သင္တစ္ခါမွ မၾကားဖူးေလာက္တဲ့ လံုးဝကို အံၾသသြားေစမယ့္ ဂင္းနစ္ကမၻာ့စံခ်ိန္မ်ား

သင္တစ္ခါမွ မၾကားဖူးေလာက္တဲ့ ဂင္းနစ္ကမၻာ့စံခ်ိန္မ်ားဂင္းနစ္စံခ်ိန္ေတြအေၾကာင္းကိုေတာ့ အားလုံးကို အေထြအထူးရွင္းျပေနစရာလိုမယ္လို့ မထင္ပါဘူး။

ကမၻာတစ္လႊားမွာရွိတဲ့ သူေတြဟာ မိမိတို့ရဲ့ နာမည္ကိုသမိုင္းစာမ်က္ႏွာမွာက်န္ခဲ့ဖို့ အတြက္ ဒီဂင္းနစ္မွတ္တမ္းစာအုပ္မွာ ပါဝင္ေရးကို ေန႔စဥ္ႀကိဳးပမ္းလ်က္ ရွိၾကပါတယ္။ ဒီထဲကမွ အခုႏွစ္ပိုင္းအတြင္း စံခ်ိန္တင္နိုင္ခဲ့တဲ့ ထူးထူးဆန္းဆန္း အေၾကာင္းအရာေတြကို ေဖာ္ျပရမယ္ဆိုရင္ေတာ့

၁။ “အသက္ (၂၁၀) ရွိတဲ့စုံတြဲ” ကမၻာ့အသက္အႀကီးဆုံး သက္ရွိထင္ရွား စုံတြဲတစ္တြဲကေတာ့ ဂ်ပန္နိုင္ငံမွာရွိေနပါတယ္။ သူတို့ကေတာ့ မိယာကိုဆိုနီုဒါလို့ အမည္ရတဲ့ ဖြားဖြားနဲ႔ မာဆာအိုမတ္ဆုမိုတိုလို့ အမည္ရတဲ့ ဖိုးဖိုးတို့ပဲျဖစ္ပါတယ္။ ဒီဖိုးဖိုးနဲ႔ဖြားဖြားစုံတြဲကေတာ့ ႏွစ္ဦးေပါင္းအသက္က (၂၁၀) ႏွစ္နဲ႔ (၁၂၁) ရက္ရွိၿပီလို့ သိရပါတယ္။ သူတို့ရဲ့ အိမ္ေထာင္ သက္တမ္းကေတာ့ ႏွစ္ေပါင္း (၈၁) ႏွစ္ရွိၿပီလို့သိရပါတယ္။

၂။ “Like အမ်ားဆုံးရခဲ့တဲ့ ၾကက္ဥ” ဒီၾကက္ဥပုံကိုအထင္ေသးမယ္ဆိုရင္ေတာ့ မွားသြားပါလိမ့္မယ္။ ဘာလို့လဲဆိုေတာ့ ဒီၾကက္ဥပုံက အင္စတာဂရမ္မွာ Like အေရအတြက္ (၃၀.၅) သန္းအထိရရွိခဲ့လို့ပဲျဖစ္ပါတယ္။ ဒါဟာ အင္စတာဂရမ္မွာ ပို့စ္တစ္ခုအတြက္ Like အေရအတြက္ ပမာဏ အမ်ားဆုံးလည္းျဖစ္ခဲ့ပါတယ္။ ယခင္အမ်ားဆုံး စံခ်ိန္တင္ထားတဲ့ ကိုင္လီဂ်န္နာ ရဲ့ပို့စ္ေတာင္ စုစုေပါင္း Like အေရအတြက္ (၁၈) သန္း ဝန္းက်င္သာ ရဖူးတာေၾကာင့္ ကိုၾကက္ဥက အျပတ္အသတ္ စံခ်ိန္ ခ်ိဳးခဲ့တာလည္း ျဖစ္ပါတယ္။

