ေ႐ႊကို ဘယ္လိုေနရာေတြမွာ ရွာေဖြေတြ႕ရွိနိုင္လဲ ေရႊရွာျပီးေတာ့ သန္းၾကြယ္သူေဌး လုပ္ၾကရေအာင္

ေ႐ႊကို ဘယ္လိုေနရာေတြမွာရွာေဖြေတြ႕ရွိနိုင္လဲ?သဘာဝအေလ်ာက္ ေ႐ႊဆိုတာ ဘယ္လိုျဖစ္ေပၚလာတာလဲ?ေ႐ႊကို ဘယ္လိုေနရာေတြမွာရွာေဖြေတြ႕ရွိနိုင္လဲ?ေ႐ႊဟာ ဘယ္လိုမ်ိဳးထြက္ေပၚလာခဲ့တာလဲ?

ေ႐ႊဆိုတာကေတာ့ ဓာတု သဘာဝ အတိုင္းျဖစ္ေပၚလာတဲ့ ျဒပ္စင္တစ္ခုပင္ျဖစ္ၿပီး အဝါေရာင္ ေတာက္ပတဲ့ သတၳဳျဖစ္တဲ့အတြက္ အလြယ္တကူပင္ သိနိုင္မွာပဲျဖစ္ပါတယ္။ ေ႐ႊဟာ သူ႕ရဲ႕ရွားပါးမႈ၊ တိုက္စားမႈကိုခံနိုင္ရည္ရွိမႈ၊ လွ်ပ္ကူးနိုင္မႈ၊ အလြယ္တကူ ပံုသြင္းနိုင္မႈအျပင္ သူ႕ရဲ႕လွပတဲ့ေ႐ႊေရာင္ ရွိမႈေၾကာင့္ အလြန္ပင္အဖိုးတန္တဲ့ သတၳဳပဲျဖစ္ပါတယ္။

ေ႐ႊကို ဘယ္လိုေနရာေတြကေန ရနိုင္ပါသလဲဆိုရင္ေတာ့ မိုင္းတြင္းေတြကေန ဒါမွမဟုတ္ စမ္းေခ်ာင္းေတြကေန ေ႐ႊက်င္ျခင္းကေန ရရွိနိုင္တာပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း တကယ္စင္စစ္ ေ႐ႊထြက္ရွိတဲ့ မူလအရင္းအျမစ္ကေတာ့ ကမာၻေျမႀကီးပဲ ျဖစ္တာကေတာ့ မလြဲဧကန္ပဲျဖစ္ပါတယ္။

ကမာၻေပၚက ေ႐ႊေတြဟာဆိုရင္ ေကာင္းကင္ေပၚကၾကယ္ေတြေႂကြလာတဲ့အခါ ျဖစ္ေပၚလာတဲ့ အစိုင္အခဲေတြက ထြက္ေပၚလာတယ္ ဆိုတာကို ယုံၾကပါသလား? ကမာၻႀကီး ျဖစ္ေပၚလာၿပီးေနာက္မွာ ေလးလံတဲ့သတၳဳေတြ ျဖစ္ၾကတဲ့ iron(သံ)နဲ႕gold(ေ႐ႊ)တို႔ဟာ ကမာၻ႔ေျမႀကီးရဲ႕အတြင္းဗဟိုေဒသကို စိမ့္ဝင္သြားၾကပါတယ္။

တကယ္လို႔ ဒီလိုအျဖစ္အပ်က္မ်ိဳးသာ မရွိခဲ့ၿပီးဆိုရင္ ေ႐ႊဆိုတာ ကမာၻေပၚက အစိုင္အခဲေတြထဲမွာ ထြက္ေပၚျခင္း ရွိလာမွာ မဟုတ္ပါဘူး။လြန္ေလၿပီးေသာ ႏွစ္ေပါင္း သန္းေလးေထာင္ ေလာက္က ကမာၻ႔ႀကီးဟာ asteroid(အဲ့စ္တ႐ြိုက္ဒ္=အဂၤါၿဂိဳဟ္ႏွင့္ဂ်ဴပီတာၾကား လမ္းေၾကာင္းမွ ေနကိုပတ္ေနေသာ ၿဂိဳဟ္ငယ္တစ္ခု) ရဲ႕သက္ေရာက္မႈေတြနဲ႕ထိုးႏွက္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

