စစ္ေတြက ျပန္လာတဲ့ YBS မစီး Taxiမစီးဘဲ ကြာရန္တင္းဝင္ရန္ လမ္းေလ်ာက္ျပန္လာတဲ့ တာဝန္သိ ျပည္သူတစ္ဦး 

စစ္ေတြက ျပန္လာတဲ့ YBS မစီး Taxiမစီးဘဲ ကြာရန္တင္းဝင္ရန္ လမ္းေလ်ာက္ျပန္လာတဲ့ တာဝန္သိ ျပည္သူတစ္ဦး

YBS မစီးဘူး၊Taxi ငွားမရဘူး၊ quarantine စင္တာသို႔ လမ္းေလွ်ာက္လာခဲ႔သူပါ။ေန႔လည္္ (၄)နာရီခြဲေလာက္က ၊ အားလုံး ပ်င္းကုန္ၾကေတာ့ ခနတျဖဳတ္အနားယူဖို့ ကိုိယ့္အခန္းကိုယ္ျပန္က်ျပီး အိပ္တဲ့သုူကအိပ္

(မနက္က swabယူတဲ့ေန႔မို့ ေစာေစာထရတာကိုး)အဲ့ဒီအခ်ိိန္မွာဘဲ ကြာရန္တင္း ဝင့္မယ့္သူ တစ္ဦး ေရာက္ရွိလာတယ္။ဒါ့ေျကာင့္ အားလုံးဘဲအလုပ္ရွုပ္ျပီး ပ်ာယာ ခပ္ကုန္ၾကတယ္။ဘာလို့လဲဆိုေတာ့ ကြာရန္တင္းဝင္မည့္သူက သူ႔အစီစဥ္နဲ႔သူ ေရာက္လာတာပါ။

ဒါနဲ့ဘဲ ကိုယ္က သူ႔ကို စပ္စု လိုက္မိတယ္ ။သူက စစ္ေတြက ျပန္လာတာတဲ့ လမ္းမွာကားနဲ႔ (၁) ရက္ ၾကာတယ္တဲ့ ။ဇာတိက ဧရာဝတီတိုင္း က်ိဳက္ပိိကျဖစ္ျပီး စစ္ေတြမွာ သြားအလုပ္ သြားလုပ္တာပါတဲ့။သူျပန္လာပီး ေနာက္ေန႔မွာဘဲ ေလာ့ေဒါင္းခ်လိုက္တာတဲ့။

သူကလည္္း ကူးစက္ပိုးေတြ ၾကားခ်င္းအေျခေနေတြ မဆိုးခင္္ ျပန္လာရွာတာ ရန္ကုန္လည္းေရာက္ေရာ ဟိုိကေလာ့ေဒါင္း ေၾကျငာေတာ့ သူ႔မိန္းမက ျပန္မလာနဲ႔ဦးတဲ့ ရန္ကုန္မွာ ကြာရန္တင္းဝင္ပီးမွ အိမ္ျပန္လာလို့ေျပာပါတယ္။

ေတာမွာေနတဲ့ ေတာသူမ (၁)ေယာက္ရဲ့ အသိစိတ္ေလးဟာ အလြန္ခ်စ္ဖို့ိ ေကာင္း ေလးစားျပီး သူ႔ေယာက္က်ားကို ကြာရန္တင္း ေနဖို့ သိသေလာက္ ဖုန္းနဲ႔ ေျပာျပေနတာရယ္ ။ေျပာခ်င္တဲ့လိုရင္းကေတာ့ခုမွေျပာမွာ ။အေဝးေျပးကြင္းကုိ သူေရာက္ပါပီတဲ့ ေအာင္မဂၤလာ ကားႀကီးကြင္း။

သူက ေပါ့စတစ္ မ်ားေနသည့္္ အရပ္ဆီကေန ျပန္လာတာျဖစ္ေပမယ့္ mask အႏြမ္းေလးေတာ့ တပ္ထားလ်က္ပါ ။ပီးေတာ့ လက္ဖ်ား ခါေလာက္မိပါရဲ့အံ့ၾသမွု့ (၁) ခုကေတာ့ ဒီညီေလး (ကိုယ့္ထက္ ငယ္ပုံံပါ အလုပ္ၾကမ္းဒဏ္ေၾကာင့္ အသက္ႀကီးပုံ)

