unicode . . .
ဆရာတော်ဆေကိန္ဒက ပရိယတ္တိစာသင်တိုက်ကြီးများအတွက် ဆွမ်းအလှူတော် ငွေကျပ် သိန်း ၂၄၀ လှူဒါန်း
ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ဝါတွင်းကာလတွင် မန္တလေးမြို့ရှိ ပရိယတ္တိ စာသင်တိုက်ကြီးများ၌ ပရိယတ္တိ စာသင်၊စာချနာ ယက ဆရာတော်ကြီးများ ဆွမ်းကိစ္စ အဆင်ပြေစေရန် အတွက် သံဃာ့ဂုဏ်အား ရည်မှန်းပူဇော်၍ ဆရာတော် အရှင်ဆေကိန္ဒက
မစိုးရိမ်တိုက်သစ် အတွက် ဆွမ်းအလှူတော် ငွေကျပ် သိန်း ၁၅၀၊အဝေရာရာမ ရန်ကင်းကျောင်းတိုက် အတွက် ဆွမ်းအလှူတော် ငွေကျပ်သိန်း ၅၀ ၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ် မတ္တရာသူဌေးကျောင်း အတွက် ဆွမ်းအလှူတော် ငွေကျပ်သိန်း၃၀ ၊ ပြင်စာရွာဦးကျောင်း အတွက် ဆွမ်းအလှူတော် ငွေကျပ် ၁၀ သိန်းကို ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက လှူဒါန်းခဲ့သည်။ Credit – Okkar Thein