စေပါ့မန္းဒဗလယ္ကို ကမာၻ႕စံခ်ိန္တင္ေစ်း သိန္းေျခာက္ေထာင့္ေျခာက္ရာနဲ႔ ေလလံေအာင္ခဲ့

စေပါ့မန္းဒဗလယ္ကို ကမာၻ႕စံခ်ိန္တင္ေစ်း သိန္း ၆၆၀၀ နဲ႔ ေလလံေအာင္ခဲ့တဲ႔ သိုးတစ္ေကာင္ရဲ႕တန္ေၾကးကို ေစ်းကြက္ထဲမွာ ခန္႔မွန္းထားတဲ့တန္ဖိုးနဲ႔ဆိုရင္ ဒီပမာဏဟာ ဘယ္လိုမွ မျဖစ္ႏုိင္ဘူးလို႔ထင္ေလာက္စရာပါ။

သိုးတေကာင္အတြက္ ျမန္မာေငြသိန္း (၆၆၀၀) ေလာက္နဲ႔ အေရာင္းအ၀ယ္ျဖစ္သြားခဲ့ရင္ ဒါဟာ ပံုျပင္လိုျဖစ္ေနမွာ မွန္ေပမဲ့ လက္ေတြ႔မွာေတာ့ ျဖစ္သြားခဲ့ပါျပီ ။ကမာၻ႕ေစ်းအၾကီးဆံုး သိုးအျဖစ္ကို မွတ္တမ္း၀င္သြားခဲ့ျပီ ျဖစ္ပါတယ္။ေျခာက္လသား သက္တမ္းရွိေနတဲ့ အခုသိုးရဲ႕ နာမည္ကိုေတာ့ Sportsman Double Diamond (စေပါ့မန္းဒဗလယ္ဒိုင္းမြန္း) လို႔ေခၚပါတယ္။

သူတို႔ကို တက္ဇယ္သိုးေတြလို႔ ေခၚပါတယ္။ နယ္သာလန္ႏုိင္ငံ၊ တက္ဇယ္က ေမြးျမဴေရး သိုးအမ်ိဳးအႏြယ္၀င္ေတြ မလို႔ပါ။ သိုးအေရခြံနဲ႔ သိုးေမႊးေတြထုတ္မယ္၊ အသားေတြယူမယ္စတဲ့ ရည္ရြယ္ခ်က္နဲ႔ေမြးၾကပါတယ္။ ေစ်းကြက္အေကာင္းဆံုးရွိေနတဲ့ သိုးေတြပါ။

ျမင္လိုက္တာနဲ႔ဖြံ႕ထြားေနတဲ့ စေပါ့မန္းကိုေတာ့ တက္ဇယ္သိုးေတြထုတ္လုပ္ေနတဲ့ သားေဖာက္လုပ္ငန္းရွင္သံုးဦးက စပ္ျပီးေလလံဆြဲခဲ့တာပါ။ ရည္ရြယ္ခ်က္ကေတာ့ ရွင္းပါတယ္။စေပါ့မန္းနဲ႔သားစပ္ဖို႔ပါပဲ။ နယ္သာလန္က တက္ဇယ္သိုးေတြဟာ ယူေကဧရိယာတခုလံုးမွာလည္ပတ္ေနတဲ့ သိုးေစ်းကြက္ရဲ႕ ၃၀ ရာခိုင္ႏႈန္းအထိ ပတ္သက္ေနပါတယ္။

မ်ိဳးေကာင္းသလုိ သူ႕ရဲ႕အသားနဲ႔ အရည္အေသြးေၾကာင့္ပါ။အသားကလည္း ပရိသတ္အၾကိဳက္ ၀ယ္လိုအားေကာင္းတဲ့အတြက္ အနိမ့္ဆံုးတေကာင္ကို ေဒၚလာ (၁၃၃)၊ ျမန္မာေငြ (၂)သိန္းပတ္ခ်ာလည္ကေန စရွိျပီး၊ ေစ်းၾကီးေပး၀ယ္စားရပါတယ္။

တျခားအရာေတြမွာလည္း အသံုး၀င္တဲ့အတြက္ အခုလိုလွလွပပ မ်ိဳးသန္႔ရခ်ိန္မွာ သားေဖာက္လုပ္ငန္းေတြက စေကာ့တလန္၊ လန္းနက္မွာလုပ္တဲ့ ေလလံပြဲမွာ စေပါ့မန္းကိုသူ႕ထက္ငါအျပိဳင္ေလလံဆြဲခဲ့ပါတယ္။ေပါင္ (၃၆၇၅၅၀)နဲ႔ ေလလံေအာင္ခဲ့ပါတယ္။

အဲဒီပမာဏဟာ ျမန္မာေငြ သိန္း (၆၆၀၀)အထိရွိတဲ့ ပမာဏျဖစ္ပါတယ္။ ကမာၻ႕ေစ်းအၾကီးဆံုးသိုးအျဖစ္ မွတ္တမ္း၀င္သြားခဲ့ျပီး၊ အရင္ စံခိ်န္ေဟာင္းထက္ ေပါင္တသိန္း ေလးေသာင္းေလာက္ ပိုမ်ားခဲ့ပါတယ္။

စေပါ့မန္းရဲ႕မူလပိုင္ရွင္ကေတာ့ ခ်က္ရိႈင္းယားကလို႔သိရျပီး အခုအခ်ိန္မွာေတာ့ ပိုင္ရွင္အသစ္နဲ႔အတူ သားေဖာက္လုပ္ငန္းေတြ လုပ္ဖုိ႔စတင္ေနျပီျဖစ္ပါျပီ ။ source:Thu Yay – Awesome Myanma

unicode . . .

