုးလို႔လည္း သံုးေယာက္သားက ဆိုထားခဲ႔ပါတယ္။ မူရင္းေရးသားသူအား creditပါ

unicode . . .

သိန်း (၅၀၀၀)လောက်တန်တဲ့ ရွှေတုံးနှစ်တုံးကို မထင်မှတ်ဘဲတွေ့ခဲ့တဲ့ ရွှေရှာမိသားစု

မိသားစုဝင်တွေလို ပူးပေါင်းပြီး အတူတူရွှေရှာနေတဲ့ ရွှေမုဆိုးသုံးယောက်ဟာ အမေရိကန်ဒေါ်လာ (၃၅၀၀၀၀) မြန်မာငွေ သိန်း (၅၀၀၀) နီးပါးတန်ကြေးရှိတဲ့ ရွှေတုံးနှစ်တုံးကို အမှတ်မထင်တူးဖော်ရခဲ့တယ်လု့ိ သိရပါတယ်။ အဖေဖြစ်သူ ပေါဝက်စ်ဦးဆောင်တဲ့ အဖွဲ့ဟာ သားဖြစ်သူ အီသန်ဝက်စ်နဲ့ သူငယ်ချင်းဘရန်ရှန်နွန်တို့နဲ့အတူတူ လုပ်ကိုင်ရင်း ရွှေတုံးနှစ်တုံးကိုတွေ့ခဲ့တာပါ။

ရှာတွေ့ခဲ့တဲ့နေရာက သြစတြေးလျနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော်မိုင်းတွင်းဟောင်း တစ်ခုမှာပါ။ ကမ္ဘာ့အနက်ဆုံး ရွှေရှာမိုင်းတွင်းအ ဖြစ်သတ်မှတ်ထားတဲ့ အဆိုပါမိုင်းတွင်းဟာ ပေ၄၆၁၃ ပေအထိနက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရွှေမိုင်းလုပ်သားတွေ ရွှေရှာခဲ့တဲ့နေရာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ရွှေသေချာရှာမတွေ့တဲ့အတွက် စွန့်ပစ်ထားတဲ့ နေရာဟောင်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။

ရွှေရှာချင်တဲ့သူတွေကတော့ ကိုယ့်ဘာသာပဲ လာရှာလို့ရပါတယ်။ အီသန်ဝက်စ်က သားနှစ်ယောက်နဲ့အတူ သတ္တုစစ်ဆေးစက်တွေနဲ့အတူ မျှော်လင့်ချက်အတိုင်းလာရှာခဲ့ပြီး၊ တနေရာအရောက်မှာတော့ စက်ကအချက်ပြခဲ့ပါတယ်။ မြေကြီးများ မတူးထားရသေးတဲ့ တနေရာအရောက် မြေအပေါ်ယံကိုတူးခဲ့ကာ မတွေ့မချင်းရှာခဲ့ချိန်မှာတော့ ကံအားလျော်စွာကို ကျောက်တုံးက နှစ်တုံးဖြစ်နေခဲ့ပါတယ်။

ဒစ္စကာဗာရီချန်နယ် ကတော့ သူတို့ရှာတွေ့ခဲ့တဲ့ မိုင်းကွက်က Tarnagulla ဆိုတဲ့နားမှာလို့ပဲ ဆိုထားပါတယ်။ သူတို့ကိုတော့ သြစတြေးလျနိုင်ငံသား ရွှေတူးသမား Aussie Gold Hunters လို့ခေါ်ကြပြီး ရွှေတွေ့ဖို့အတွက်ဘဝကို မြုပ်နှံထားတဲ့ သြစတြေးလျနိုင်ငံသားတွေဖြစ်ပါတယ်။ ကျောက်တုံးတစ်တုံးက ၇၈ အောင်စရှိပြီး တစ်တုံးက ၄၅ အောင်စရှိတယ်လို့ ဆိုပါတယ်။

(၃.၅)ကီလိုကျော်ဖြစ်ပါတယ် ။ ကာလပေါက်ကြေး ဒေါ်လာ ၃၅၀၀၀၀ နီးပါးလောက်ရှိပေမဲ့ ဒီလိုကျောက်တုံးတွေကို ဝါသနာပါလို့သီးသန့်စုတဲ့ အဝယ်သမားနဲ့တွေ့ရင် လေးသိန်းခွဲလောက် တမင်ပေးဝယ်ကြတယ်လို့ ဆိုပါတယ်။ သုံးယောက်သားအရင်က ရှာတွေတာတွေက သေးသေးလေးတွေပဲ ဖြစ်တဲ့အတွက် အခုတခေါ က် ရှာတွေ့တာကတော့ သူဌေးဖြစ်ပြီဆိုရမှာပါ။ သူတို့တသက် ရှာတွေ့သမျှထဲ အကြီးဆုံးလို့လည်း သုံးယောက်သားက ဆိုထားခဲ့ပါတယ်။ မူရင်းရေးသားသူအား creditပါ

Tags: