unicode version . . .
ချောကလက် မိုးတွေ ရွာသွန်းခဲ့တဲ့ ဆွစ်ဇာလန် နိုင်ငံက မြို့ငယ်လေး ၂၀၂၀ ကြီးကတော့ အဆန်းကြီးပါပဲ။
ဆွစ်ဇလန်နိုင်ငံမှာ ချောကလတ် နှင်းမိုးတွေ ရွာသွန်းခဲ့ ပါတယ်တဲ့ ။ People မဂ္ဂဇင်းမှ ကိုးကား ဖော်ပြပေးလိုက် ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ဆွစ်ဇလန်ရဲ့ လူမှုကွန်ယက် အသုံးပြုသူ များကြားထဲမှာ ကိစ္စတစ်ခု နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒါကတော့ ဆွစ်ဇလန်ရဲ့ မြို့ငယ်လေး တစ်မြို့မှာ ချောကလတ်မိုးတွေ ရွာသွန်းခဲ့တယ်ဆိုတဲ့အကြောင်းလေးပါပဲ။
Olten ဆိုတဲ့ မြို့ငယ်လေးမှာ ချောကလတ် စက်ရုံတစ်ရုံ ရှိနေပါတယ်။ အဲဒီစက်ရုံလေးကနေ ပြဿနာတစ်ခု ဖြစ်သွားခဲ့ပါတယ်။အဲဒါကတော့ ချောကလတ်ကြိုတဲ့ စနစ်ဟာ ချို့ယွင်း သွားခဲ့ပြီး အဲဒီရဲ့ လေဝင်လေ ထွက်စနစ်ဟာ လုံးဝ ပျက်ဆီးသွားခဲ့ပြီး ချောကလတ်အမှုန့် တွေကို အပြင်ကို စုတ်ထုတ်သလို ဖြစ်သွားကာ မြို့လေးပေါ်မှာ ချောကလတ်မိုး ရွာသွန်းခဲ့တာပါတဲ့။
ချောကလတ်အမှုန့်တွေဟာ အိမ်ခေါင်မိုးတွေ၊ လမ်းမပေါ်တွေနဲ့ ကားတွေပေါ်ကို အကုန်ပြန့်ကျဲကုန်ပြီး မသိရင် ချောကလတ်နှင်း မိုးသွန်းသလိုဖြစ်နေခဲ့ တာပါတဲ့။ စက်ရုံကတော့ ရှင်းလင်းရေးတွေ အတွက် အခကြေးငွေ ပေးမယ်လို့ ပြောထားပေမယ့် လက်ရှိ အချိ န် ထိတော့ မြို့ သားတွေကို ဘာမှလာ မပြောသေးပါဘူးတဲ့။ crd
Tags: