






unicode version . . .

အကယ်ဒမီ ရုပ်တုများ မှ ရွှေကြယ်များ အခိုးခံခဲ့ရတဲ့ အကယ် ဒမီ (၆) ဆုရှင် ဦးရန်အောင်

အကယ်ဒမီများရှင် မင်းသားကြီးရန်အောင် ကတော့ အနုပညာရှင် အချင်းချင်းကပါ လေးစား ချစ်ခင်ခြင်း ခံရတဲ့ ပရိသတ် အချစ်တော် အနုပ ညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။

သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထူးချွန်သလို အဆို ပိုင်းမှာလည်း တကယ့်ကို အရည်အချင်းရှိတဲ့ ရန်အောင် ကတော့ အနု ပညာ အလုပ်တွေကို အများအပြားလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အသက် (၅၀)ကျော် အရွယ်ရှိပြီ ဖြစ်တဲ့ ရန်အောင်က လူငယ်တွေနဲ့အပြိုင် နုပျိုလန်းဆန်း နေတာလည်း ဖြစ်ပါတယ် ။

ယခုရက်ပိုင်းမှာတော့ မီဒီယာတွေ့ဆုံပွဲ တစ်ခုမှာ ရန်အောင်က အကယ်ဒမီ ရွှေစင်ရုပ်တုများမှ ရွှေကြယ်များ အခိုးခံရပုံကို ပြောပြလာခဲ့တာပါ ရန်အောင်က အဲ့ဒီတုန်း က ၂၀၀၆ နောက်ဆုံး အကယ်ဒမီဆု မရခင်တုန်းကပေါ့ အကယ်ဒမီရုပ်တု ၄ ဆုရဲ့ ရွှေကြယ်တွေ ခိုးသွားတာ တစ်ခုကို ရွှေ ၂ ကျပ်သားနဲ့ အားလုံးပေါင်း ၈ ကျပ်သားပေါ့ ။

အဓိကကတော့ ကျွန်တော် တန်ဖိုးထားရတဲ့ အကယ်ဒမီရုပ်တုရဲ့ ရွှေကြယ်တွေ ကိုအခိုးခံရလို့ ဒေါသထွက် ခဲ့တာပါ ။ ဖြစ်ပြီးပြီးချင်း စီအိုင်ဒီက အစလာပြီး သေချာ စစ်ဆေးပေးပါတယ် နောက် ဆုံးပြန်ရတော့ ပုံပျက်နပြီပေါ့ ၈ ကျပ်သားလုံး ပြန်ရပါတယ် တ ရားခံ ကိုတော့ ကျွန်တော်လည်း ခုထိမသိဘူး ရဲကလည်း ပြန်ရပြီဆိုတော့ ကျေနပ် လိုက်ပါဆိုတာနဲ့ မမေးတော့တာပါ လို့ပြောပြ လာခဲ့တာ ဖြစ်ပါတယ် ။

ရန်အောင်ကတော့ အကယ်ဒမီရွှေစင်ရုပ်တု မှ ရွှေကြယ်များ အခိုးခံရပုံကို ပြောပြ လာခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးရေ တကယ့် အံ့ဩစရာဖြစ်ရပ်လေး ဖြစ်တာကြောင့် တင်ဆက် ပေးလိုက်ရပါတယ်နော် ။ source : Shwe Yaung Myanmar