စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာတွင် ရှေးဟောင်းအမွေအနှစ်များကို တူးဖော်တွေ့ရှိ


စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ဝရာကျေးရွာမှာ ရှေးဟောင်းအမွေအနှစ်တွေ ဩဂုတ်(၂၅)ရက်နေ့ နေလယ်ပိုင်းက တူးဖော်တွေ့ရှိခဲ့ပါတယ်။




unicode . . .

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာတွင်ရှေးဟောင်းအမွေအနှစ်များတူးဖော်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ဝရာကျေးရွာမှာ ရှေးဟောင်းအမွေအနှစ်တွေ ဩဂုတ်(၂၅)ရက်နေ့ နေလယ်ပိုင်းက တူးဖော်တွရှိခဲ့ပါတယ်။

ဝရာကျေးရွာသမိုင်းဝင်ရွှေမုဌောဘုရားရဲ့မြောက်ဘက်ရှိ ဘုရားကုန်းနေရာမှာ ဘုရားတည်ဖို့ အုတ်ရိုးတွေ တူးဖော်ရာကနေ ရှေး ဟောင်း အမွေအနှစ်တွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ရွှေမုဌောကျောင်းတိုက်ဆရာတော်ဦးဝေပုံကအခုလိုမိန့်ကြားပါတယ်။

ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေဖော်မယ်။ ဝါကျွတ်မှပဲ ဘုရားတည်မယ်ပေါ့။ ဒီနေ့မှာ ဘတ်ဟိုးနဲ့ကော်တယ်။ ဒီနေ့ လူတွေနဲ့ အုတ်ရိုးတွေ တူးရင်းနဲ့ ရှေးဟောင်း ပစ္စည်း တွေ့ရှိခဲ့တာပါလို့ ရွှေမုဌောကျောင်းတိုက် ဆရာတာ် ဦးဝေပုံက မိန့်ကြားပါတယ်။

အဲဒီတွေ့ရှိခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ ရှေးဟောင်းဘုရားတွေ၊ ကျောက် ဆင်းတုတော်ဘုရား ၊စာတွေ၊ အိုးတွေနဲ့ကြေးဆင်း တုတော်တွေဖြစ်ပါတယ်။ အဲဒီတွေ့ရှိခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဒေသခံတွေနဲ့ တိုင်ပင် ဆွေးနွေးသွားမယ်လို့ ဆရာတော်ကမိန့်ကြားပါတယ်။ source : One News Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *