ရခိုင်ပြည်နယ် ကိုဗစ်ရောဂါ ကူးစက်မူတွေအတွက် အလှူငွေ လှူဒါန်းခဲ့တဲ့မော်ဒယ် အောင်လေး
Unicode…ရခိုင်ပြည်နယ် Covid ရောဂါကူးစက်မူတွေအတွက် အလှူငွေလှူဒါန်းခဲ့တဲ့ အောင်လေး
အပြုံးချိုချိုလေးနဲ့စတိုင်ကျလှတဲ့ မော်ဒယ်လ်၊မင်းသားချောလေးအောင်လေး ကိုတော့ ပရိသတ်တွေအားလုံးသိရှိကြပြီးဖြစ်မှာပါနော်။ မိန်းကလေး ပရိတ်သတ်များစွာရဲ့ ဝန်းရံခြင်းခံကိုခံရတဲ့တဲ့ မင်းသားတွေထဲမှာ
မင်းသားချောလေး အောင်လေးလတစ်ယောက်လည်းလအပါအဝင်ဖြစ်ပါတယ်နော်။ဒါ့ပြင် အောင်လေးဟာ ချောမောခန့ချားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထား သူတစ်ယောက်ပါနော်။
အနုပညာ အလုပ်တေကို အောင်မြင်အောင်ကြိုးစားလုပ်ကိုင်နေတဲ့ တက်သစ်စ မင်းသားချောလေး အောင်လေးကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မကြာ မကြာ ဆိုသလို ချပြလေ့ရှိသူ တစ်ယောက်ပါနော်။
အောင်လေးကတော့ အခုလိုကိုဗစ်ကာလမှာကူးစက်မှုတွေ မြန်ဆန်နေတဲ့ အချိန်မှာ ကူညီပေးဖို့မမေ့တဲ့သူတစ်ယောက်ဖြစ်ပြီး “သာလီစွပါနန်း အမျိုးတိအဂုအချိန်မှာ ကျနော်တို့ ရခိုင်ပြည်မှာ ကိုဗစ်(၁၉) ကူးစက်ဖြစ်ပွါးမူက်ဆိုးကနီ အလျင်အမြန် လွတ်မြောက်နိုင်ဖို့အတွက်
ကျမ္မာရေးနှင့် အားကစားဝန်ကြီးဌါနမှ ချက်မှတ်ထားရေစည်းကမ်းများကို လိုက်နာပီးစီချင်ပါရေ အမျိုးရို့ ကျမ္မာ ချမ်းသာစီဖို့ ဆုတောင်းပါရေ ကိုဗစ်(၁၉)ကာလအတွင်း ရခိုင်ပြည်ကျမ္မာရေးဌါနသုံးစွဲရန်
စေတနာသန့်သန့်နှင့် အလှူငွေတစ်သိန်းထည့်ဝင်လှူတန်းပါရေ” ဆိုပြီးတော့ ရခိုင်သားတစ်ဟောက်အနေနဲ့ ရေးသား မျှဝေလာခဲ့တာဘဲဖြစ်ပါတယ်နော်။
မော်ဒယ် အနုပညာရှင် အောင်လေးကတော့ ရခိုင်ဗမာကပြားလေးတစ်ယောက်ဖြစ်ပြီး သူရဲ့ဖခင်ဖြစ်သူကတော့ စစ်တွေမြို့ကလို့သိရပါတယ်နော်။ အခုလိုရခိုင်ပြည်နယ်ရဲ့ကျန်းမာရေးအခြေအနေကိုလည်း ပိုမိုကောင်းမွန်လာစေလို့ဆန္ဒရှိနေတာဖြစ်ပြီး
သူရဲ့ အလှူလေးအကြောင်းကိုဖော်ပြလာခဲ့ပါတယ်။ချစ်တဲ့ပရိတ်သတ်ကြီးလည်း စိန်ထားကောင်းမွန်တဲ့ အောင်လေးကို ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါအူးနော်။Credit: Cele Gabar