ေဒၚလာ (၂၀၀)ဘီလ်ံေတာင္ ၾကြယ္၀ခ်မ္းသာတဲ့ ကမာၻ႕ပထမဆံုးလူသားျဖစ္လာတဲ့ ဂ်က္ဘီေဇာ့

ေဒၚလာ (၂၀၀)ဘီလ်ံၾကြယ္၀ခ်မ္းသာတဲ့ ကမာၻ႕ပထမဆံုးလူသားျဖစ္လာတဲ့ ဂ်က္ဘီေဇာ့

ကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ားအၾကပ္ရိုက္သြားတဲ့ ကာလမွာ အြန္လိုင္းကေန ေစ်းေရာင္းတဲ့ကုမၸဏီေတြ အလုပ္ျဖစ္သြားတယ္ဆိုတဲ့ အခ်က္ကို ဂ်က္ဘီေဇာ့ကျပသေနပါတယ္။

ကမာၻ႕အခ်မ္းသာစာရင္းမွာ ကာလအတန္ၾကာရွိခဲ့တဲ့၊ အေမဇုန္အြန္လိုင္းေစ်း၀ယ္၀က္ဘ္ဆိုက္ပိုင္ရွင္ ဂ်က္ဘီေဇာ့ဟာ အခုအခ်ိန္မွာ ေဒၚလာ (၂၀၀)ဘီလ်ံအထိ ၾကြယ္၀ခ်မ္းသာတဲ့ ကမာၻ႕ပထမဆံုးလူသားျဖစ္လာပါျပီ ။ နယူးေယာက္ပို႔စ္ သတင္းစာကေန ေဖာ္ျပခဲ့တဲ့ သတင္းအရ (၂၆.၈.၂၀၂၀)မွာ ဂ်က္ဘီေဇာ့ဟာ အဆိုပါမွတ္တမ္းကို စိုက္ထူႏုိင္ခဲ့ပါတယ္။

ကုမၸဏီရွယ္ယာေတြ ေထာင္တက္သြားခ်ိန္မွာ ပိုင္ရွင္မႈေထာင္တက္ခဲ့တာျဖစ္ျပီး၊ သူ႕ရဲ႕ၾကြယ္၀ခ်မ္းသာမႈဟာ အျမင့္ဆံုးအေနအထားထိကိုေရာက္ခဲ့ပါတယ္။ အစုရွယ္ယာတစ္ခုကို ေဒၚလာ(၃၄၀၄)ေဒၚလာႏႈန္းနဲ႔ အျမင့္ဆံုးေစ်းကိုေရာက္ခဲ့ပါတယ္။အစုရွယ္ယာတစ္ခုကို (၂.၈၅)ရာခိုင္ႏႈန္း၊ ေဒၚလာ (၉၅.၉၆)အထိျမင့္တက္သြားခ်ိန္မွာ ဘီေဇာ့ရဲ႕ပိုင္ဆိုင္မႈပမာဏဟာ ေဒၚလာ (၂၀၀)ဘီလ်ံအထိကို ေရာက္ခဲ့ပါတယ္။

၂ အေနာက္မွာ သုည (၁၁)လံုးျဖစ္ျပီး၊ ေဒၚလာသန္း (၁၀၀၀)ကို အခါ (၂၀၀)ပိုင္တဲ့ ပမာဏကို ေရာက္ခဲ့တာျဖစ္ပါတယ္။ ေဖာ့ဘတ္မဂၢဇင္းကအတိအက်တြက္ေပးခဲ့တာကေတာ့ (၂၀၄.၆)ဘီလ်ံလို႔သိရပါတယ္။ဒါဟာ လက္ရွိဒုတိယေနရာက ကမာၻ႕အခ်မ္းသာဆံုး ဘီလ္ဂိတ္ထက္ (၉၀)ဘီလ်ံအထိ ပိုမ်ားေနျပီး၊ (၁၁၆.၁)ဘီလ်ံပိုင္ရွင္ ဘီဂိတ္ထက္ ၂ ဆေလာက္ကို ပိုမ်ားေနတာပါ။

အခုလိုျဖစ္လာခဲ့တာက ကိုရိုနာဗိုင္းရပ္ေၾကာင့္ ေလာ့ေဒါင္းေတြျဖစ္ခ်ိန္မွာ အိမ္တြင္းကေန ၀ယ္လိုအားေတြ ပိုျမင့္တက္လာျပီး အေမဇုန္ကိုပဲ အားကိုးၾကတဲ့အေပၚ ရွယ္ယာေတြဟာ ျမင့္တက္လာခဲ့တာပါ။ႏွစ္အစမွာ ေရာင္းရတဲ့ ပမာဏထက္ ၈၀ ရာခိုင္ႏႈန္းအထိ ကုန္ပစၥည္းေတြတုိးျမင့္ေရာင္းခ် လာႏိုင္ခဲ့အတြက္ ရွယ္ယာ တန္ဖိုးျမင့္မႈေတြဟာ ဘီေဇာ့ဖ္ရဲ႕ပိုင္ဆုိင္မႈထဲကို ထပ္ကာေပါင္းခဲ့တာ ျဖစ္ပါတယ္။

အသားတင္ေငြေၾကးၾကီးပဲ ပိုင္ဆိုင္မႈကေတာ့ ေဒၚလာ (၁၁၅)ဘီလ်ံရွိျပီး က်န္တဲ့ ဘီလံ (၉၀)နီးပါးကေတာ့ အေမဇုန္ရွယ္ယာပိုင္ရွင္အေနနဲ႔ ပိုင္ဆိုင္တဲ့ ပမာဏျဖစ္ပါတယ္။ တကယ့္ကို မယံုႏုိင္စရာပါပဲ။ credit

unicode . . .

