unicode version . . .
ကမ္ဘာလုံး ဆိုင်ရာ ကာကွယ် ဆေးလုပွဲနဲ့ ရုရှားကာကွယ် ဆေး မြန်မာ နိုင်ငံ ကို ရောက်မယ့် အချိန်
(၁) ရုရှား ကာကွယ် ဆေးဟာ တကယ် အစွမ်းထက် လို့ ဖြန့်မယ်ဆိုရင် တကမ္ဘာလုံး သုံးနိုင်ဖို့ ၁၄ နှစ်ကြာအောင် ဖြန့်ရပါ့မယ်။ ကမ္ဘာက ဝိုင်းကူ ထုတ်ပေးတောင် တနှစ် အလုံး သန်း ၅၀၀ ပဲ ထွက်နိုင်တယ်။ ကမ္ဘာ့လူဦးရေ က ၇ ဘီလီယံ ကျော်တယ်။
(၂) ကာကွယ်ဆေး တွေဟာ အအေးခန်း နဲ့သယ်ရတယ်၊ မီးပျက်တဲ့နိုင်ငံတွေမှာ ထားသိုမှုမမှန်လို့ တဝက်က အာနိသင်မဲ့သွားတယ်။ တောနေ လူတန်းစား အထိ ရောက်ဖို့ သယ်ယူရေး အခြေခံအဆေ က်အအုံ အရေးကြီး ပါတယ်တဲ့။
(၃) ကမ္ဘာက ထုတ်ဖို့ အရမ်းလွယ်ကူတဲ့ ကာကွယ်ဆေးမျိုး ရှာဖွေတွေ့ခဲ့ရင်တောင် တကြိမ် ထိုး တနှစ်ခံလား၊ ဘီပိုးဆေးလို သုံးခါထိုးရမှာလား အပေါ်မူတည်ပြီး အခက်အခဲတွေ အများကြီးရင်ဆိုင်ရဦးမယ်။
(၄) သူဌေးနိုင်ငံတွေ က စုဝယ်ကြရင် ဆင်းရဲသားနိုင်ငံရောက်ဖို့ကြာမယ်။ ဒီတော့ ကမ္ဘာ့လူဦးရေ သုံးပုံတပုံ ထိုးနိုင်ဖို့ ကာကွယ် ဆေး ၂ ဘီလီယံကျော် လောက် ထွက်ရှိဖို့ ၂၀၂၁ ဒီဇင်ဘာလာက်မှ မှန်းနိုင်မယ်တဲ့ ။
ကျန်တဲ့လူတွေက ၂၀၂၁ ကျော်အထိ ဆက်စောင့်ရဦးမယ်တဲ့။ အ ရှိတရားကို ဒီနေ့တွက် နေကြပုံတင်ပြတာပါ။ ဒီထက်ပိုမြန်လာဖို့ ဆုတောင်း ရမှာပေါ့။ credit : Lat Khat Than
Add a Comment
Your email address will not be published. Required fields are marked *