ရန်ကုန်မြို့တွင် Mask ဈေးနှုန်း အခု ၅၀ ပါတစ်ဘူးကို ဗိုလ်ချုပ်ဈေးသစ်မှာ ကျပ် ၁၂၀၀ မှ ကျပ် ၈၀၀၀ ကျော်အထိ မြင့်တက်
unicode version . . .
ရန်ကုန်တွင် Mask ဈေးနှုန်း အခု ၅၀ ပါတစ်ဘူးကို ဗိုလ်ချုပ်ဈေးသစ်မှာ ကျပ် ၁၂၀၀ မှ ကျပ် ၈၀၀၀ ကျော်အထိ မြင့်တက်
ယခုရက်ပိုင်းအတွင်း ရန်ကုန်တွင် Mask ဈေးနှုန်း အခု ၅၀ ပါတစ်ဘူးကို ဗိုလ်ချုပ်ဈေးသစ်မှာ ကျပ် ၁၂၀၀ မှ ကျပ် ၈၀၀၀ ကျော် အထိ မြင့်တက်သွားတယ်လို့ Mask ဝယ်သူများက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။
စစ်တွေတွင် ကိုဗစ်လူနာများထပ်မံတွေ့ရှိပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ Mask ဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားခြင်းဖြစ်ပါတယ်။တာမွေမြို့နယ်နေ မမို့မို့က Mask ၃ လွှာ အခု ၅၀ ပါတစ်ဘူးကို ကျပ် ၁၂၀၀ ကအများဆုံးပဲ အခု ဒီနေ့ ဗိုလ်ချုပ်ဈေးသစ်မှာ Mask ၃ လွှာ အခု ၅၀ ပါတစ်ဘူးကို အနည်းဆုံးကျပ် ၈၀၀၀ တက်သွားတယ်။
အဲဒါကြောင့် မဝယ်ခဲ့ဘူး လို့ မြန်မာ့ပလက်ဖောင်းကို ပြောပါတ ယ်။ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ များပြားလာပြီးနောက် လတ်တလော ပြည်တွင်းဈေးကွက်မှာ Mask ဈေးနှုန်း အနည်းငယ် ပြန်တက်လာတယ်လို့ Mask ဝယ်ယူသုံးစွဲတဲ့ သူတွေထံကဆိုပါတယ်။
Mask သွားရောက် ဝယ်ခဲ့သူ ကိုဝင်းအောင်က ၁၈ ရက်နေ့တုန်းက ဝယ်တာ တစ်ဘူး ၁၂၀၀ ပဲ ။ ဒီနေ့ ဝယ်တာ ကျပ် ၃၅၀၀ ပေးရတယ် လို့ ပြောပါတယ်။
လက်ရှိတွင် Mask ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းအတွက် နောက်ကွယ်က ဈေးကစားသည့် လုပ်ငန်းရှင်များကို Covid-19 ကာကွယ်ရေးထိန်းချုပ်ရေး ကော်မတီမှ ပြင်းပြင်ထန်ထန် အရေးယူ သင့် တယ်လို့ သုံးသပ်မှုများလည်း ရှိနေပါတယ်။ credit : Myanmarplatform