ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ၁နွစ္နားမည္ဆိုတာ သတင္းမွားသာ ျဖစ္ေၾကာင္း

ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းေတြ တစ္ႏွစ္နားမယ္ဆိုတာက ဝန္ႀကီးဌာနကေန ထုတ္ျပန္ထားျခင္းမရွိဘူးလို့ အေျခခံပညာဦးစီးဌာနမွသိရပါတယ္။

မေန႔က ၾသဂုတ္လ( ၂၇)ရက္ေန႔ ညပိုင္းမွာေတာ့ ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းေတြ တစ္ႏွစ္နားတယ္ ဆိုတဲ့သတင္းေတြ လူမွုကြန္ရက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ့မွုေတြရွိခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္လို့ အေျခခံပညာဦးစီးဌာနကို ဆက္သြယ္ ေမးျမန္းရာမွာ ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္ ဦးတင္ေမာင္ဝင္းက အခုလို အတည္ျပဳေျပာၾကားခဲ့တာပါ။ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို့ အခုလို ေက်ာင္းေတြတစ္ႏွစ္နားတယ္ဆိုၿပီး ၾကားေနရတာ။

တကယ္ေတာ့ ဒီကိစၥကို ကၽြန္ေတာ္တို့ဘက္က စာထုတ္ျပန္ထားျခင္းမရွိပါဘူးလို့ ဦးတင္ေမာင္ဝင္းကေျပာပါတယ္။  အေျခခံပညာဦးစီးဌာနအေနနဲ႔ စာသင္ေက်ာင္းေတြကို ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားဖို့ကိုသာ တရားဝင္စာထုတ္ျပန္ထားၿပီး ဒီအထဲမွာ ေက်ာင္းေတြတစ္ႏွစ္နားမယ္ဆိုတဲ့အေၾကာင္းလည္းမပါဝင္ခဲ့ပါဘူး။

လက္ရွိမွာ တစ္နိုင္ငံလုံးက ဖြင့္လွစ္ထားတဲ့ အေျခခံပညာေက်ာင္းေတြကို ကိုဗစ္ေၾကာင့္ ၾသဂုတ္လ (၂၇)ရက္ေန႔ကစၿပီး ယာယီပိတ္ထားခဲ့တာျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းေတြရဲ့ အထက္တန္းအဆင့္ကို ကိုဗစ္စည္းကမ္းခ်က္ေတြနဲ႔အညီ ဇူလိုင္ (၂၁)ရက္ေန႔က စတင္ ဖြင့္လွစ္ခဲ့ၿပီးေနာက္ (၁) လေက်ာ္ အၾကာမွာဘဲ ကိုဗစ္ေၾကာင့္ ယာယီ ျပန္လည္ ပိတ္သိမ္းခဲ့တာပါ။

ယာယီပိတ္သိမ္းတာ ျဖစ္တဲ့အတြက္ အခ်ိန္ကာလအားျဖင့္ ဘယ္ေလာက္ၾကာျမင့္မယ္ ဆိုတာ မသိဘူးလို့ အေျခခံပညာဦးစီးဌာနမွ သိရပါတယ္။ source : Duwun

unicode . . .

ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာက ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားခြင်းမရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

မနေ့က သြဂုတ်လ( ၂၇)ရက်နေ့ ညပိုင်းမှာတော့ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားတယ် ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့မှုတွေရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာနကို ဆက်သွယ် မေးမြန်းရာမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက အခုလို အတည်ပြုပြောကြားခဲ့တာပါ။ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလို ကျောင်းတွေတစ်နှစ်နားတယ်ဆိုပြီး ကြားနေရတာ။

တကယ်တော့ ဒီကိစ္စကို ကျွန်တော်တို့ဘက်က စာထုတ်ပြန်ထားခြင်းမရှိပါဘူးလို့ ဦးတင်မောင်ဝင်းကပြောပါတယ်။  အခြေခံပညာဦးစီးဌာနအနေနဲ့ စာသင်ကျောင်းတွေကို ကိုဗစ်ကြောင့် ယာယီပိတ်ထားဖို့ကိုသာ တရားဝင်စာထုတ်ပြန်ထားပြီး ဒီအထဲမှာ ကျောင်းတွေ တစ်နှစ်နားမယ်ဆိုတဲ့ အကြောင်းလည်း မပါဝင်ခဲ့ပါဘူး။

လက်ရှိမှာ တစ်နိုင်ငံလုံးက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို ကိုဗစ်ကြောင့် သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေရဲ့ အထက်တန်းအဆင့်ကို ကိုဗစ်စည်း ကမ်းချက်တွေနဲ့အညီ ဇူလိုင် (၂၁)ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီးနောက် (၁) လကျော် အကြာမှာဘဲ ကိုဗစ်ကြောင့် ယာယီ ပြန် လည် ပိတ်သိမ်းခဲ့တာပါ။

ယာယီပိတ်သိမ်းတာ ဖြစ်တဲ့အတွက် အချိန် ကာလအားဖြင့် ဘယ် လောက်ကြာမြင့်မယ် ဆိုတာ မသိဘူးလို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။ source : Duwun

Tags: