
“ဂုဏ်ထူး လေးဘာသာ ထွက်အောင် ကြိုးစားပြီး ရေခဲချောင်းရောင်းပြီး ကျောင်းထားပေးတဲ့ ဖခင်ကျေးဇူးကို ဆပ်လိုက်တဲ့ သမီးငယ်လေး”

သမီးငယ်လေးရဲ့ နာမည်က ထူးထူးခြားခြား ဒြာတဲ့။သမီးလေးက နာမည်လေးလို ထူးထူးခြားခြား မိဘကျေးဇူးကို ဆပ်တဲ့သမီးလေးပါနော်။သမီးလေးရဲ့ ဖခင်ဟာ ဦးတင်ဝင်းဖြစ်ပြီး မိခင်ကတော့ ဒေါ်ခင်သန်းဝေ ဖြစ်ပါတယ်။

သမီးငယ်လေးဟာ အသက် (၁၆) နှစ်ဖြစ်ပြီး မိသားစုလေး ဟာလှိုင်သာယာ (၉) ရပ်ကွက်မှာ၊ မိသားစုလိုက် အဆောင်ငှားပြီးနေကြရပါတ ်ယ်။ဒြာရဲ့ မိခင်ဖြစ်သူက နံရိုးထိခိုက်မိထားတာမို့

အလုပ် မလုပ်နိုင်ဘဲ ဖခင်ဖြစ်သူကဘဲ သမီးလေးကို ရေခဲချောင်းရောင်းပြီးကျောင်းထားခဲ့ရပါတယ်။ ရေခဲချောင်းရောင်းပြီး သမီးလေးကျောင်းထားပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရရှာတဲ့ မိသားစုဘဝလေးပါ။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊လှိုင်သာယာကနေ တက္ကသိုလ်ဝင်တန်း ခုံအမှတ် ဆသယ_၃၈၄ နဲ့၊ ၂၀၁၉/၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒဂုဏ်ထူးလေးဘာသာနဲ့အတူ

သမီးလေး ဒြာဟာ နှစ်ချင်းပေါက်ကြိုးစားအောင်မြင်ခဲ့ပါတယ်။နွမ်းပါးပြီး စိန်ဓာတ်မကျဘဲ သမီးလေးရဲ့ ကြိုးစားအောင်မြင်မှုအတွက် ဝမ်းသားပိတီဖြစ်ရပါတယ်။သမီးလေးရဲ့ ရည်မှန်းချက်ကို

မေးကြည်တဲ့အခါ ရည်မှန်းချက်က နာမကျန်းမှုတွေကို ကုသမှုပေးတဲ့ ဆရာဝန်ဖြစ်ချင်ပါတယ်တဲ့။အမှတ်စာရင်းထွက်တဲ့အခါ၊ ဆေးကျောင်းတက်ဖို့ အမှတ်မီတဲ့အခါမှာညီမလေးရဲ့

ပညာရေးအတွက် အကူအညီပေးနိုင်သူတွေနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သမီးလေး… ဒြာရေ…။ပရိတ်သတ်ကြီးကလည်း သမီးငယ်လေး ဒြာကို ချီးကျူးဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ုကပါအူးနော်။

Credit :Nine Nine









Credit :Nine Nine

Tags: