ရာနဲ႔ခ်ီတဲ့ဆိုက္ကားဆရာေတြအတြက္ ေမြးေန႔မတိုင္ခင္ လႉဒါန္းေပးႏိုင္ဖို႔ စီစဥ္ေနတဲ့ ယုန္ေလး

ရာနဲ႔ခ်ီတဲ့ဆိုက္ကားဆရာေတြအတြက္ ေမြးေန႔မတိုင္ခင္ လႉဒါန္းေပးႏိုင္ဖို႔ စီစဥ္ေနတဲ့ ယုန္ေလး

ကိုယ္ရရွိတဲ့ အႏုပညာေၾကးထဲကေန ခ်ိဳ႕တဲ့သူေတြအတြက္ ဆက္တိုက္ကူညီေနသူ ယုန္ေလးကေတာ့ မၾကာခင္ရက္ပိုင္းအတြင္း မွာ က်ေရာက္ေတာ့မယ့္ သူ႔ရဲ႕ေမြးေန႔မတိုင္ခင္ အလႉႀကီးအတန္းႀကီးေပးႏိုင္ဖို႔ စီစဥ္ထားေၾကာင္း မွ်ေဝလာပါတယ္။

ယုန္ေလးရဲ႕ေမြးေန႔ကေတာ့ စက္တင္ဘာက(၁၃) ရက္ေန႔ျဖစ္ၿပီး သူ႔ ရဲ႕ေမြးေန႔မွာေတာ့ လုပ္ေနက်အတိုင္း ဘာသာႀကီးေလးခုအတြက္ လႉဒါန္းေပးသြားမယ္ ဆိုတဲ့အေၾကာင္းနဲ႔ ပက္သက္ၿပီး သူ႔ရဲ႕ ဆိုရွယ္မီဒီယာကေနတဆင့္ အခုလိုပဲ အသိေပးခဲ့ပါတယ္။

သက္ႀကီး႐ြယ္အိုမ်ား နဲ႔ ေဈးေရာင္းၿပီး ႐ုန္းကန္ေနရေသာ သက္ႀကီး႐ြယ္အိုမ်ား အေျခခံ လူတန္းစားမ်ားဆိုက္ကား နင္းတဲ့ ဆရာႀကီးမ်ား အတြက္ အလႉေလး ခံခ်င္ပါတယ္ခင္မ်ား လြန္ခဲ့တဲ့ ၁လေက်ာ္ေလာက္ထဲက လုပ္ခ်င္တာ အခုမွ အေကာင္ထည္ေဖာ္မွာပါ ကြၽန္ေတာ့္ ေမြးလ ကို ဦးတည္ၿပီး လုပ္ခ်င္လို႔ပါ ေမြးေန႔က စက္တင္ဘာ ၁၃ ပါ ေမြးေန႔မွာေတာ့ ထုံးစံ တိုင္းဘာသာႀကီး ၄ခုကိုလႉမယ္ ။

ေမြးေန႔ကိုေတာ့ ကိုယ့္ရွိတာနဲ႔ပဲ လႉပါမယ္ ဘယ္သူ႔မွ အလႉ မခံပါဘူး အခုအလႉကေတာ့ ေမြးလ ၉လပိုင္း ၁ ရက္ေန႔ကို ဦးတည္ထားပါတယ္ အနည္းဆုံး အေယာက္ ၂၀၀ ေလာက္ကို လႉခ်င္ပါတယ္။

အလႉေငြ ပိုမ်ားရင္ ၿမိဳ႕နယ္ မ်ားမ်ား လူဦးေရ မ်ားမ်ား လႉမယ့္ ပစၥည္းမ်ားမ်ား ပိုလႉႏိုင္တာေပါ့ ဦးေက်ာ္ထူး ဆီက ဆန္အိတ္ေတြ အားေပးၿပီး ဆန္လႉမယ္ ေနာက္ လိုအပ္တာေလးေတြရယ္ ကိုဧရာ ထီေရာင္းေနေတာ့ ကိုဧရာစီက အားေပးမယ္ အဓိက က ထီလက္မွတ္ေလးေတြ လႉခ်င္တာတကယ္လို ထီဆိုင္ေတြကလည္း စပြန္ဆာအေနနဲ႔ လာကူမယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပါ့ဗ်ာ။

လိုအပ္တာေတြ ထက္ ထီေလး ဆုေသးေသးႀကီးႀကီး လႉတဲ့ အေယာက္ ၂၀၀ ၃၀၀ ထဲက ေပါက္မယ္လို႔လည္း ေမွ်ာ္လင့္တယ္ အဲ့အတြက္ လည္းကြၽန္ေတာ္ ေညာင္ ၁၀ ပင္ ဓိဌာန္ ကိုအခုလာမယ့္ ဗုဒၶဟူးေန႔ ဝင္ပါမယ္ ကြၽန္ေတာ္ျဖစ္ခ်င္တာတို႔ ကြၽန္ေတာ့ အခက္ခဲတို႔ ဘာဆုမွမေတာင္းဘူး ကြၽန္ေတာ့္ ကူမယ့္လူမ်ား ထီ ဆုေသးေသး ႀကီးႀကီး ေပါက္ပါေစပဲ ဆုေတာင္းမွာပါ အားလုံးလည္း ဝိုင္းဆုေတာင္းေပးက်ပါ ဆိုကာ သူ႔ရဲ႕ အလႉအစီအစဥ္ အေသးစိတ္ကို ေျပာျပခဲ့ပါတယ္။

အေျခခံလူတန္းစားေတြ အတြက္ လႉဒါန္းေပးႏိုင္ဖို႔ စီစဥ္ေနတဲ့ ယုန္ေလးရဲ႕အလႉေလးကို ျပန္လည္မွ်ေဝ ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ တစ္ေယာက္စီတိုင္းကို ေက်းဇူးအထူး တင္ရွိပါတယ္ရွင္။ credit: San Kyi Par

unicode . . .

ရာနဲ့ချီတဲ့ဆိုက်ကားဆရာတွေအတွက် မွေးနေ့မတိုင်ခင် လှူဒါန်းပေးနိုင်ဖို့ စီစဉ်နေတဲ့ ယုန်လေး

ကိုယ်ရရှိတဲ့ အနုပညာကြေးထဲကနေ ချို့တဲ့သူတွေအတွက် ဆက် တိုက်ကူညီနေသူ ယုန်လေးကတော့ မကြာခင်ရက်ပိုင်းအတွင်း မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့မတိုင်ခင် အလှူကြီးအတန်းကြီးပေးနိုင်ဖို့ စီစဉ်ထားကြောင်း မျှဝေလာပါတယ်။

ယုန်လေးရဲ့မွေးနေ့ကတော့ စက်တင်ဘာက(၁၃) ရက်နေ့ဖြစ်ပြီး သူ့ရဲ့မွေးနေ့မှာတော့ လုပ်နေကျအတိုင်း ဘာသာကြီး လေးခုအ တွက် လှူဒါန်းပေးသွားမယ် ဆိုတဲ့အကြောင်းနဲ့ ပက်သက်ပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် အခုလိုပဲ အသိပေးခဲ့ပါတယ်။

သက်ကြီးရွယ်အိုများ နဲ့ ဈေးရောင်းပြီး ရုန်းကန်နေရသော သက် ကြီးရွယ်အိုများ အခြေခံ လူတန်းစားများဆိုက်ကား နင်းတဲ့ ဆရာ ကြီးများ အတွက် အလှူလေး ခံချင်ပါတယ်ခင်များ လွန်ခဲ့တဲ့ ၁လကျော်လောက်ထဲက လုပ်ချင်တာ အခုမှ အကောင်ထည်ဖော်မှာပါ ကျွန်တော့် မွေးလ ကို ဦးတည်ပြီး လုပ်ချင်လို့ပါ မွေးနေ့က စက် တင်ဘာ ၁၃ ပါ မွေးနေ့မှာတော့ ထုံးစံ တိုင်းဘာသာကြီး ၄ခုကိုလှူမယ် ။

မွေးနေ့ကိုတော့ ကိုယ့်ရှိတာနဲ့ပဲ လှူပါမယ် ဘယ်သူ့မှ အလှူ မခံပါဘူး အခုအလှူကတော့ မွေးလ ၉လပိုင်း ၁ ရက်နေ့ကို ဦးတည်ထားပါတယ် အနည်းဆုံး အယောက် ၂၀၀ လောက်ကို လှူချင်ပါတယ်။

အလှူငွေ ပိုများရင် မြို့နယ် များများ လူဦးရေ များများ လှူမယ့် ပစ္စည်းများများ ပိုလှူနိုင်တာပေါ့ ဦးကျော်ထူး ဆီက ဆန်အိတ်တွေ အားပေးပြီး ဆန်လှူမယ် နောက် လိုအပ်တာလေးတွေရယ် ကိုဧရာ ထီရောင်းနေတော့ ကိုဧရာစီက အားပေးမယ် အဓိက က ထီလက် မှတ်လေးတွေ လှူချင်တာ တကယ်လို့ ထီဆိုင်တွေ ကလည်း စပွန်ဆာအနေနဲ့ လာကူမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

လိုအပ်တာတွေ ထက် ထီလေး ဆုသေးသေး ကြီးကြီး လှူတဲ့ အယောက် ၂၀၀ ၃၀၀ ထဲက ပေါက်မယ်လို့လည်း မျှော်လင့်တယ် အဲ့အတွက် လည်းကျွန်တော် ညောင် ၁၀ ပင် ဓိဌာန် ကိုအခုလာမယ့် ဗုဒ္ဓဟူးနေ့ ဝင်ပါမယ် ကျွန်တော်ဖြစ်ချင်တာတို့ ကျွန်တော့ အခက်ခဲတို့ ဘာဆုမှမတောင်းဘူး ကျွန်တော့် ကူမယ့်လူများ ထီ ဆုသေးသေး ကြီးကြီး ပေါက်ပါစေပဲ ဆုတောင်းမှာပါ အားလုံးလည်း ဝိုင်းဆုတောင်းပေးကျပါ ဆိုကာ သူ့ရဲ့ အလှူအစီအစဉ် အသေးစိတ်ကို ပြောပြခဲ့ပါတယ်။

အခြေခံလူတန်းစားတွေ အတွက် လှူဒါန်းပေးနိုင်ဖို့ စီစဉ်နေတဲ့ ယုန်လေးရဲ့ အလှူလေးကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက် ပါတယ်နေ ။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်စီတိုင်းကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။ credit: San Kyi Par

Add a Comment

Your email address will not be published. Required fields are marked *