ေအာင္ဘာေလ ထီေစ်းႏႈန္း သမိုင္းတေလၽွာက္ စံခ်ိန္တင္ အျမင့္ဆုံး သို႔ ေရာက္ရွိ

ေအာင္ ဘာေလ ထီေစ်းႏႈန္း သ မိုင္းတေလၽွာက္ စံခ်ိန္ တင္ အျမင့္ဆုံး သို႔ ေရာက္ရွိ

(၁၉) ႀကိမ္ေျမာက္ ေအာင္ ဘာေလထီ ဖြင့္ပြဲ မတိုင္မီ ယခု ၾသဂုတ္လလယ္ပိုင္း မွ စတင္ကာ ထီထိုးသူ အေရအတြက္ မ်ားျပားလာမႈကို အခြင့္ေကာင္းယူ၍ ထီပင္ရင္း ဆိုင္ႀကီးမ်ားက ထီတစ္ေစာင္ ေငြက်ပ္ ၁၂၀၀ မွ ၁၃၀၀ အထိ တိုးျမႇင့္ေရာင္းခ်ေနသျဖင့္ ေအာင္ဘာေလထီသမိုင္းတစ္ေလၽွာက္ ထီတစ္ေစာင္ေစ်းႏႈန္း စံခ်ိန္တင္ ျမင့္တက္ေနေၾကာင္း ထီေရာင္းဝယ္သူ မ်ားထံမွ သိရပါတယ္။

ထီက ကၽြန္ေတာ္တို႔ အခုကိုယ္ စားလွယ္ တစ္ဆင့္ေရာင္းအေနနဲ႔ ဝယ္ရတာ၊ ဆိုင္ႀကီးေတြကေန ဒီလ အတြက္ေပါ့၊ စဖြင့္တုန္းကတစ္ေစာင္ ကို က်ပ္ ၁၀၇၀၊ ၁၀၈၀ ဝယ္ရတယ္။ ေနာက္ ေစ်းမ်ား ထပ္ဆင္းမလားလို႔ ဒီရက္ပိုင္းေတြမွာ သြားဝယ္ေတာ့ က်ပ္ ၁၁၀၀၊ ၁၁၁၀၊ ၁၁၂၀ နဲ႔တစ္ခါဝယ္ရ တယ္။ ဆိုင္ႀကီးေတြရဲ့ ကိုယ္စားလွယ္ ေရာင္းေစ်းက တစ္ခုနဲ႔တစ္ခု မတူသလို တစ္ရက္နဲ႔ တစ္ရက္လည္း မတူၾကဘူး။

ေစ်းက အတက္ပဲရွိသလို ျဖစ္ေနတယ္။ ၿမိဳ႕ထဲမွာဆိုလည္း မိုးယံက အမ်ားဆုံး ဆိုေတာ့ မိုးယံရဲ့ ထီဖြင့္ေစ်းကို နားေထာင္ၿပီး ေအာက္က ထီဆိုင္ ေတြက ေရာင္းၾကတာ။ အခုရက္ပိုင္း မွာေတာင္ လက္လီ လွည့္ေရာင္းေန တာ တစ္ေစာင္ကို က်ပ္ ၁၃၀၀ အထိ ေရာင္းေနရတယ္ ။ လကုန္ပိုင္းေလာက္ဆိုရင္ေတာ့ တစ္ေစာင္ကို က်ပ္ ၁၄၀၀ ေလာက္ထိ ျဖစ္မယ္လို႔ ထင္တယ္ ။

ကိုယ္စားလွယ္ဝယ္ေစ်းက ျမင့္ေတာ့ ေနာက္ဆုံးထီထိုးတဲ့သူနဲ႔ ကၽြန္ေတာ္တို႔ လက္လီေရာင္းတဲ့သူ ေတြ စကားေတြ ေျပာရတာေပါ့ ။ ကၽြန္ေတာ္တို႔လည္းအေျပာအဆိုခံၿပီးေရာင္းေနရတာပါပဲ ဟု ထီကိုယ္စား လွယ္ ေရာင္းဝယ္သူ ဦးေက်ာ္လြင္က ေျပာပါတယ္ ။