ဒေါ်လာ (၂၀၀)ဘီလျံကြွယ်ဝချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံးလူသားဖြစ်လာတဲ့ ဂျက်ဘီဇော့

ကုမ္ပဏီတွေ တော်တော်များများအကြပ်ရိုက်သွားတဲ့ ကာလမှာအွန်လိုင်းကနေ ဈေးရောင်းတဲ့ကုမ္ပဏီတွေ အလုပ်ဖြစ်သွားတယ်ဆိုတဲ့ အချက်ကို ဂျက်ဘီဇော့ကပြသနေပါတယ်။

ကမ္ဘာ့ အချမ်းသာစာရင်းမှာ ကာလအတန်ကြာရှိခဲ့တဲ့၊ အမေဇုန်အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်ပိုင်ရှင် ဂျက်ဘီဇော့ဟာ အခုအချိန်မှာ ဒေါ်လာ (၂၀၀)ဘီလျံအထိ ကြွယ်ဝချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံးလူသားဖြစ်လာပါပြီ ။ နယူးယောက်ပို့စ် သတင်းစာကနေ ဖော် ပြခဲ့တဲ့ သတင်းအရ (၂၆.၈.၂၀၂၀)မှာ ဂျက်ဘီဇော့ဟာ အဆိုပါမှတ်တမ်းကို စိုက်ထူနိုင်ခဲ့ပါတယ်။

ကုမ္ပဏီရှယ်ယာတွေ ထောင်တက်သွားချိန်မှာ ပိုင်ရှင်မှုထောင်တက်ခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ကြွယ်ဝချမ်းသာမှုဟာ အမြင့်ဆုံးအနေအထားထိကိုရောက်ခဲ့ပါတယ်။ အစုရှယ်ယာတစ်ခုကို ဒေါ်လာ (၃၄၀၄) ဒေါ်လာနှုန်းနဲ့ အမြင့်ဆုံးဈေးကို ရောက်ခဲ့ပါတယ်။အစုရှယ်ယာတစ်ခုကို(၂.၈၅)ရာခိုင်နှုန်း၊ ဒေါ်လာ (၉၅.၉၆)အထိမြင့်တက်သွားချိန်မှာ ဘီဇော့ရဲ့ပိုင်ဆိုင်မှုပမာဏဟာ ဒေါ်လာ (၂၀၀)ဘီလျံအထိကို ရောက်ခဲ့ပါတယ်။

၂ အနောက်မှာ သုည (၁၁)လုံးဖြစ်ပြီး၊ ဒေါ်လာသန်း (၁၀၀၀)ကို အခါ (၂၀၀)ပိုင်တဲ့ ပမာဏကို ရောက်ခဲ့တာဖြစ်ပါတယ်။ ဖော့ဘတ်မဂ္ဂဇင်းကအတိအကျတွက်ပေးခဲ့တာကတော့ (၂၀၄.၆)ဘီလျံလို့သိရပါတယ်။ဒါဟာ လက်ရှိဒုတိယနေရာက ကမ္ဘာ့အချမ်း သာဆုံး ဘီလ်ဂိတ်ထက် (၉၀)ဘီလျံအထိ ပိုများနေပြီး၊ (၁၁၆.၁) ဘီလျံပိုင်ရှင် ဘီဂိတ်ထက် ၂ ဆလောက်ကို ပိုများနေတာပါ။

အခုလိုဖြစ်လာခဲ့တာက ကိုရိုနာဗိုင်းရပ်ကြောင့် လော့ဒေါင်းတွေဖြစ်ချိန်မှာ အိမ်တွင်းကနေ ဝယ်လိုအားတွေ ပိုမြင့်တက်လာပြီး အမေဇုန်ကိုပဲ အားကိုးကြတဲ့အပေါ် ရှယ်ယာတွေဟာ မြင့်တက်လာခဲ့တာပါ။နှစ်အစမှာ ရောင်းရတဲ့ ပမာဏထက် ၈၀ ရာခိုင်နှုန်းအထိ ကုန်ပစ္စည်းတွေတိုးမြင့်ရောင်းချ လာနိုင်ခဲ့အတွက် ရှယ်ယာ တန်ဖိုးမြင့်မှုတွေဟာ ဘီဇော့ဖ်ရဲ့ပိုင်ဆိုင်မှုထဲကို ထပ်ကာပေါင်းခဲ့တာ ဖြစ်ပါတယ်။

အသားတင်ငွေကြေးကြီးပဲ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ (၁၁၅)ဘီလျံရှိပြီး ကျန်တဲ့ ဘီလံ (၉၀)နီးပါးကတော့ အမေဇုန်ရှယ်ယာပိုင် ရှင်အနေနဲ့ ပိုင်ဆိုင်တဲ့ ပမာဏဖြစ်ပါတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။ credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *