စားဝတ်နေရေးခက်ခဲနေတဲ့ အင်္ဂလိပ်စာဆရာကြီးအတွက် ငွေကြေးထောက်ပံ့လှူဒါန်း ကုသိုလ်ယူခဲ့တဲ့ မင်းသမီးလေး ခင်ဝင့်ဝါ
unicode . . .
စားဝတ်နေရေးခက်ခဲနေတဲ့ အင်္ဂလိပ်စာဆရာကြီးအတွက် ငွေ ကြေးထောက်ပံ့လှူဒါန်း ကုသိုလ်ယူခဲ့တဲ့ ခင်ဝင့်ဝါ
အလှမယ်တစ်ဦးနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့် အဝရရှိခဲ့တဲ့ အလှမယ် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လ က်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပြီး၊ အောင် မြင်မှုတွေများစွာ ရရှိနပြီပဲ ဖြစ်ပါတယ်။
ခင်ဝင့်ဝါကလည်း ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှု ပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသလို ပရိသတ်တွေကလည်း ခင်ဝင့်ဝါရဲ့အနုပညာလှုပ်ရှားမှု မှန်သမျှကို စိတ်ဝင်တစားနဲ့ အားပေးနေကြလျက်ရှိပါတယ်။
စိတ်ထားကောင်းပြီး စေတနာ လည်းကောင်းတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါက ဒီတစ်ခေါက်မှာတော့ စားဝတ်နေရေး အခက် အခဲဖြစ်နေတဲ့ အင်္ဂလိပ်စာဆရာကြီးအတွက် ငွေကျပ် (၁) သိန်း လှူ ဒါန်းပြီး ကုသိုလ်ယူခဲ့တယ်လို့ YH Photography ကိုရဲဟိန်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေအသိပေးထားတာပဲ ဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိပြီး အဆင်းရော အချင်းပါ ပြည့်စုံသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသ တ်ကြီးလည်းခင်ဝင့်ဝါရဲ့ ကုသိုလ်အတွက် သာဓုခေါ်ဆိုပေးကြပါဦးနော်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ credit