၃။ “စိန္တုံး (၇,၇၇၇) တုံးပါဝင္တဲ့လက္စြပ္”အိႏၵိယနိုင္ငံ မြန္ဘိုင္းၿမိဳ့ကလက္ဝတ္ရတနာဆိုင္တစ္ခုဟာ ဂင္းနစ္မွတ္တမ္းဝင္မည့္ လက္ဝတ္ရတနာတစ္ခုကို ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္အတြင္းမွာ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ စိန္တုံးေပါင္း (၇,၇၇၇) တုံးနဲ႔ျပဳလုပ္ထားတဲ့ စိန္လက္စြပ္တစ္ကြင္းပဲျဖစ္ပါတယ္။ ဒါဟာ လက္စြပ္တစ္ကြင္းထဲမွာ စိန္တုံးအမ်ားဆုံးပါဝင္တာလည္းျဖစ္ပါတယ္။

၄။ “သဲနဲ႔ျပဳလုပ္ထားတဲ့ ကမၻာ့အႀကီးဆုံး ရဲတိုက္” ဂ်ာမနီ နိုင္ငံက သဲပန္းခ်ီပညာရွင္အခ်ိဳ့ဟာ Binz ကမ္းေျခမွာ သဲနဲ႔ျပဳလုပ္ထားတဲ့ ရဲတိုက္တစ္ခုကို ေဆာက္လုပ္ဖန္တီးခဲ့ၾကပါတယ္။ ဒီရဲတိုက္ဟာဆိုရင္ ေျမျပင္ကေန (၅၇) ေပျမင့္ၿပီး သဲအေလးခ်ိန္ စုစုေပါင္း (၂၄၀၀၀) အထိအသုံးျပဳၿပီး ေဆာက္လုပ္ခဲ့လို့ ကမၻာ့အႀကီးဆုံး သဲနဲ႔ျပဳလုပ္ဖန္တီးထားတဲ့ အေဆာက္အအုံအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

၅။ “ေပ (၆၀၀) ေက်ာ္ ၾကက္ဥေခါက္ဆြဲ”ဂ်ပန္နိုင္ငံက စားဖိုမွုးတစ္ဦးျဖစ္တဲ့ ဟီရိုရွိကူရိုဒါဆိုသူဟာ ေပ (၆၀၀) ေက်ာ္ရွည္လ်ားတဲ့ လက္လုပ္ၾကက္ဥေခါက္ဆြဲကို ျပဳလုပ္နိုင္ခဲ့ပါတယ္။ သူဟာ ဒီအရာကို တစ္ကိုယ္ေတာ္ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

၆။ “(၅) နာရီနဲ႔ Follower သန္းခ်ီရသူ” ကမၻာေက်ာ္ ဝါရင့္မင္းသမီးႀကီး ဂ်နီဖာအင္းနစၥတန္ဟာ အင္စတာဂရမ္ လူမွုကြန္ရက္ စာမ်က္ႏွာမွာ အေကာင့္ ျပဳလုပ္ခဲ့ၿပီး (၅) နာရီနဲ႔ (၁၆) မိနစ္အၾကာမွာ သူ႔ကို Follower ျပဳလုပ္သူ (၁) သန္းအထိရွိခဲ့ပါသတဲ့။ ဒါဟာ အင္စတာဂရမ္သမိုင္းမွာ အျမန္ဆုံး Followers (၁) သန္းျပည့္ေျမာက္ခဲ့တာလည္းျဖစ္ပါတယ္

