အလုပ်တွေ အရမ်းလုပ်လွန်းတဲ့ သားဖြစ်သူကို သတိရ စိတ်ပူနေရှာတယ်ဆိုတဲ့ အဆိုတော် G Fatt ရဲ့ မိခင်
unicode version . . .
အလုပ်တွေ အရမ်းလုပ်လွန်းတဲ့ သားဖြစ်သူကို မိခင်တစ်ယောက် အနေနဲ့ သတိရ စိတ်ပူနေရှာတယ်ဆိုတဲ့ G Fatt ရဲ့ မိခင်
လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော် G Fatt ကတော့ အောက်ခြေကနေ တက်ရောက်ခဲ့ပြီး အခုချိန် နိုင်ငံကျော် အဆိုတော်ကြီးတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။
G Fatt က ဂီတထူးချွန်ဆု တွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း အားပေးသူ ပရိသတ် အ ခိုင်အမာရရှိထားတဲ့ ထိပ်တန်း အဆိုတော် တစ်ယောက်အဖြစ် ရပ် တည်နေလျက်ရှိပါတယ်။
G Fatt ကလည်း သူ့ရဲ့ အနုပညာကို အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းအတွက် အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ် ။ ပရိသတ်တွေအတွက် သီချင်းသစ်လေးတွေကို ကြိုးစားပြီး နေ့ရော ညပါ ဖန်တီးနေတဲ့ G Fatt က အခန်းထဲကနေ အခန်းပြင် လုံးဝမထွက်ပဲ အလုပ်တွေကို ကြိုးစားနေလျက်ရှိပါတယ်။
G Fatt ကတော့ အလုပ်တွေကို ကြိုးစားပန်းစားလုပ်ကိုင်နေပေမယ့် သူ့ရဲ့ မိခင်ကြီးကတော့ မိခင်တစ်ယောက်အနေနဲ့ သတိရစိ တ်ပူစွာနဲ့ G Fatt ဆီကို Video Call လေးခေါ်ပြီး အလွမ်းသည်ခဲ့ရတယ်လို့ G Fatt က သူ့ရဲ့ My Day မှာ မျှဝေထားပါတယ် ။
G Fatt ကတော့ သူ့ရဲ့ မိဘနှစ်ပါးအတွက်လည်း ဂုဏ်ယူရတဲ့ သားကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်ချစ်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်လာဖို့ပါ ဇွဲရှိရှိ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးကလည်း G Fatt ရဲ့ နောက်ထပ် အနုပညာ လှုပ် ရှားမှုတွေကို ဆက်ဆက်အားပေးဖို့ မမေ့ကြပါနဲ့နော် ။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ source : G Fatt