လွန်ခဲ့တဲ့ (၁၄)နှစ်က မင်းသား နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ အတူတူ အမှတ်တရကောင်းတွေရှိခဲ့တဲ့ သားကောင်းမိခင် ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြလာတဲ့ ထွန်းထွန်း
unicode version . . .
လွန်ခဲ့တဲ့ (၁၄)နှစ်က နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ အတူတူ အ မှတ်တရ ကောင်းတွေရှိခဲ့တဲ့ သားကောင်းမိခင် ရုပ်ရှင်ဇာတ်ကားအကြောင်း ပြောပြလာတဲ့ ထွန်းထွန်း
မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် အားပေးကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီ ရရှိထားသူတွေပါ ။ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ရဲ့ တူညီ တဲ့ အချက်တစ်ချက်ကတော့ ဒီအသ က် အရွယ်ထိ အိမ်ထောင် မပြုကြသေးပဲ တစ်ကိုယ်တည်း လူ ပျိုကြီးတွေ အဖြစ် အနုပညာအလုပ်တွေကို ဆက်လက် လုပ် ကိုင်နေကြတာပဲ ဖြစ်ပါတယ် ။
ဒီကနေ့မှာတော့ ထွန်းထွန်းက လွန်ခဲ့တဲ့ (၁၄)နှစ်က နေတိုး၊ စိုင်းစိုင်းတို့နဲ့ အတူတူ အမှတ်တရ ကောင်းတွေရှိခဲ့တဲ့ သားကောင်းမိခင်ရုပ်ရှင်ဇာတ်ကားအကြောင်းကို အခုလိုပဲ ပြောပြလာတာကို တွေ့ရပါတယ်။လွန်ခဲ့တဲ့ ၂၀၀၆ က ရိုက်ကူးခဲ့ကြတဲ့ သားကောင်းမိခင် နိုင်ငံတော် အကျိုးပြုဇာတ်လမ်း ဒါက ကိုကို ထွန်းထွန်းရဲ့ပထမဆုံး နိုင်ငံတော် ဇာတ်ကားလေးပေါ့ဗျာ။
လေးလေး ပန်းချီ ဦးစိုးမိုး လေးလေး ဦးငြိမ်းမင်း တို့လို တကယ့် Legend ကြီးတွေနဲ့ ဆုံခဲ့ ပညာတွေ ယူခွင့် ရခဲ့တယ် ။ ဦးလွင်မိုး ဦးဇင်ဝိုင်း မကြီးစိုးတို့လို ဝါရင့် သမ္ဘာရင့် ကြီးတွေနဲ့ အတူတူ သရုပ်ဆောင်ခွင့် ရခဲ့တယ် ။ သင်ယူခွင့်ရခဲ့တယ် ။
ဗကနဲ့လည်း အဲ့မှာ စခင်သွားတာ အခု သားအငယ်ဆုံးက လူပျိူပါက်ဖြစ်နေပြီ ။ ဘဝ အမှတ်တရတွေ များကြီးပဲ ။ အဲ့တုန်းဆို ကိုနေတိုးနဲ့က ဒါမတိုင်ခင် တစ်ကားပဲ ရိုက်ဖူးသေးတာ ။ ကိုစိုင်းနဲ့က ဇာ တ်ကားရိုက် ပထမဆုံးဆုံတာပေါ့။
စဉ်းစားလိုက်တိုင်း အမှတ်တရတွေနဲ့ပျော်စရာကောင်းနေရောပဲ။ Pop Rap သီချင်းတွေဆိုခဲ့တဲ့ Examplez ကကောင်လေး ကနေ သ ဘာဝကျတဲ့ ရုပ်ရှင် သရုပ်ဆောင်ဖြစ်ဖို့ အတွက်ကြိုစားသင်ယူခဲ့တဲ့ ကာလတွေပေါ့ ခုထိလည်း လေ့လာသင်ယူနေရဆဲပါပဲဗျာ ဆိုပြီး အမှတ်တရတွေ ပြောလာပါတယ် ။
နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က လွန်ခဲ့တဲ့ (၁၄) နှစ်က သားကောင်းမိခင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ သရုပ် ဆောင်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းကတော့ ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ တွဲဖက် သရုပ်ဆောင်ခဲ့ကြပါသေးတယ် ။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာ ပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Htin Aung Tun’s fb