၇။ “Giant Teddy Bear” ၿပီးခဲ့တဲ့ ဧၿပီလထဲမွာေတာ့ မကၠဆီကိုမွာရွိတဲ့ Xonacatlan ဆိုတဲ့အဖြဲ႕အစည္းတစ္ခုဟာ ဧရာမ ဝက္ဝံ႐ုပ္ (Giant Teddt Bear) ႀကီးကိုျပဳလုပ္ဖန္တီးၿပီး ဂင္းနစ္စံခ်ိန္တင္ခဲ့ၾကပါတယ္။ ဒီအ႐ုပ္ႀကီးက (၆၃) ေပ (၈) လက္မရွည္လ်ားၿပီး အေလးခ်ိန္ ေပါင္ (၈၀၀၀) ေလာက္ေလးတယ္လို့သိရပါတယ္။

အခု တင္ဆက္ေပးတဲ့ အေၾကာင္းအရာေလးကို ဖတ္ရွုၿပီး အားလုံးေက်နပ္ႏွစ္သိမ့္ နိုင္ၾကမယ္လို့ ေမၽွာ္လင့္ပါတယ္။ ေနာက္ထပ္လည္း ဘယ္လို စိတ္ဝင္စားဖြယ္ အေၾကာင္းအရာေတြ တင္ဆက္ေပးသြားဦးမလဲဆိုတာ ဆက္လက္ အားေပးၾကပါဦးေနာ္။

unicode version . . .

သင်တစ်ခါမှ မကြားဖူးလောက်တဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်များဂင်းန စ်စံချိန်တွေအကြောင်းကိုတော့ အားလုံးကို အထွေအထူးရှင်းပြနေစရာလိုမယ်လို့ မထင်ပါဘူး။

ကမ္ဘာတစ်လွှားမှာရှိတဲ့ သူတွေဟာ မိမိတို့ရဲ့ နာမည်ကိုသမိုင်းစာမျ က်နှာမှာကျန်ခဲ့ဖို့ အတွက် ဒီဂင်းနစ်မှတ်တမ်းစာအုပ်မှာ ပါဝင်ရေးကို နေ့စဉ်ကြိုးပမ်းလျက် ရှိကြပါတယ်။ ဒီထဲကမှ အခုနှစ်ပိုင်းအ တွင်း စံချိန်တင်နိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ဖော်ပြရမယ်ဆိုရင်တော့

၁။ “အသက် (၂၁၀) ရှိတဲ့စုံတွဲ”ကမ္ဘာ့အသက်အကြီးဆုံး သက် ရှိထင်ရှား စုံတွဲတစ်တွဲကတော့ ဂျပန်နိုင်ငံမှာရှိနေပါတယ်။ သူတို့ကတော့ မိယာကိုဆိုနီုဒါလို့ အမည်ရတဲ့ ဖွားဖွားနဲ့ မာဆာအိုမတ်ဆုမိုတိုလို့ အမည်ရတဲ့ ဖိုးဖိုးတို့ပဲဖြစ်ပါတယ်။ ဒီဖိုးဖိုးနဲ့ဖွားဖွားစုံတွဲကတော့ နှစ်ဦးပေါင်းအသက်က (၂၁၀) နှစ်နဲ့ (၁၂၁) ရက်ရှိပြီလို့ သိရပါတယ်။ သူတို့ရဲ့ အိမ်ထောင် သက်တမ်းကတော့ နှစ်ပေါင်း (၈၁) နှစ်ရှိပြီလို့သိရပါတယ်။

၂။ “Like အများဆုံးရခဲ့တဲ့ ကြက်ဥ” ဒီကြက်ဥပုံကိုအထင်သေးမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကြက်ဥပုံက အင်စတာဂရမ်မှာ Like အရေအတွက် (၃၀.၅) သန်းအထိရရှိခဲ့လို့ပဲဖြစ်ပါတယ်။ ဒါဟာ အင်စတာဂရမ်မှာ ပို့စ်တစ်ခုအတွက် Like အရေအတွက် ပမာဏ အများဆုံးလည်းဖြစ်ခဲ့ပါတယ်။ ယ ခင်အများဆုံး စံချိန်တင်ထားတဲ့ ကိုင်လီဂျန်နာ ရဲ့ပို့စ်တောင် စုစု ပေါင်း Like အရေအတွက် (၁၈) သန်း ဝန်းကျင်သာ ရဖူးတာကြောင့် ကိုကြက်ဥက အပြတ်အသတ် စံချိန် ချိုးခဲ့တာလည်း ဖြစ်ပါတယ်။

