






unicode version . . .

သင်္ကန်းဝတ်နဲ့ ကျက်သရေရှိစွာ တွေ့ရတဲ့ ရှင်ပုည (မင်းသန့်မောင်မောင်) ကို သွားရောက် ဖူးမျှော်ခဲ့တဲ့ ကျော်ထက်အောင်

နိုင်ငံကျော် အစီအစဉ် တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ကျော်ထက်အောင် ကတော့ မင်းသား တစ်ယောက်လို ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး အပြော အဆိုလည်း လိမ္မာ ပါးနပ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိ ပိုင်ဆိုင်ထားသူပါ။

ကျော်ထက်အောင်က နောက်ပိုင်းမှာ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့လည်း ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်နေလျက်ရှိပါတယ် ။ ကျော်ထက်အောင်ကလည်း သူ့ကို အားပေးကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီ အတွက် အနုပညာ အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေလျက်ရှိပါတယ် ။

ယနေ့ သြဂုတ်လ (၁၇) ရက်နေ့မှာတော့ ကျော်ထက်အောင်က မနေ့က သာသနာ့ဘောင်သို့ ဝင်ရောက်နေတဲ့ မင်းသန့်မောင်မောင်ဆီ သွားရောက် တွေ့ဆုံခဲ့ပါတယ် ။ ကျော်ထက်အောင်က ရှင်ပုညတဖြစ်လဲ မင်းသန့်မောင်မောင်ကို ကြည့်ပြီး သင်္ကန်းဝတ်နဲ့ ကျက် သရေ ရှိပါဘိ လို့တောင် ပြောယူရတဲ့အထိ ကြည်ညို သဒ္ဒါပွား များခဲ့တာပဲ ဖြစ်ပါတယ် ။

ကျော်ထက်အောင်ကတော့ မင်းသန့်မောင်မောင် ရိုက်ကူးတဲ့ တိမ်တွေပေါ်ကပန်း ရုပ်ရှင် ဇာတ်ကားကြီးမှာ ဝတ်မှုံရွှေရည်နဲ့ အတူတူ သရုပ်ဆောင် ခဲ့ဖူးပြီး အပြင်မှာလည်း ညီအစ်ကို တွေလို ခင်မင် ရင်းနှီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။Source: Kyaw Htet Aung’s fb

Add a Comment

Your email address will not be published. Required fields are marked *