သူဟာ စစ္ေတြက ျပန္လာျပီး ကြာရန္တင္းသြားဝင္ရမွာ ျဖစ္သည့္အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာရွာပီး taxi ေတြကို ငွါးပါတယ္တဲ့။အဲသလို ေျပာေတာ့ ဘယ္taxiက လိုက္မွာတုန္း (ပို့မွာတုန္း) ဒီအစီးေတြ မရရင္္ ေနာက္အစီးေတြက် လိမ္ညာ ငွါးလို့ရပါလၽွက္ ခုလိုပဲ အမွန္တိုင္းေျပာ ငွါးရွာတယ္။

အဲဒီလိုနဲ့ မနက္ (၈)နာရီေလာက္က လမ္းေလၽွာက္လာလိုက္တာဟာညေန (၄)နာရီ စြန္းစြန္းမွာ က်ေတာ္ရွိတဲ့ လွိုင္တကၠသိုလ္ဝန္း ဟိုးလမ္း၁ပတ္ႀကီး ရွိတဲ့စင္တာဂိတ္ဆုံးဆီ ေရာက္လာခဲ့တာပါ ။ဗိုက္ကလည္း အရမ္းဆာ ေနရွာပုံပါပဲ။

ညီေလးဒီထမင္းဗူးေလး အရင္စား အဲဒီနားမွာပဲ အဲဒီေဘးက ပုံးထဲ ဗူးခြံပစ္ေနာ္ ညီေလး ဆိုပီးခပ္လွမ္းလွမ္းကေန အကာအကြယ္ ဝတ္စုံ ဝတ္ထားပီး သူ႔ကို လွမ္းေပးလိုက္တယ္။ဟုတ္အကိုရီးတဲ့ .. စားေနလိုက္တာ ေခါင္းေတာင္မေဖာ္ဘူးရယ္ ။

ေက်ာပိုးအိတ္ေလး (၁)လုံးရယ္ ၊ လၽွာထိုးဦးထုပ္ေလး ေဆာင္းပီး ဆြဲသားေဘာင္းဘီ ၾကပ္ၾကပ္နဲ႔ကြင္းထိုး ဖနပ္မဲေလးစီး အကၤ်ီကြက္ လက္ရွည္ေလး ဝတ္ထားတဲ့ အဆင္အယင္ဟာျမန္မာပလာဇာ (၁)ခုရဲ့ အတြင္းထဲမွာ ေတြ႕မိၾကရင္ လူကုန္ထံေတြၾကား ေတာသားေလးအတြက္ အထင္ေသးစရာ အၾကည့္ေတြေအာက္ေရာက္ေနမွာ က်ိန္ေျပာရဲပါတယ္ဗ်ာ ။

ရန္ကုန္မွာ တခ်ိဳ့ ဝတ္ေကာင္းစားလွေတြ ဝတ္ပီးMaskေလးတပ္ဖို့ ခဲယဥ္းေနခ်ိန္မွာ ဒီေတာသားေလးရဲ့ အသိစိတ္ေလးကို ေလးစားတာပါ။ ျပီးေတာ့ သူ႔မိန္းမ ေတာသူမေလးကလည္း စိတ္ထားေလး ေကာင္းလိုက္တာ။ေအာင္မဂၤလာကေန ဒီ လွိုင္တကၠသိုလ္ အဝန္းထဲမက အတြင္းလမ္းမ တဆုံးအထိ ဝိုိင္ဘီအက္မစီးပဲ taxiေတြကို မလိမ္ညာပဲ ငွါးမရလို့လမ္းေလၽွာက္ လာခဲ့ရတာပါတဲ့။

သူေျပာတာေတ နားေထာင္ပီး က်ေတာ္ မ်က္ရည္ဝဲမိတာ (PPEဝတ္စုံကဖုံးကြယ္ ထားေပးတယ္) က်ေတာ္တို့ျမန္မာျပည္သူ/သားအားလုံး ဒီေတာသားေလး လင္မယားရဲ့အသိစိတ္ေလးမ်ိဳး ေမြးၾကေစခ်င္ပါတယ္။