၃။ “စိန်တုံး (၇,၇၇၇) တုံးပါဝင်တဲ့လက်စွပ်”အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကလက်ဝတ်ရတနာဆိုင်တစ်ခုဟာ ဂင်းနစ် မှတ်တမ်းဝင်မည့် လက်ဝတ် ရတနာတစ်ခုကို ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာ ပြု လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စိန်တုံးပေါင်း (၇,၇၇၇) တုံးနဲ့ပြု လုပ်ထားတဲ့ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ပါတယ်။ ဒါဟာ လက် စွပ်တစ်ကွင်းထဲမှာ စိန်တုံးအများဆုံး ပါဝင်တာလည်းဖြစ်ပါတယ်။

၄။ “သဲနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရဲတိုက်” ဂျာမနီ နိုင်ငံက သဲပန်းချီပညာရှင်အချို့ဟာ Binz ကမ်းခြေမှာ သဲနဲ့ပြုလုပ်ထားတဲ့ ရဲတိုက်တစ်ခုကို ဆောက်လုပ် ဖန်တီးခဲ့ကြပါတယ်။ ဒီရဲတိုက်ဟာဆိုရင် မြေပြင်ကနေ (၅၇) ပေမြင့်ပြီး သဲအလေးချိန် စုစုပေါင်း (၂၄၀၀၀) အထိအသုံးပြုပြီး ဆောက်လုပ်ခဲ့လို့ ကမ္ဘာ့အကြီးဆုံး သဲနဲ့ပြုလုပ်ဖန်တီးထားတဲ့ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

၅။ “ပေ (၆၀၀) ကျော် ကြက်ဥခေါက်ဆွဲ”ဂျပန်နိုင်ငံက စားဖိုမှုးတစ်ဦးဖြစ်တဲ့ ဟီရိုရှိကူရိုဒါဆိုသူဟာ ပေ (၆၀၀) ကျော်ရှည်လျားတဲ့ လက်လုပ်ကြက်ဥခေါက်ဆွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ဒီအရာကို တစ်ကိုယ်တော်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

၆။ “(၅) နာရီနဲ့ Follower သန်းချီရသူ” ကမ္ဘာကျော် ဝါရင့်မင်း သမီးကြီး ဂျနီဖာအင်းနစ္စတန်ဟာ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာမှာ အကောင့် ပြုလုပ်ခဲ့ပြီး (၅) နာရီနဲ့ (၁၆) မိနစ်အကြာမှာ သူ့ကို Follower ပြုလုပ်သူ (၁) သန်းအထိရှိခဲ့ပါသ တဲ့။ ဒါဟာ အင်စတာဂရမ်သမိုင်းမှာ အမြန်ဆုံး Followers (၁) သန်းပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်

၇။ “Giant Teddy Bear” ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ မက္ကဆီကိုမှာရှိတဲ့ Xonacatlan ဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ဧရာမ ဝက်ဝံရုပ် (Giant Teddt Bear) ကြီးကိုပြုလုပ်ဖန် တီးပြီး ဂင်းနစ်စံ ချိန်တင်ခဲ့ကြပါတယ်။ ဒီအရုပ်ကြီးက (၆၃) ပေ (၈) လက်မရှည်လျားပြီး အလေးချိန် ပေါင် (၈၀၀၀) လောက်လေ တယ်လို့သိရပါတယ်။

အခု တင်ဆက်ပေးတဲ့ အကြောင်းအရာလေးကို ဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့် နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လ ည်း ဘယ်လို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက် အားပေးကြပါဦးနော်။