အဲ့ဒီ့သက္ေရာက္မႈေတြဟာ ကမာၻ႔ေျမႀကီးရဲ႕ နက္ရွိုင္းတဲ့အလႊာေတြကိုလႈံ႕ေဆာ္ေပးခဲ့တာေၾကာင့္ ေ႐ႊအခ်ိဳ႕ကို ကမာၻ႔ေျမႀကီးရဲ႕ အေပၚဆုံးအလႊာနဲ႕အလယ္ဗဟို ၾကားေနရာရွိ အလႊာေတြဆီ ေရာက္ရွိေစခဲ့တာျဖစ္ပါတယ္။ အခ်ိဳ႕ေသာေ႐ႊမ်ားကိုေတာ့ ေက်ာက္ရိုင္း သတၳဳရိုင္းမ်ားနဲ့ အ တူပင္ေတြ႕ရွိရတာပဲျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ေ႐ႊကိုစင္ၾကယ္ေသာဇာတိရွိတဲ့ျဒပ္စင္အျဖစ္ေတြ႕ရွိရတာျဖစ္ပါတယ္။ ေ႐ႊဟာတိုက္စားမႈကိုခံနိုင္ရည္ရွိတဲ့ တစ္ခုတည္းေသာသတၳဳပဲျဖစ္ပါတယ္။ ဒါ့အျပင္ေ႐ႊဟာအေလးခ်ိန္မ်ားတာေၾကာင့္ သူ႕ကိုဆိုရင္ စမ္းေခ်ာင္းေတြရဲ႕ေအာက္ေျခေတြမွာသာမက ပင္လယ္ေတြနဲ႕ႏုန္းေျမျဖစ္ေပၚရာေနရာေတြမွာေတြ႕ရွိနိုင္တာျဖစ္ပါတယ္။

ငလွ်င္လႈပ္ျခင္းကလည္း အလားတူ ေ႐ႊမ်ားကို ထြက္ေပၚ လာေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ငလ်င္လႈပ္ျခင္းဟာ ဓာတ္သတၳဳ ၾကြယ္ဝတဲ့ေရကို ဖိႏွိပ္ထားရာကေနလွ်င္ျမန္စြာ လႊတ္လိုက္ရတာေၾကာင့္ ေရဟာအေငြ႕ပ်ံသြားတဲ့အခါ ေ႐ႊပါဝင္တဲ့အလႊာမ်ားဟာ ေက်ာက္မ်က္ႏွာျပင္မ်ားေပၚ ေရာက္ရွိလာတာ ျဖစ္ပါတယ္။ မီးေတာင္မ်ားအတြင္း၌လည္းအလားတူျဖစ္စဥ္ကိုေတြ႕ရွိရတာျဖစ္ပါတယ္။crd

unicode version . . .

ရွှေကို ဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲ?သဘာဝအလျေက်ရွှေဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ?ရွှေကို ဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲ?ရွှေဟာ ဘယ်လိုမျိုးထွက်ပေါ်လာခဲ့တာလဲ?

ရွှေဆိုတာကတော့ ဓာတု သဘာဝ အတိုင်းဖြစ်ပေါ်လာတဲ့ ဒြပ်စင်တစ်ခုပင်ဖြစ်ပြီး အဝါရောင် တောက်ပတဲ့ သတ္ထုဖြစ်တဲ့အတွက် အလွယ်တကူပင် သိနိုင်မှာပဲဖြစ်ပါတယ်။ ရွှေဟာ သူ့ရဲ့ရှားပါးမှု၊ တိုက်စားမှုကိုခံနိုင်ရည်ရှိမှု၊ လျှပ်ကူးနိုင်မှု၊ အလွယ်တကူ ပုံသွင်းနိုင်မှုအပြင် သူ့ရဲ့လှပတဲ့ရွှေရောင် ရှိမှုကြောင့် အလွန်ပင်အဖိုးတန်တဲ့ သတ္ထုပဲဖြစ်ပါတယ်။

