တစ္ကိုယ္ေတာ္အေခြ အသစ္ျဖစ္တဲ့ G.O.A.T Album ထဲက သီခ်င္းေတြ အေၾကာင္းကို ေျပာျပလာတဲ့ အဆိုေတာ္ ရဲရင့္ေအာင္

ရဲရင့္ေအာင္ဟာ တစ္ကိုယ္ေတာ္အေခြ အသစ္ျဖစ္တဲ့ G.O.A.T Album ထဲက သီခ်င္းေတြ အေၾကာင္းကို အခုလို ေျပာျပလာပါတယ္။

အဆိုေတာ္ ရဲရင့္ေအာင္ကေတာ့ G.O.A.T ဆိုတဲ့ သူ႕ရဲ႕ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ ထြက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။ ပထမ အေခြထြက္ၿပီး (၆) ႏွစ္အၾကာမွသာ ဒုတိယအေခြ ထြက္လာတာလို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္ ။ ကြၽန္ေတာ္ ပထမတစ္ေခြ သေဝထိုး ခေခြးယပင့္ ထြက္ၿပီးတဲ့ အခ်ိန္မွာ ဒုတိယတစ္ကိုယ္ေတာ္အေခြ လုပ္ဖို႔အတြက္ သီခ်င္းေတြ စုတယ္။

အခု ဒုတိယအေခြနဲ႕ ပထမအေခြၾကားမွာ (၅) ႏွစ္၊ (၆) ႏွစ္ေလာက္ျခားသြားတယ္။ သီခ်င္းေတြ အကုန္လုံးကိုေတာ့ ကိုယ္လုပ္ခ်င္တာပဲ ကိုယ္လုပ္ထားတာ မ်ားပါတယ္။ သီခ်င္းနဲ႕ပတ္သက္ၿပီး ေကာင္းတယ္ မေကာင္းဘူးဆိုတာေတာ့ နားေထာင္တဲ့ ပရိသတ္ေတြပဲ ဆုံးျဖတ္ၾကမွာပါ ဆိုၿပီးေတာ့ ၾသဂုတ္လ ၁၆ ရက္ေန႕က G.O.A.T အေခြ စာနယ္ဇင္းမိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။

သီခ်င္းအေခြထဲမွာ ပါတဲ့ သီခ်င္းအကုန္လုံးကေတာ့ (၁၁) ပုဒ္ပါ။ တစ္ပုဒ္ကိုေတာ့ Remix အေနနဲ႕ သီခ်င္းပုံစံ ေျပာင္းထားတာ တစ္ခုေတာ့ပါမွာပါ။ အေခြအတြက္ သီခ်င္းေတြ စုရတဲ့ အခ်ိန္မွာ ေ႐ြးခ်ယ္ရတဲ့ ပုံစံေတြ ကြာျခားတယ္။ ျမဴးဖို႔၊ ေဆြးဖို႔၊ လြမ္းဖို႔၊ တန္ပို အျမင့္ေတြ၊ စင္ေပၚမွာ ဆိုလို႔ေကာင္းမယ့္ ပုံစံေတြကို မေတြးပဲနဲ႕ ဖန္တီးထားတဲ့ အေခြျဖစ္ပါတယ္။

သီခ်င္း ဖန္တီးေနသမွ်ကာလတစ္ေလွ်ာက္လုံး ကြၽန္ေတာ္ ခံစားရသမွ်၊ ကြၽန္ေတာ္ ေရးခ်မိသမွ်ေတြကိုပဲ ထည့္ထားတာပါ လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ရဲရင့္ေအာင္ကေတာ့ ငါ့ေနရာ ဆိုတဲ့ သီခ်င္းကေနတဆင့္ ပရိသတ္သိခဲ့သူ တစ္ေယာက္ပါ။

အခု ဆိုရင္ေတာ့ ဂီတေလာကမွာ ပရိသတ္အားေပးမႈ အခိုင္အမာနဲ႕ ေအာင္ျမင္လာတဲ့ အဆိုေတာ္ တစ္ေယာက္ ျဖစ္လို႔ေနပါၿပီ။ သူ႕ရဲ႕ ပထမဆုံး တစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ သေဝထိုးခေခြးယပင့္ သီခ်င္းအေခြကို ၂၀၁၄ ခုႏွစ္က ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ source : Yair Yint Aung

unicode version . . .

ရဲရင့်အောင်ဟာ တစ်ကိုယ်တော်အခွေ အသစ်ဖြစ်တဲ့ G.O.A.T Album ထဲက သီချင်းတွေ အကြောင်းကို အခုလို ပြောပြလာပါတယ်။

အဆိုတော် ရဲရင့်အောင်ကတော့ G.O.A.T ဆိုတဲ့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ ပထမ အခွေထွက်ပြီး (၆) နှစ်အကြာမှသာ ဒုတိယအခွေ ထွက်လာတာလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ် ။ ကျွန်တော် ပထမတစ်ခွေ သဝေထိုး ခခွေးယပင့် ထွက်ပြီးတဲ့ အချိန်မှာ ဒုတိ ယတစ်ကိုယ်တော်အခွေ လုပ်ဖို့အတွက် သီချင်းတွေ စုတယ်။

အခု ဒုတိယအခွေနဲ့ ပထမအခွေကြားမှာ (၅) နှစ်၊ (၆) နှစ်လော က်ခြားသွားတယ်။ သီချင်းတွေ အကုန်လုံးကိုတော့ ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်ထားတာ များပါတယ် ။ သီချင်းနဲ့ပတ် သက်ပြီး ကောင်းတယ် မကောင်းဘူးဆိုတာတော့ နားထောင်တဲ့ ပရိ သ တ်တွေပဲ ဆုံးဖြတ်ကြမှာပါ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က G.O.A.T အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

သီချင်းအခွေထဲမှာ ပါတဲ့ သီချင်းအကုန်လုံးကတော့ (၁၁) ပုဒ်ပါ။ တစ်ပုဒ်ကိုတော့ Remix အနေနဲ့ သီချင်းပုံစံ ပြောင်းထားတာ တစ်ခုတော့ပါမှာပါ။ အခွေအတွက် သီချင်းတွေ စုရတဲ့ အချိန်မှာ ရွေးချယ်ရတဲ့ ပုံစံတွေ ကွာခြားတယ်။ မြူးဖို့၊ ဆွေးဖို့၊ လွမ်းဖို့၊ တန်ပို အမြင့်တွေ၊ စင်ပေါ်မှာ ဆိုလို့ကောင်းမယ့် ပုံစံတွေကို မတွေးပဲနဲ့ ဖန်တီးထားတဲ့ အခွေဖြစ်ပါတယ်။

သီချင်း ဖန်တီးနေသမျှကာလတစ်လျှောက်လုံး ကျွန်တော် ခံစားရသမျှ၊ ကျွန်တော် ရေးချမိသမျှတွေကိုပဲ ထည့်ထားတာပါ လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ရဲရင့်အောင်ကတော့ ငါ့နေရာ ဆိုတဲ့ သီချင်းကနေတဆင့် ပရိသတ်သိခဲ့သူ တစ်ယောက်ပါ။

အခု ဆိုရင်တော့ ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာနဲ့ အောင်မြင်လာတဲ့ အဆိုတော် တစ်ယောက် ဖြစ်လို့နေပါပြီ။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ သဝေထိုးခခွေးယပင့် သီချင်းအခွေကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ source : Yair Yint Aung

Add a Comment

Your email address will not be published. Required fields are marked *