လက္ရွိတြင္ ေအာင္ဘာေလထီ႐ုံးမွ ထုတ္ေဝေသာ ထီတစ္ေစာင္တန္ဖိုး သည္ က်ပ္ ၉၀၀ ဝန္းက်င္ခန္႔ရွိ ေၾကာင္း၊ ၿပီးခဲ့သည့္လတြင္ အကၡရာ အလုံးေရ ၃၉ လုံး ထုတ္ေဝရာမွ ၾသဂုတ္လ (၁၉) ႀကိမ္ေျမာက္ ထီဖြင့္ပြဲ အတြက္ အကၡရာႏွစ္လုံးေလၽွာ့ကာ ၃၇ လုံးျဖင့္ ထုတ္ေဝသြားမည္ျဖစ္ ေၾကာင္း သိရပါတယ္ ။

ထီအကၡရာတစ္လုံးတြင္ အေစာင္ ေရ ၈၉၀၀၀၀ေက်ာ္ ထုတ္ေဝသည့္ အတြက္ အကၡရာႏွစ္လုံးေလၽွာ့ထုတ္မည္ျဖစ္ေသာေၾကာင့္ ထီအေစာင္ေရ ၁၈ သိန္းနီးပါးေလၽွာ့ထုတ္ကာ က်ပ္ သိန္း၁၅၀၀၀မွ က်ပ္ ၅၀၀၀၀ အထိ ထီဆုမ်ားေပါက္နိုင္ေၿခ ယခင္ထက္ မ်ားျပားလာမည္ျဖစ္ေၾကာင္း ထီ အေရာင္းအဝယ္အသိုင္းအဝိုင္းမွ သိရပါတယ္ ။

ယခုအခါ ထီအေရာင္းအဝယ္ ေလာကတြင္ မိုးယံေရႊလမင္းႏွင့္ ျမတ္ဆုကုေဋသည္ ထိပ္သီးကိုယ္စား လွယ္ဆိုင္ႀကီးမ်ားျဖစ္ၿပီး ေရႊျမန္မာ၊ မဟာလာဘံ ကိုယ္စားလွယ္ဆိုင္ႀကီး မ်ားမွဖြင့္ေသာ ကိုယ္စားလွယ္ထီဖြင့္ ေစ်းအတိုင္း၊ အျခားထီဆိုင္အသီးသီး မွ ဖြင့္ေစ်းအနည္းအမ်ားအတိုင္း ေရာင္းဝယ္ျခင္း ျဖစ္ေၾကာင္း သိရပါတယ္ ။ Crd

unicode version . . .

အောင် ဘာလေ ထီဈေးနှုန်း သ မိုင်းတလျှောက် စံချိန် တင် အမြင့်ဆုံး သို့ ရောက်ရှိ

(၁၉) ကြိမ်မြောက် အောင် ဘာလေထီ ဖွင့်ပွဲ မတိုင်မီ ယခု သြဂုတ်လလယ်ပိုင်း မှ စတင်ကာ ထီထိုးသူ အရေအတွက် များပြားလာမှုကို အခွင့်ကောင်းယူ၍ ထီပင်ရင်း ဆိုင်ကြီးများက ထီတစ်စောင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ အထိ တိုးမြှင့်ရောင်းချနေသဖြင့် အောင်ဘာလေထီသမိုင်းတစ်လျှောက် ထီတစ်စောင်ဈေးနှုန်း စံချိန်တင် မြင့်တက်နေကြောင်း ထီရောင်းဝယ်သူ များထံမှ သိရပါတယ်။