ရွှေကို ဘယ်လိုနေရာတွေကနေ ရနိုင်ပါသလဲဆိုရင်တော့ မိုင်းတွင်းတွေကနေ ဒါမှမဟုတ် စမ်းချောင်းတွေကနေ ရွှေကျင်ခြင်း ကနေ ရရှိ နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တကယ်စင်စစ် ရွှေထွက်ရှိတဲ့ မူလ အရင်းအမြစ်ကတော့ ကမ္ဘာမြေကြီးပဲ ဖြစ်တာကတော့ မလွဲဧကန်ပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်က ရွှေတွေဟာဆိုရင် ကောင်းကင်ပေါ်ကကြယ်တွေကြွေလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အစိုင်အခဲတွေက ထွက်ပေါ်လာတယ် ဆိုတာကို ယုံကြပါသလား? ကမ္ဘာကြီး ဖြစ်ပေါ်လာပြီးနောက်မှာ လေးလံတဲ့သတ္ထုတွေ ဖြစ်ကြတဲ့ iron (သံ)နဲ့ gold(ရွှေ) တို့ဟာ ကမ္ဘာ့မြေကြီးရဲ့ အတွင်း ဗဟိုဒေသကို စိမ့်ဝင် သွားကြပါတယ်။

တကယ်လို့ ဒီလို အဖြစ်အပျက်မျိုးသာ မရှိခဲ့ပြီးဆိုရင် ရွှေဆိုတာ ကမ္ဘာပေါ်က အစိုင်အခဲတွေထဲမှာ ထွက်ပေါ်ခြင်း ရှိလာမှာ မဟုတ်ပါဘူး။ လွန်လေပြီးသော နှစ်ပေါင်း သန်းလေးထောင် လောက်က ကမ္ဘာ့ကြီးဟာ asteroid (အဲ့စ်တရွိုက်ဒ်=အင်္ဂါဂြိုဟ်နှင့်ဂျူပီတာကြား လမ်းကြောင်းမှ နေကိုပတ်နေသော ဂြိုဟ်ငယ်တစ်ခု) ရဲ့သက်ရောက်မှုတွေနဲ့ ထိုးနှက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်

အဲ့ဒီ့ သက်ရောက်မှုတွေဟာ ကမ္ဘာ့မြေကြီးရဲ့ နက်ရှိုင်းတဲ့ အလွှာတွေကို လှုံ့ဆော် ပေးခဲ့တာကြောင့် ရွှေအချို့ကို ကမ္ဘာ့မြေကြီးရဲ့ အပေါ်ဆုံး အလွှာနဲ့ အလယ်ဗဟို ကြားနေရာရှိ အလွှာတွေဆီ ရေ က်ရှိ စေခဲ့တာ ဖြစ်ပါတယ်။ အချို့သော ရွှေများကိုတော့ ကျောက် ရိုင်း သတ္ထုရိုင်းများနဲ့ အ တူပင်တွေ့ရှိရတာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ရွှေကိုစင်ကြယ်သောဇာတိရှိတဲ့ဒြပ်စင်အဖြစ်တွေ့ရှိရတာဖြစ်ပါတယ်။ ရွှေဟာတိုက်စားမှုကိုခံနိုင်ရည်ရှိတဲ့ တစ်ခုတည်းသောသတ္ထုပဲဖြစ်ပါတယ်။ ဒါ့အပြင်ရွှေဟာအလေးချိန်များတာကြောင့် သူ့ကိုဆိုရင် စမ်းချောင်းတွေရဲ့အောက်ခြေတွေမှာသာမက ပင်လယ်တွေနဲ့နုန်းမြေဖြစ်ပေါ်ရာနေရာတွေမှာတွေ့ရှိနိုင်တာဖြစ်ပါတယ်။

ငလျှင်လှုပ်ခြင်းကလည်း အလားတူ ရွှေများကို ထွက်ပေါ် လာစေပါတယ်။ ဘာလို့ လဲဆိုတော့ ငလျင် လှုပ်ခြင်းဟာ ဓာတ်သတ္ထု ကြွယ်ဝတဲ့ရေကို ဖိနှိပ် ထားရာကနေ လျှင်မြန်စွာ လွှတ်လိုက်ရတာကြောင့် ရေဟာ အငွေ့ပျံသွားတဲ့အခါ ရွှေပါဝင်တဲ့ အလွှာများဟာ ကျောက်မျက်နှာပြင် များပေါ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ မီး တောင်များ အတွင်း၌လည်း အလားတူ ဖြစ်စဉ်ကို တွေ့ရှိရတာဖြစ်ပါတယ်။ crd