ျမန္မာအိုင္ေဒါ အဆို ၿပိဳင္ပြဲ ဝင္ စေနလင္း ေက်ာ္ ပုဒ္မ ၃၇၇ ႏွင့္ ဖမ္းဆီးခံ ထားရသည္ ဟု သတင္း ထြက္ေပါ္

MMID အဆို ၿပိဳင္ပြဲ ဝင္ စေနလင္း ေက်ာ္ ပုဒ္မ ၃၇၇ ႏွင့္ ဖမ္းဆီးခံ ထားရသည္ ဟု သတင္း ထြက္ေပါ္

ျပည္တြင္း နာမည္ႀကီး အဆိုၿပိဳင္ပြဲ တစ္ခုမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိသတ္လက္ခံအားေပးမႈ အတိုင္းအတာ တစ္ခုထိရရွိထားတဲ့ လူငယ္ အဆိုေတာ္ တစ္ဦးကို ပုဒ္မ ၃၇၇ နဲ႔ ၾသဂုတ္ ၂၅ ရက္က ဖမ္းဆီးထားတယ္လို႔ သူ႔ကို ဖမ္းဆီးထား တဲ့ ေဒါပုံၿမိဳ႕နယ္ရဲစခန္းက တာဝန္က်အရာရွိ တစ္ဦးက ဒီကေန႔ ၾသဂုတ္လ၂၇ ရက္မနက္မွာ အတည္ျပဳပါတယ္။

ဒီအဆိုေတာ္ ကို အမ်ိဳးသမီးတစ္ဦး က တရားလိုျပဳလုပ္တိုင္ၾကားထားတာျဖစ္ၿပီး စက္တင္ဘာ ၄ ရက္မွာ ပထမအႀကိမ္ ႐ုံးထုတ္စစ္ေဆးသြား ဖို႔ရွိတယ္လို႔ အဲဒီအရာရွိကေျပာပါတယ္။ ကၽြန္ေတာ္တို႔ ေဒါပုံ တရား႐ုံးမွာ ရမန္ႏွစ္ပတ္ ယူတာေပါ့။

ဒါေပမဲ့ တရား႐ုံးျပင္ေနလို႔ ၿမိဳ႕ထဲက ေက်ာက္တံတား တရား႐ုံးမွာ ေခတၱရမန္သြားယူရပါတယ္။ စက္တင္ဘာ ၄ရက္ ႐ုံးခ်ိန္းလည္း အဲဒီမွာပဲ ထုတ္ဖို႔ရွိပါမယ္ လို႔ သူက ေျပာပါတယ္အမႈဖြင့္ထားတဲ့ျပစ္မႈက ဘာျပစ္မႈလဲလို႔ ေမးတဲ့အခါ အဲဒီအရာရွိ ဓမၼတာနဲ႔ ဆန႔္က်င္လို႔ ေပါ့ေနာ္။ ပုဒ္မ ၃၇၇ ေပါ့ လို႔ သူကေျပာပါတယ္။

ရာဇသတ္ႀကီး ပုဒ္မ ၃၇၇ ဟာ ဓမၼတာနဲ႔ ဆန႔္က်င္တဲ့ ကာမစပ္ယွက္မႈ ျဖစ္ၿပီး ျပစ္မႈ ထင္ရွားရင္ တသက္ တကၽြန္းျဖစ္ေစ၊ ေထာင္ဒဏ္ ၁၀ ႏွစ္တမ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္ သည္လို႔ ျပဌာန္းထားပါတယ္။Credit ဘီဘီစီျမန္မာပိုင္

unicode . .

MMID အဆို ပြိုင်ပွဲ ဝင် စနေလင်း ကျော် ပုဒ်မ ၃၇၇ နှင့် ဖမ်းဆီးခံ ထားရသည် ဟု သတင်း ထွက်ပေါ်

ပြည်တွင်း နာမည်ကြီး အဆိုပြိုင်ပွဲ တစ်ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှု အတိုင်းအတာ တစ်ခုထိရရှိထားတဲ့ လူငယ် အဆိုတော် တစ်ဦးကို ပုဒ်မ ၃၇၇ နဲ့ သြဂုတ် ၂၅ ရက်က ဖမ်းဆီးထားတယ်လို့ သူ့ကို ဖမ်းဆီးထား တဲ့ ဒေါပုံမြို့နယ်ရဲ စခန်းက တာဝန်ကျအရာရှိ တစ်ဦးက ဒီကနေ့ သြဂုတ်လ၂၇ ရက် မနက်မှာ အတည်ပြုပါတယ်။

ဒီအဆိုတော် ကို အမျိုးသမီးတစ်ဦး က တရားလိုပြုလုပ်တိုင်ကြားထားတာဖြစ်ပြီး စက်တင်ဘာ ၄ ရက်မှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွား ဖို့ရှိတယ်လို့ အဲဒီအရာရှိကပြောပါတယ်။ ကျွန်တော်တို့ ဒေါပုံ တရားရုံးမှာ ရမန်နှစ်ပတ် ယူတာပေါ့။

ဒါပေမဲ့ တရားရုံးပြင်နေလို့ မြို့ထဲက ကျောက်တံတား တရားရုံးမှာ ခေတ္တရမန်သွားယူရပါတယ်။ စက်တင်ဘာ ၄ရက် ရုံးချိန်းလည်း အဲဒီမှာပဲ ထုတ်ဖို့ရှိပါမယ် လို့ သူက ပြောပါတယ်အမှုဖွင့်ထားတဲ့ပြစ်မှုက ဘာပြစ်မှုလဲလို့ မေးတဲ့အခါ အဲဒီအရာရှိ ဓမ္မတာနဲ့ ဆန့် ကျင်လို့ ပေါ့နော်။ ပုဒ်မ ၃၇၇ ပေါ့ လို့ သူကပြောပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဟာ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ွယ  က်မှု ဖြစ်ပြီး ပြစ်မှု ထင်ရှားရင် တသက် တကျွန်းဖြစ်စေ၊ ထေင္ာ ဒဏ် ၁၀ နှစ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်လို့ ပြဌာန်းထားပါတယ်။ Credit ဘီဘီစီမြန်မာပိုင်း

Add a Comment

Your email address will not be published. Required fields are marked *