ထီက ကျွန်တော်တို့ အခုကိုယ် စားလှယ် တစ်ဆင့်ရောင်းအနေနဲ့ ဝယ်ရတာ၊ ဆိုင်ကြီးတွေကနေ ဒီလ အတွက်ပေါ့၊ စဖွင့်တုန်းကတစ်စောင် ကို ကျပ် ၁၀၇၀၊ ၁၀၈၀ ဝယ်ရတယ်။ နောက် ဈေးများ ထပ်ဆင်းမလားလို့ ဒီရက်ပိုင်းတွေမှာ သွားဝယ်တော့ ကျပ် ၁၁၀၀၊ ၁၁၁၀၊ ၁၁၂၀ နဲ့တစ်ခါ ဝယ်ရတယ် ။ ဆိုင်ကြီးတွေရဲ့ ကိုယ်စား လှယ် ရောင်းဈေးက တစ်ခုနဲ့တစ်ခု မတူသလို တစ်ရက်နဲ့ တစ်ရက်လည်း မတူကြဘူး။

ဈေးက အတက်ပဲရှိသလို ဖြစ်နေတယ်။ မြို့ထဲမှာဆိုလည်း မိုးယံက အများဆုံး ဆိုတော့ မိုးယံရဲ့ ထီဖွင့်ဈေးကို နားထောင်ပြီး အောက်က ထီဆိုင် တွေက ရောင်းကြတာ။ အခုရက်ပိုင်း မှာတောင် လက်လီ လှည့်ရောင်းနေ တာ တစ်စောင်ကို ကျပ် ၁၃၀၀ အထိ ရောင်းနေရတယ် ။ လကုန်ပိုင်းလောက်ဆိုရင်တော့ တစ်စောင်ကို ကျပ် ၁၄၀၀ လောက်ထိ ဖြစ်မယ်လို့ ထင်တယ် ။

ကိုယ်စားလှယ်ဝယ်ဈေးက မြင့်တော့ နောက်ဆုံးထီထိုးတဲ့သူနဲ့ ကျွန်တော်တို့ လက်လီရောင်းတဲ့သူ တွေ စကားတွေ ပြောရတာပေါ့ ။ ကျွန်တော်တို့လည်းအပြောအဆိုခံပြီးရောင်းနေရတာပါပဲ ဟု ထီကိုယ်စား လှယ် ရောင်းဝယ်သူ ဦးကျော်လွင်က ပြောပါတယ် ။

လက်ရှိတွင် အောင်ဘာလေထီရုံးမှ ထုတ်ဝေသော ထီတစ်စောင်တန်ဖိုး သည် ကျပ် ၉၀၀ ဝန်းကျင်ခန့်ရှိ ကြောင်း၊ ပြီးခဲ့သည့်လတွင် အက္ခရာ အလုံးရေ ၃၉ လုံး ထုတ်ဝေရာမှ သြဂုတ်လ (၁၉) ကြိမ်မြောက် ထီဖွင့်ပွဲ အတွက် အက္ခရာနှစ်လုံးလျှော့ကာ ၃၇ လုံးဖြင့် ထုတ်ဝေသွားမည်ဖြစ် ကြောင်း သိရပါတယ် ။

ထီအက္ခရာတစ်လုံးတွင် အစောင် ရေ ၈၉၀၀၀၀ကျော် ထုတ်ဝေသည့် အတွက် အက္ခရာနှစ်လုံး လျှော့ထုတ်မည် ဖြစ်သောကြောင့် ထီ အစောင်ရေ ၁၈ သိန်း နီးပါး လျှော့ထုတ်ကာ ကျပ်သိန်း ၁၅၀၀၀ မှ ကျပ် ၅၀၀၀၀ အထိ ထီဆုများပေါက်နိုင်ခြေ ယခင်ထက် များပြားလာမည် ဖြစ်ကြောင်း ထီ အရောင်းအဝယ်အသိုင်းအဝိုင်းမှ သိရပါတယ် ။

ယခုအခါ ထီအရောင်းအဝယ် လောကတွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေသည် ထိပ်သီးကိုယ်စား လှယ်ဆိုင်ကြီးများဖြစ်ပြီး ရွှေမြန်မာ၊ မဟာလာဘံ ကိုယ်စားလှယ်ဆိုင်ကြီး များမှဖွင့်သော ကိုယ်စားလှယ်ထီဖွင့် ဈေးအတိုင်း၊ အခြားထီဆိုင်အသီးသီး မှ ဖွင့်ဈေး အနည်းအများ အတိုင်း ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရပါတယ် ။ Crd

Tags: