စစ်တွေမြို့မှာ လတ်တတော အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်းစက်တစ်လုံး လှူဒါန်းပေးခဲ့တဲ့ မင်းသား ခန့်စည်သူ









unicode . . .

စစ်တွေမြို့မှာ လတ်တတော အရေးတကြီး လိုအပ်နေတဲ့ပိုးသတ် ဆေးဖြန်းစက်တစ်လုံး လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ အနုပညာ အလုပ်တွေကို ဒီနေ့ဒီ အချိန်ထိတိုင် စွဲစွဲမြဲမြဲ လုပ်ကိုင်နေသလို အသက် အရွယ်အရလည်း ဘာသာရေးနဲ့ ကုသိုလ် ရေးကိုလည်း ပိုမိုအာရုံစိုက် လုပ်ကိုင် နေလျက်ရှိပါတယ်။

အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လုပ်ကိုင်တဲ့ ခန့်စည်သူက နိုင်ငံတော်က ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိပိုင် ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာလည်း ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတဲ့ ခန့်စည်သူက ဒီကနေ့ ပြုခဲ့တဲ့ သူ့ရဲ့ ကုသိုလ်လေးကို အခုလိုပဲ မျှ ဝေပြောပြလာပါတယ်။

ခန့်စည်သူက သူ့ရဲ့ အလှူလေးနဲ့ ပက်သတ်ပြီး ရခိုင်ပြည်နယ်၊စစ်တွေမြို့အတွက် အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်းစက်တစ်လုံးကို ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့သို့ လှူဒါန်းခဲ့ပါတယ်။

နိုင်ငံသူ၊နိုင်ငံသားများ အန္တရာယ်၊ ကပ်ဆိုးကြီးဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။ ဆိုပြီး သူ့ရဲ့ အလှူလေးကို ပရိသတ်တွေ ထပ် တူ ပီတိဖြစ်စေနိုင်ဖို့အတွက် မျှဝေပြောပြထားပါတယ်။

ခန့်စည်သူကတော့ လက်ရှိ အရေးတကြီး လိုအပ်နေတဲ့ နေရာအ တွက်အလှူအတန်းတွေကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိ သတ်ကြီးလည်း ခန့်စည်သူရဲ့ အလှူလေးအတွက် ဝမ်းမြောက်စွာသာဓု ခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။credit: THE TWELVE-MYANMAR NEWS