စာဖတ်မည့် မည်သူမဆို တစ်နာရီစာဖတ်ပါက ငွေတစ်ထောင်ကျပ်အပြင် မုန့်ပါကျွေးမည့် လှည်းတန်း ကမာရွတ်က စာကြည့်တိုက်လေး
– လူတိုင်းစာဖတ်လာစေရန် ၊စာဖတ်ခြင်းမှ မှန်ကန်သည့်ဘ၀အတွေးအခေါ်များရရှိကာ မိမိဘ၀ကိုတိုးတက်အောင် ပုံဖော်ဖန်တီးနိုင်ကြရန် ယခုစာဖတ်ခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပါသည်။
၂။ မိတ်တဗလဋီကာ – ဦးနု
Unicode…မည်သူမဆို စာတစ်နာရီဖတ်ပါက ငွေတစ်ထောင်ကျပ်အပြင် မုန့်ပါကျွေးမည့် လှည်းတန်း ကမာရွတ်က စာကြည့်တိုက်လေး
စာကြည့်တိုက်လေးဟာ ကိုဗစ်ရောဂါတွေကြောင့် ယာယီရပ်နားခဲ့ရပေမယ့် အခုချိန်မှာ ပြန်စတော့မည်ဟု သိရှိရပါတယ်နော်။စာကြည့်တိုက်လေးဟာ အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း ညနေ(၆)နာရီ ည(၇)နာရီအထိ (စာဖတ်ချိန်တစ်နာရီ)ဖြစ်ပါတယ်နော်။
Royal Job Agency တွင်စာလာဖတ်ပါက လမ်းစရိတ်ငွေတစ်ထောင်(၁၀၀၀)ပေးပါပေးဦး မည်ဖြစ်ပါတယ်နော်။ဒါ့အပြင်စာကြည့်တိုက်လေးဟာ စာလာဖတ် သူတေကို – ကော်ဖီ၊မုန့်များလည်းအခမဲ့တိုက်ကျွေးပါမည်။
– Royal Job Agency မှစီစဉ်ထားသောအောက်ဖော်ပြပါ စာအုပ်များကိုသာ ဖတ်ရှုရပါမည်။
– စာဖတ်နေချိန် ဖုန်းလုံးဝသုံးစွဲခွင့်မပြုပါ။
– ဘဝတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့်စာအုပ်များသာစီစဉ်ထားပါသည်။
– Royal Job Agency မှစီစဉ်ပေးထားသော စာအုပ်များမှ (၁၀)အုပ်ပြည့်အောင်သာဖတ်ပါ။ သင့်အတွေးခေါ်အယူအဆများ ပိုမိုတိုးတက်အားကောင်းလာကာ သင့်ဘဝတိုးတက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
– လူတိုင်းစာဖတ်လာစေရန် ၊စာဖတ်ခြင်းမှ မှန်ကန်သည့်ဘဝအတွေးအခေါ်များရရှိကာ မိမိဘဝကိုတိုးတက်အောင် ပုံဖော်ဖန်တီးနိူင်ကြရန် ယခုစာဖတ်ခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပါသည်။
ဖတ်ရှုကြရမည့်စာအုပ်များမှာ
1။ စုန်ဆင်းသွားသော မေတ္တာများ – ချမ်းသာထွန်း
၂။ မိတ်တဗလဋီကာ – ဦးနု
3။ မင်္ဂလာရှိသောမန်နေဂျာ – ဝင်းသိန်းဦး
4။ ထိပ်ဆုံးမှာတွေ့ကြမယ် ခင်မောင်ညို(ဘောဂဗေဒ) 5။ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ – မိုးရှင်း
6။ နေ့တိုင်းပျော်ပါတယ် – ထက်ထက်ထွန်း(Waterfall)
7။ ငါ့အတွက်ငါရှိတယ် – လင်းရောင်စင်
8။ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ – ဖေမြင့်
9။ ၂၁ ရာစုပြည်သူ့နီတိ – တင်ညွန့်
10။ ဒေါ်လာ ၁၀၀ ကိုယ်ပိုင်လုပ်ငန်းတစ်ခု – Du Du ဘာသာပြန် 11။ သျှောင်ပေစူး(ဝတ္ထုတိုများ) – ခင်ခင်ထူး
12။ ခွပ်ဒေါင်းဧကရီ(သို့)ဒေါ်အောင်ဆန်းစုကြည်၏ဘဝခရီး – ရဲမြလွင် (ဘာသာပြန်သည်)
13။ငြိမ်းအေးသောဘဝပိုင်ရှင် – အရှင်ဆန္ဒာဓိက
14။အလင်းစေတမန် – အရှင်ဆန္ဒာဓိက
15။ မေတ္တာကြောင့်သာ မဟုတ်ခဲ့လျှင် – ချမ်းသာထွန်း စာကြည့်တိုက်လေးမှာ ဘဝအောင်မြင်မှုကိုအထောက်အကူဖြစ်စေမည့် အခြားသုတ/ရသစာအုပ်မျိုးစုံ (၁၀၀၀)ကျော်ရှိပါတယ် တဲ့နော်။
ချစ်တဲ့ ပရိတ်သတ်ကြီးလည်း စာဖတ်ချင်တဲ့ မိတ်ဆွေတို့ရဲ့သူငယ်ချင်းတွေသိအောင် ရှယ်ပေးကြပါအုံးနော်။စာကြည့်တိုက်လေးရဲ့လိပ်စာကတော့ အမှတ်(၁၈)၊ ၆လွှာ၊ဘီ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ်မှာဖြစ်ပါတယ်။
လှည်းတန်းမှတ်တိုင်မှာဆင်းရန်- စာရင်းပေးရန်ဖုန်း -09 400 400 769 (အပတ်စဉ် တနင်္လာ+အင်္ဂါ)ကြိုတင်စာရင်းပေးရန်လိုအပ်ပါတယ်တဲ့နော်။ Credit-Royal Job Agency