
သင့်ချစ်သူ(လက်တွဲဖော်)က စိတ်ကုန်သွားစေနိုင်မယ့် အပြုအမူများ

ချစ်တဲ့သူနှစ်ယောက်ကြားမှာတချို့သော ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စလေးတွေကျတာင် တစ်ယောက်ကိုတစ်ယောက် စိတ်ကုန်ပြီး ရှေ့ဆက် လက်မတွဲသွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်နော်။

ကိုယ်အတွက်မှာတော့ သာမာန် ပေါ့ပေါ့ပါးပါးဖြစ်ရပ် ကိစ္စလေးတွေလို့ ထင်ထားပေမယ့် ကိုယ်ချစ်တဲ့သူဘက် မှာတော့ ဝမ်းနည်းတဲ့ ခံစားချက်တွေဖြစ်စေတက်ပါတယ်နော်။

ဒီနေ့မှာတော့ သင့်ရဲ့ ဘယ်လိုအပြုအမူလေးတွေဟာ သင့်ချစ်တဲ့သူကို စိတ်ပျက် စိတ်ကုန်သွားစေနိုင်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ချစ်သူကောင်မလေး ဘက်ကနေ အမြဲတမ်းစပြီး ဆက်သွယ်နေရတာမျိုး

Source : Envato Element

ဖုန်းခေါ်တာတေ မက်ဆေ့ပို့တာတွေဟာ သူမဘက်ကပဲ အမြဲ လုပ်နေရမယ်ဆိုရင် သူမအနေနဲ့ အချိန်တွေ ကြာလာတာနဲ့ စိတ်ကုန်သွားစေနိုင်ပါတယ်။ သူမစိတ်ထဲမှာ သူမဘက်စပြီး

မဆက်သွယ်ရင် ပြတ်တောက်သွားစေမယ့် အချစ်ရေးတစ်ခု ဆိုပြီးတော့ ထင်မှတ်သွားနိုင်ပါတယ်နော်။ ဒါကြောင့်ချစ်သူယောကျ်ားတေ အနေနဲ့လည်း သတိရရင် ဖုန်းခေါ်တာ စာပို့တာတွေကို မပြတ်လုပ်ပေးသင့်ပါတယ်။

(၂)ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့တွေ အလေးမထားတဲ့အခါ

Source : Valenti Matchmaking

ချစ်သူ နှစ်ဦးကြားက အမှတ်တရ နေ့တွေဟာ တန်ဖိုးထား မမေ့သင့်တဲ့ နေ့ရက် လေးတွေပါပဲ။ ကိုယ်က တစ်ခါတစ်လေမှာ အလုပ်ရှုပ်နေတဲ့ အခါမျိုးမှာ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည် နေ့တွေကိုမေ့တက်တာမျိုးတွေရှိပါတယ်။

ဒါပေမယ့် ဒါဟာ အမြဲတမ်း တော့မကောင်းပါဘူး။ နှစ်ပတ်လည်နေ့တွေတိုင်း မေ့လျော့နေမယ်ဆိုရင် သူမကိုတန်ဖိုးမထားဘူး အလေးမထားဘူးဆိုတဲ့ စိတ်မျိုးဝင်သွားပြီး ချစ်စိတ်တေ လျော့လာစေနိုင်ပါတယ်။

(၃) နှစ်ဦး အတူရှိနေစဉ်မှာ သူမကို အာရုံမစိုက်တဲ့အခါ

Source : Today Show

ချစ်သူနှစ်ဦး ဒိတ်လုပ်ကြတဲ့အခါ ဖြစ်နိုင်ရင် ကိုယ့်ချစ်သူ အပေါ်ကိုပဲ အပြည့်အဝ အာရုံစိုက်ပြီး အချိန်ပေး သင့်ပါတယ်။ ကိုယ်အနေနဲ့ ဖုန်းသုံး နေတာမျိုး ဂိမ်းဆော့နေတာမျိုး အလုပ်တွေလုပ်နေတာမျိုး စတဲ့အရာတွေက ချစ်သူနှစ်ဦးဒိတ်လုပ်နေချိန်မှ

ာ အမြဲတမ်း ရှောင်ကျဉ်သင့်တဲ့အရာတွေပါ။ အတူတူရှိပေမယ့်လည်း အာရုံအစိုက်မခံရရင်သင့်ချစ်သူကသင့်ကိုစိတ်ကုန်သွားစေမှာသေချာပါတယ်နော်။

ပရိတ်သတ်ကြီးလည်း ယခု အချက်လေး တေကို မှသားပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကို တည်ထောင်နိုင်ကြပါစေနော်။