Follower တိုးဖို့အတွက် သရုပ်ဆောင်တွေကို ကြော်ငြာခေါ်ရိုက်နေတယ်လို့ ဖြူဖြူထွေးကို ပြင်းထန်စွာဝေဖန်လာတဲ့ သရုပ်ဆောင် မင်းခန့်ကျော်
unicode version . . .
ကြော်ငြာခေါ်ရိုက်တဲ့ သရုပ်ဆောင်တွေကိုမှီပြီး Follower, Like & Share တိုးဖို့အတွက် လှေကားထစ်လို ဘဝတစ်ခုကို ဖြတ်သန်းနေတယ်လို့ ဖြူဖြူထွေးကို ပြင်းထန်စွာ ဝေဖန်လာတဲ့ သရုပ်ဆောင် မင်းခန့်ကျော်
သရုပ်ဆောင် ဖြူဖြူထွေးက သွက်လက်ပြီး ဟန်ဆောင်မှုမရှိတာကြောင့် လူကြီး၊ လူငယ်တိုင်းရဲ့ အားပေးမှုကို ရရှိ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက အွန်လိုင်း ဆယ်လီတစ်ယာက် အဖြစ်ကနေအနုပညာရှင်အဖြစ် ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းခန့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေကို ရိုက် ကူးလေ့ရှိတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင် တစ်ဦးပါ ။ ဖြူဖြူထွေးက သူမကို လာရောက်အပ်နှံတဲ့ ကြော်ငြာတွေကို သူမကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်သရုပ်ဆောင် ရိုက်ကူးတာပဲဖြစ်ပါတယ်။
ဒီလို ရိုက်ကူးရာမှာ ဇာတ်ပို့ သရုပ်ဆောင်တွေကို ခေါ်ယူ အသုံးပြုတာနဲ့ပတ်သတ်ပြီး မင်းခန့်ကျော်က ပြင်းထန်စွာ ဖန်လာခဲ့တာပါ မင်းခန့်ကျော်က အဲဒီစကားလုံး သူတကယ်ပြောခဲ့တယ်ဆိုရင် ရိုင်းတယ်ဗျ။
သူခေါ်ရိုက်မှ အနုပညာသမားတွေက ထမင်းစားကြရတယ်လို့ပြောရင်တော့ အရမ်းရိုင်းတယ်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာသမားတွေ လက်ရှိ ကာလမှာ အလုပ် မလုပ်ကြရဘူး ဆိုတာက Lockdown ကာလမို့ပါဟု ပြင်းထန်စွာ ဝေဖန်လာခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မင်းခန့်ကျော်က သူခေါ်ရိုက်မှ ဒီလူတွေအဆင်ပြေတယ် ဒီလူတွေကို သူက အလုပ်တွေ ပေးနေတာပါလို့ သူအမြဲ တ မ်း ပြောတယ်။ အဲ့စကားလုံးကြီးကို မသုံးစေချင်ဘူး သူသည် ဒီလူတွေကို မှီပြီး Follower, Like & Share တိုးဖို့အတွက် လှေကားထစ်လို ဘဝတစ်ခုကို ဖြတ်သန်းနေတာဟု ပြင်းထန်စွာစွပ်စွဲ လာခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ဖြူဖြူထွေး တစ်ယောက်ကတော့ အခုရက်ပိုင်းမှာသရုပ်ဆောင်တစ်ချို့ရဲ့ ဝေဖန် တိုက်ခိုက်မှုတွေကို ခံန ရတာပါနော်။ မင်းခန့်ကျော်ရဲ့ ဝေဖန်မှုအပေါ် အမြင်ကိုလည်း ပြောခဲ့ကြပါအုန်းနော်။ crd :Shwe Yaung Myanmar