ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ အထိ ကြံစည်ဖြစ်ခဲ့ပုံကို ပြန်ပြောင်းပြောပြလာတဲ့ သရုပ်ဆောင် အဆိုတော် အလင်းရောင်
ဆက်ပြီး အလင်းရောင်က နာက်ပိုင်း ကိုယ့်ကိုကိုယ်သတ်သေတဲ့ ဗီဒီယိုတွေ တွေ့ရင်မကြည့်ဘူး စိတ်ရှုပ်လာလို့ အဲ့လိုတွေ တွေးမိတဲ့အချိန်မှာတော့ ကျွန်တော် တရားနာဖြစ်တယ် ကျွန်တော့ သူငယ်ချင်းတွေကို ပြောပြဖြစ်တယ် တစ်ယောက် ပြောလိုက်တိုင်း ကျွန်တော်ပိုသက်သာသွားတယ် လို့ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ကို ကျော်လွှားနိုင်ခဲ့ပုံကိုရှင်းပြလာခဲ့တာပါ ။
unicode version . .
ကိုယ့်ကိုကိုယ် သတ်သေဖို့ အထိ ကြံစည် ဖြစ်ခဲ့ပုံကို ပြန်ပြောင်းပြောပြလာတဲ့ အလင်းရောင်
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် တစ်ဦးဖြစ်တဲ့ အလင်း ရောင်ကို ပရိသတ်တွေက ချစ်ခင် ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ် ။ အလင်းရောင် ကတော့ သရုပ်ဆောင်ပိုင်းသာမက ဂီတပိုင်းမှာပါ အောင်မြင်လာတဲ့ အဆိုတော် တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော် ။
သူရဲ့ ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေရဲ့ အား ပေးဝန်းရံမှုကို ရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ် ။ ဒီရက်ပိုင်း မီဒီယာ တွေ့ဆုံပွဲ တစ်ခုမှာတော့ အလင်းရောင်က သူ့အနေနဲဲ့ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်တဲ့ အထိ စိတ်ဓာတ်ကျကာ သတ်သေဖို့ ကြံစည်ခဲ့ဖူးကြောင်း ပြောပြ လာခဲ့တာပါ ။
အလင်းရောင်က ကျွန်တော်ကတော့ ဆယ်တန်းတုန်းက စာလည်းသေချာ လုပ်နေရဲ့သားနဲ့ ဆရာဝန် ဖြစ်စေချင်တဲ့ မိဘရဲ့ ဆန္ဒကြောင့် ဖိအားဝင်တာပေါ့ ။ ကျွန်တော် အဲ့တုန်းက ဂိုက်ဆရာမနဲ့ ရန်ဖြစ်တယ် ပြီးတော့စာမလုပ်ဖြစ်ဘူး ။ အဲ့မှာစိတ်က ဘာဖြစ်သွားတုန်း ဆိုတော့ ငါတော့ ဆရာဝန် မရရင် သွားပြီပေါ့ ငါ့ဘဝက အဆုံးသတ်လိုက်ဖို့ပဲ ကောင်းတယ် အဲ့လိုတွေးမိပြီး ကြံစည်ဖြစ်ခဲ့တာပေါ့ လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားမိခဲ့တဲ့ အကြောင်း ပြောပြ လာခဲ့တာ ဖြစ်ပါတယ် ။
ဆက်ပြီး အလင်းရောင်က နာက်ပိုင်း ကိုယ့်ကိုကိုယ် သတ်သေတဲ့ ဗီဒီယိုတွေ တွေ့ရင် မကြည့်ဘူး စိတ်ရှုပ်လာလို့ အဲ့လိုတွေ တွေးမိတဲ့အချိန်မှာတော့ ကျွန်တော် တရားနာဖြစ်တယ် ။ ကျွန်တော့ သူ ငယ် ချင်းတွေကို ပြောပြဖြစ်တယ် တစ်ယောက် ပြောလိုက်တိုင်း ကျွန် တော်ပိုသက်သာသွားတယ် လို့ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ကို ကျော်လွှားနိုင်ခဲ့ပုံကို ရှင်းပြလာခဲ့တာပါ ။
အလင်းရောင်ကတော့ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြ လာခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ သတင်းကြီးနေတာ ဖြစ်လို့ တင်ဆက် ပေးလိုက်ရ ပါတယ်နော် ။ crd
Add a Comment
Your email address will not be published. Required fields are marked *