(သူ႔ကို က်ေတာ္ကိုယ္တိုင္ အခန္းလိုက္ျပေပး အဲကြန္းဖြင့္္ေပး ေရမီးအစုံအခင္း ေခါင္းအုံး ေစာင္ ေရခ်ိဳးဆပ္ျပာ ဆပ္ျပာမွုန္႔ ေသေသခ်ာခ်ာ အခန္းထဲ ထည့္ေပးလိုက္ပါတယ္)စိတ္ထားေကာင္းတဲ့ေကာင္ေလး ပိုးမရွိပါေစနဲ့ဗ်ာ။ မူရင္းပို့စ္ ပုိင္ရွင္ Credit

Unicode…စစ်တွေက ပြန်လာတဲ့ YBS မစီး Taxiမစီးဘဲ ကွာရန်တင်းဝင်ရန် လမ်းလျောက်ပြန်လာတဲ့ တာဝန်သိ ပြည်သူတစ်ဦး

YBS မစီးဘူး၊Taxi ငှားမရဘူး၊ quarantine စင်တာသို့ လမ်းလျှောက်လာခဲ့သူပါ။နေ့လည် (၄)နာရီခွဲလောက်က ၊ အားလုံး ပျင်းကုန်ကြတော့ ခနတဖြုတ်အနားယူဖို့ ကိုယ့်အခန်းကိုယ်ပြန်ကျပြီး အိပ်တဲ့သုူကအိပ်

(မနက်က swabယူတဲ့နေ့မို့ စောစောထရတာကိုး)အဲ့ဒီအချိန်မှာဘဲ ကွာရန်တင်း ဝင့်မယ့်သူ တစ်ဦး ရောက်ရှိလာတယ်။ဒါ့ကြောင့် အားလုံးဘဲအလုပ်ရှုပ်ပြီး ပျာယာ ခပ်ကုန်ကြတယ်။ဘာလို့လဲဆိုတော့ ကွာရန်တင်းဝင်မည့်သူက သူ့အစီစဉ်နဲ့သူ ရောက်လာတာပါ။

ဒါနဲ့ဘဲ ကိုယ်က သူ့ကို စပ်စု လိုက်မိတယ် ။သူက စစ်တွေက ပြန်လာတာတဲ့ လမ်းမှာကားနဲ့ (၁) ရက် ကြာတယ်တဲ့ ။ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကဖြစ်ပြီး စစ်တွေမှာ သွားအလုပ် သွားလုပ်တာပါတဲ့။သူပြန်လာပီး နောက်နေ့မှာဘဲ လော့ဒေါင်းချလိုက်တာတဲ့။

သူကလည်း ကူးစက်ပိုးတွေ ကြားချင်းအခြေနေတွေ မဆိုးခင် ပြန်လာရှာတာ ရန်ကုန်လည်းရောက်ရော ဟိုကလော့ဒေါင်း ကြေငြာတော့ သူ့မိန်းမက ပြန်မလာနဲ့ဦးတဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှ အိမ်ပြန်လာလို့ပြောပါတယ်။

တောမှာနေတဲ့ တောသူမ (၁)ယောက်ရဲ့ အသိစိတ်လေးဟာ အလွန်ချစ်ဖို့ိ ကောင်း လေးစားပြီး သူ့ယောက်ကျားကို ကွာရန်တင်း နေဖို့ သိသလောက် ဖုန်းနဲ့ ပြောပြနေတာရယ် ။ပြောချင်တဲ့လိုရင်းကတော့ခုမှပြောမှာ ။အဝေးပြေးကွင်းကို သူရောက်ပါပီတဲ့ အောင်မင်္ဂလာ ကားကြီးကွင်း။

သူက ပေါ့စတစ် များနေသည့်် အရပ်ဆီကနေ ပြန်လာတာဖြစ်ပေမယ့် mask အနွမ်းလေးတော့ တပ်ထားလျက်ပါ ။ပီးတော့ လက်ဖျား ခါလောက်မိပါရဲ့အံ့သြမှု့ (၁) ခုကတော့ ဒီညီလေး (ကိုယ့်ထက် ငယ်ပုံံပါ အလုပ်ကြမ်းဒဏ်ကြောင့် အသက်ကြီးပုံ)