စပေါ့မန်းဒဗလယ်ကို ကမ္ဘာ့ စံချိန်တင်ဈေး သိန်း ၆၆၀၀ နဲ့ လေ လံအောင်ခဲ့တဲ့ သိုးတစ်ကောင်ရဲ့တန်ကြေးကို ဈေးကွက်ထဲမှာ ခန့် မှန်းထားတဲ့တန်ဖိုးနဲ့ဆိုရင် ဒီပမာဏဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်လောက်စရာပါ။

သိုးတကောင်အတွက် မြန်မာငွေသိန်း (၆၆၀၀) လောက်နဲ့ အ ရောင်းအဝယ်ဖြစ်သွားခဲ့ရင် ဒါဟာ ပုံပြင်လိုဖြစ်နေမှာ မှန်ပေမဲ့ လက်တွေ့မှာတော့ ဖြစ်သွားခဲ့ပါပြီ ။ကမ္ဘာ့ဈေးအကြီးဆုံး သိုး အဖြစ်ကို မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခြောက်လသား သက် တမ်းရှိနေတဲ့ အခုသိုးရဲ့ နာမည်ကိုတော့ Sportsman Double Diamond (စပေါ့မန်းဒဗလယ်ဒိုင်းမွန်း) လို့ခေါ်ပါတယ်။

သူတို့ကို တက်ဇယ်သိုးတွေလို့ ခေါ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ တက်ဇယ်က မွေးမြူရေး သိုးအမျိုးအနွယ်ဝင်တွေ မလို့ပါ။ သိုးအရေခွံနဲ့ သိုးမွှေးတွေထုတ်မယ်၊ အသားတွေယူမယ်စတဲ့ ရည် ရွယ်ချက်နဲ့မွေးကြပါတယ်။ ဈေးကွက်အကောင်းဆုံးရှိနေတဲ့ သိုးတွေပါ။

မြင်လိုက်တာနဲ့ဖွံ့ထွားနေတဲ့ စပေါ့မန်းကိုတော့ တက်ဇယ်သိုးတွေထုတ်လုပ်နေတဲ့ သားဖောက်လုပ်ငန်းရှင်သုံးဦးက စပ်ပြီးလေလံဆွဲခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။စပေါ့မန်းနဲ့သားစပ်ဖို့ပါပဲ။ နယ်သာလန်က တက်ဇယ်သိုးတွေဟာ ယူကေ ဧရိယာတခုလုံး မှာလည်ပတ်နေတဲ့ သိုးဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းအထိ ပတ်သ က်နေပါတယ်။

မျိုးကောင်းသလို သူ့ရဲ့အသားနဲ့ အရည်အသွေးကြောင့်ပါ။အသားကလည်း ပရိသတ်အကြိုက် ဝယ်လိုအားကောင်းတဲ့အတွက် အနိမ့်ဆုံးတကောင်ကို ဒေါ်လာ (၁၃၃)၊ မြန်မာငွေ (၂)သိန်းပတ်ချာ လ ည်ကနေ စရှိပြီး၊ ဈေးကြီးပေးဝယ်စားရပါတယ်။

တခြားအရာတွေမှာလည်း အသုံးဝင်တဲ့အတွက် အခုလိုလှလှပပ မျိုးသန့်ရချိန်မှာ သားဖောက်လုပ်ငန်းတွေက စကော့တလန်၊ လန်းနက်မှာလုပ်တဲ့ လေလံပွဲမှာ စပေါ့မန်းကိုသူ့ထက်ငါအပြိုင်လေလံ ဆွဲခဲ့ပါတယ်။ပေါင် (၃၆၇၅၅၀)နဲ့ လေလံအောင်ခဲ့ပါတယ်။

အဲဒီပမာဏဟာ မြန်မာငွေ သိန်း (၆၆၀၀)အထိရှိတဲ့ ပမာဏဖြစ်ပါတယ်။ ကမ္ဘာ့ ဈေးအကြီးဆုံး သိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး အရင် စံချိန်ဟောင်းထက် ပေါင်တသိန်း လေးသောင်းလောက် ပိုများခဲ့ပါတယ်။

စပေါ့မန်းရဲ့မူလပိုင်ရှင်ကတော့ ချက်ရှိုင်းယားကလို့သိရပြီး အခုအချိန်မှာတော့ ပိုင်ရှင်အသစ်နဲ့အတူ သားဖောက်လုပ်ငန်းတွေ လုပ်ဖို့စတင်နေပြီဖြစ်ပါပြီ ။ source:Thu Yay – Awesome Myanma

Tags:

Add a Comment

Your email address will not be published. Required fields are marked *