ပရိသတ်တစ်ဦးရဲ့မိခင် နေမကောင်းတာ ကုသဖို့ ဆေးဖိုးအလှူငွေထည့်ထားတဲ့ စာအိတ်လေး လှူဒါန်းခဲ့တဲ့ မင်းသမီချောလေး မြတ်သူသူ
unicode version . . .
ပရိသတ်တစ်ဦးရဲ့မိခင် နေမကောင်းတာ ကုသဖို့ ဆေးဖိုးအလှူငွေထည့်ထားတဲ့ စာအိတ်လေး လှူဒါန်းခဲ့တဲ့ မြတ်သူသူ
စိတ်ထားဖြူစင်ပြီး ရိုးသားလှတာကြောင့် မြတ်သူသူကတော့ ပရိ သတ်တွေ အချစ်ပိုနေရတဲ့ ပရိသတ် အချစ်တော် မင်းသမီးချောလေး တစ်ယောက်ပါ။
လူလေးကလည်း လှသလို စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်လှပြီး အလှူအတန်း ရက်ရောလွန်းလှတာကြောင့် ပရိသတ်တွေက မြတ်သူသူရဲ့ စိတ်ထားလေးကို ချီးကျူးနေခဲ့ကြ ပါသေးတယ်။
လတ်တလောမှာလည်း မြတ်သူသူက သူ့ကို အားပေးနေတဲ့ အမာခံပရိသတ်တစ်ယောက်ရဲ့ မိခင်အတွက် ဆေးကုသဖို့ တတ်နိုင်သ လောက်လှူဒါန်းပေးလိုက်ပါတယ်။
မိခင်ကြီးပဆေးကုသဖို့ ဆေးဖိုးဝါးခအခက်အခဲဖြစ်နေတာကြောင့် စိတ်မကောင်းဖြစ် နေတဲ့ ပရိသတ် တစ်ယောက်ကို အဖြူထည်သ က်သက် ဘာမျှော်လင့်ချက်မှာမထားဘဲ မြတ်သူသူက သူတတ်နိုင်သလောက် ဆေးဖိုးဝါးခကို လှူဒါန်းပေးခဲ့တာပါ။
ဆေးဖိုးအလှူငွေ ထည့်ထားတဲ့ စာအိတ်လေးရဲ့အပေါ်မှာလည်း တ ရိုတသေနဲ့ ဒါနပြု ကုသိုလ်ယူလှူဒါန်းဖို့ တောင်းဆိုထားခဲ့ပြီး အမြန်ဆုံး ပြန်လည် ကျန်းမာစေဖို့ ဆုမွန်ကောင်းတွေ တောင်းဆိုပေးထာပါသေးတယ်။ ပရိသတ်ကြီးရေ မြတ်သူသူရဲ့ စိတ်ထားလေး က တော့ ချီးကျူးထိုက် ပါပေတယ်နော်။ source : Myat Thu Thu’s fb
Add a Comment
Your email address will not be published. Required fields are marked *