သူဟာ စစ်တွေက ပြန်လာပြီး ကွာရန်တင်းသွားဝင်ရမှာ ဖြစ်သည့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောရှာပီး taxi တွေကို ငှါးပါတယ်တဲ့။အဲသလို ပြောတော့ ဘယ်taxiက လိုက်မှာတုန်း (ပို့မှာတုန်း) ဒီအစီးတွေ မရရင် နောက်အစီးတွေကျ လိမ်ညာ ငှါးလို့ရပါလျှက် ခုလိုပဲ အမှန်တိုင်းပြော ငှါးရှာတယ်။

အဲဒီလိုနဲ့ မနက် (၈)နာရီလောက်က လမ်းလျှောက်လာလိုက်တာဟာညနေ (၄)နာရီ စွန်းစွန်းမှာ ကျတော်ရှိတဲ့ လှိုင်တက္ကသိုလ်ဝန်း ဟိုးလမ်း၁ပတ်ကြီး ရှိတဲ့စင်တာဂိတ်ဆုံးဆီ ရောက်လာခဲ့တာပါ ။ဗိုက်ကလည်း အရမ်းဆာ နေရှာပုံပါပဲ။

ညီလေးဒီထမင်းဗူးလေး အရင်စား အဲဒီနားမှာပဲ အဲဒီဘေးက ပုံးထဲ ဗူးခွံပစ်နော် ညီလေး ဆိုပီးခပ်လှမ်းလှမ်းကနေ အကာအကွယ် ဝတ်စုံ ဝတ်ထားပီး သူ့ကို လှမ်းပေးလိုက်တယ်။ဟုတ်အကိုရီးတဲ့ .. စားနေလိုက်တာ ခေါင်းတောင်မဖော်ဘူးရယ် ။

ကျောပိုးအိတ်လေး (၁)လုံးရယ် ၊ လျှာထိုးဦးထုပ်လေး ဆောင်းပီး ဆွဲသားဘောင်းဘီ ကြပ်ကြပ်နဲ့ကွင်းထိုး ဖနပ်မဲလေးစီး အင်္ကျီကွက် လက်ရှည်လေး ဝတ်ထားတဲ့ အဆင်အယင်ဟာမြန်မာပလာဇာ (၁)ခုရဲ့ အတွင်းထဲမှာ တွေ့မိကြရင် လူကုန်ထံတွေကြား တောသားလေးအတွက် အထင်သေးစရာ အကြည့်တွေအောက်ရောက်နေမှာ ကျိန်ပြောရဲပါတယ်ဗျာ ။

ရန်ကုန်မှာ တချို့ ဝတ်ကောင်းစားလှတွေ ဝတ်ပီးMaskလေးတပ်ဖို့ ခဲယဉ်းနေချိန်မှာ ဒီတောသားလေးရဲ့ အသိစိတ်လေးကို လေးစားတာပါ။ ပြီးတော့ သူ့မိန်းမ တောသူမလေးကလည်း စိတ်ထားလေး ကောင်းလိုက်တာ။အောင်မင်္ဂလာကနေ ဒီ လှိုင်တက္ကသိုလ် အဝန်းထဲမက အတွင်းလမ်းမ တဆုံးအထိ ဝိုင်ဘီအက်မစီးပဲ taxiတွေကို မလိမ်ညာပဲ ငှါးမရလို့လမ်းလျှောက် လာခဲ့ရတာပါတဲ့။

သူပြောတာတေ နားထောင်ပီး ကျတော် မျက်ရည်ဝဲမိတာ (PPEဝတ်စုံကဖုံးကွယ် ထားပေးတယ်) ကျတော်တို့မြန်မာပြည်သူ/သားအားလုံး ဒီတောသားလေး လင်မယားရဲ့အသိစိတ်လေးမျိုး မွေးကြစေချင်ပါတယ်။

(သူ့ကို ကျတော်ကိုယ်တိုင် အခန်းလိုက်ပြပေး အဲကွန်းဖွင့်ပေး ရေမီးအစုံအခင်း ခေါင်းအုံး စောင် ရေချိုးဆပ်ပြာ ဆပ်ပြာမှုန့် သေသေချာချာ အခန်းထဲ ထည့်ပေးလိုက်ပါတယ်)စိတ်ထားကောင်းတဲ့ကောင်လေး ပိုးမရှိပါစေနဲ့ဗျာ။ မူရင်းပို့စ် ပိုင်ရှင် Credit

Tags: