ချစ်သူနဲ့အပြင်သွားရင် ကြုံဆုံရတဲ့ပြဿနာကို ချစ်သူ Bobby Soxer နဲ့တကွ သက်သေပြလာတဲ့ အဆိုတော်လွှမ်းပိုင်ရဲ့ ဗီဒီယို
unicode version . . .
ချစ်သူနဲ့အပြင်သွားရင် ကြုံဆုံရတဲ့ပြဿနာကို ချစ်သူ Bobby Soxer နဲ့တကွ သက်သေပြလာတဲ့ လွှမ်းပိုင်ရဲ့ ဗီဒီယို
လူငယ်ကြိုက် အဆိုတော် တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်ကတော့ နာမည်ကြီး အဆိုတော် တစ်ယောက် မဖြစ်ခင် ကတည်းက Bobby Soxer နဲ့ လက်တွဲခဲ့တာပဲ ဖြစ်ပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer က အခုဆိုရင် ချစ်သူသက်တမ်း (၁၁) နှစ်တာ ကျော်ပြီဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့စုံတွဲလေးကို အမြန်ဆုံးလက်ထပ်စေချင်နေကြပြီပဲ ဖြစ်ပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ လက်ထပ်ဖို့ကို မစဉ်းစားသေးပဲ အနုပညာအလုပ်တွေကို ကိုယ်စီ ကြိုးစားပြီး လုပ်ကိုင်နေ လျက်ရှိပါတယ်။
အနုပညာ လှုပ်ရှားမှု တွေကိုလည်း တင်ဆက်နေသလို သူတို့ရဲ့ လ က်တွေ့ဘဝက သွားလာ လှုပ်ရှားမှု ပုံစံတွေကိုလည်း ချပြလေ့ရှိတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က ဒီနေ့မှာလည်း ပရိသတ်တွေအ တွက် ဗီဒီယိုအသစ်လေးကို မျှဝေပေးထားပါတယ်။
အဲ့ဒါကတော့ ချစ်သူနဲ့ အပြင်သွားရင် ဘာတွေဖြစ်တတ်လဲဆိုတာ သိချင်ရင်ကြည့်ကြပါဗျို့ ဆိုပြီး ချစ်သူနဲ့အပြင်သွားရင် ကြုံဆုံတဲ့ပြဿနာကို အခုလိုပြသထားပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ ချစ်သူသက်တမ်းတွေကြာလာလေလေ တစ်ယောက်နဲ့တစ်ယောက် မရှိမဖြစ် ဖြစ်လာလေဆိုတာ ဒီဗီဒီယိုလေးက သက်သေပါပဲ။
ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ Bobby Soxer ရဲ့အဖြစ်ကိုကြည့်ပြီး လက်တွေ့ဘဝက ချစ်သူစုံတွဲတွေနဲ့ တူရဲ့လား ပြောပြခဲ့ပါဦးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Source: Hlwan Paing’s fb
ရုပ္သံၾကည့္ရန္