ေထာင္က လြတ္ေျမာက္ခဲ့ေပမဲ့လည္း ဆက္လက္ၿပီး တရားရင္ဆိုင္ေနရဆဲျဖစ္တဲ့ အကယ္ဒမီ ေမသန္းႏု

ေထာင္က လြတ္ေျမာက္ခဲ့ေပမဲ့လည္း ဆက္လက္ၿပီး တရားရင္ဆိုင္ေနရဆဲျဖစ္တဲ့ ေမသန္းႏု

သ႐ုပ္ေဆာင္ ေမသန္းႏုကေတာ့ လက္ရွိအခ်ိန္ထိ တရားရင္ဆိုင္ေနရတုန္း ျဖစ္ပါတယ္ ။ အမႈ အေျခအေန တည္ၿငိမ္သြားၿပီ လို႔ထင္ထားရေပမယ့္ ဒီေန႔(ၾသဂုတ္လ၁၄ရက္)မွာ သ႐ုပ္ေဆာင္ ေမသန္းႏုဟာ သဃၤန္းကြၽန္း တရား႐ုံးသို႔ ႐ုံးခ်ိန္း တက္ေရာက္လာခဲ့ပါတယ္ ။

သဃၤန္းကြၽန္း တရား႐ုံးမွာေတာ့ သ႐ုပ္ေဆာင္ ေမသန္းႏုကို တရားစြဲဆိုသူ ေဒၚစန္းစန္းျမင့္က ရာဇသတ္ႀကီးမႈအမွတ္ ၂၇၅/၁၇ ၊ ပုဒ္မ ၄၂၀ ေနာက္တိုးတရားခံအျဖစ္ သဃၤန္းကြၽန္းတရား႐ုံးမွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္ ။ ဒီအမႈနဲ႔ ပတ္သက္ၿပီး ဒီေန႔ (ၾသဂုတ္လ၁၄ ရက္) မနက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္ ေမသန္းႏုကိုယ္တိုင္ သဃၤန္းကြၽန္းတရား႐ုံး ႐ုံးခ်ိန္းသို႔ တက္ေရာက္ လာခဲ့ပါတယ္ ။

႐ုံးခ်ိန္း အေျခအေနနဲ႔ ပတ္သက္ၿပီး ေမသန္းႏုဟာ မီဒီယာေတြကို အင္တာဗ်ဴး ေျဖဆိုခဲ့ျခင္းမရွိေပမယ့္ တရားလို ေဒၚစန္းစန္းျမင့္က ဆုံးရႈံးခဲ့ရတဲ့ ေငြေၾကးေတြျပန္မရေသးတာေၾကာင့္ အခုထိ အမႈ မၿပီးေသးဘူးလို႔ မီဒီယာေတြကို ေျပာျပလာပါတယ္ ။ ဒီေန႔ ႐ုံးခ်ိန္းကေတာ့ တရားလိုျဖစ္တဲ့ ကြၽန္မကို စစ္ေဆးေနတုန္းပါပဲ ။

အမႈက မၿပီးေသးပါဘူး ကြၽန္မ ပိုက္ဆံလည္း ငါးျပားတစ္ခ်ပ္မွ မရေသးပါဘူး။ အမႈက ၿပီးစရာေတာ့ အေၾကာင္းမရွိဘူး ။ ဒီအမႈက လွည္းတန္း(၆) လမ္းမွာရွိတဲ့ ကြၽန္မရဲ႕ အိမ္ကို ေပါင္သြားလို႔ ကိုသူခက္ကေတာ့ ေျပးေနတယ္ ။ အဲဒီအတြက္ ေမသန္းႏုကို စစ္မွာေပါ့ ။ ကြၽန္မကေတာ့ ကိုယ္ဆုံးရႈံးသြားတဲ့ ပိုက္ဆံေလး ျပန္ရဖို႔အတြက္ တရားစြဲတာပါ။

ကြၽန္မ ပိုက္ဆံေလး ျပန္ေပးပါလို႔ ေတာင္းပန္ခ်င္ပါတယ္ လို႔ သူက ဆိုပါတယ္ ။ေဒၚစန္းစန္းျမင့္ဟာ သ႐ုပ္ေဆာင္ ေမသန္းႏုကို တရား႐ုံး (၃) ခုမွာ ပုဒ္မ ၄၂၀ နဲ႔ တရားစြဲဆိုထားတာ ျဖစ္ပါတယ္ ။

ေမသန္းႏု အေနနဲ႔ ေငြေၾကးလိမ္လည္မႈ ပုဒ္မ ၄၂၀ နဲ႔ ရန္ကင္း တရာ း႐ုံးက ခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္ (၁) ႏွစ္ကို အင္းစိန္ေထာင္မွာ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ(၂) ရက္ေန႔ကေန ၂၀၂၀ ခုႏွစ္ ေမလ(၃၁)ရက္ေန႔ အထိ က်ခံခဲ့တာျဖစ္ၿပီး ဇူလိုင္လ(၁) ရက္ေန႔မွာေတာ့ ျပန္လည္ လြတ္ေျမာက္လာခဲ့ပါတယ္ ။

လက္ရွိမွာလည္း ေငြေၾကးလိမ္လည္မႈ ပုဒ္မ ၄၂၀၊ ရာဇသတ္ႀကီးမႈအမွတ္ ၂၇၅/၁၇ နဲ႔ သဃၤန္းကြၽန္း တရား႐ုံးမွာ တရားရင္ဆိုင္ေနရတာပါ ။ အဲဒီေနာက္ ေဒၚစန္းစန္းျမင့္ဟာ ကမာ႐ြတ္ တရား႐ုံးမွာလည္း ေမသန္းႏုကို တရား စြဲဆိုထားေသးတယ္လို႔ သိရပါတယ္ ။ crd

unicode version . . .

ထောင်က လွတ်မြောက်ခဲ့ပေမဲ့လည်း ဆက်လက်ပြီး တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ မေသန်းနု

သရုပ်ဆောင် မေသန်းနုကတော့ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရတုန်း ဖြစ်ပါတယ် ။ အမှု အခြေအနေ တည်ငြိမ်သွားပြီ လို့ထင်ထားရပေမယ့် ဒီနေ့(သြဂုတ်လ၁၄ရက်)မှာ သရုပ်ဆောင် မေသန်းနုဟာ သင်္ဃန်းကျွန်း တရားရုံးသို့ ရုံးချိန်း တက်ရောက်လာခဲ့ပါတယ် ။

သင်္ဃန်းကျွန်း တရားရုံးမှာတော့ သရုပ်ဆောင် မေသန်းနုကို တရားစွဲဆိုသူ ဒေါ်စန်းစန်းမြင့်က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇ ၊ ပုဒ်မ ၄၂၀ နောက်တိုးတရားခံအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ် ။ ဒီအမှုနဲ့ ပတ်သက်ပြီး ဒီနေ့ (သြဂုတ်လ၁၄ ရက်) မနက်ပိုင်းမှာတော့ သရုပ်ဆောင် မေသန်းနုကိုယ်တိုင် သင်္ဃန်းကျွန်းတရားရုံး ရုံးချိန်းသို့ တက်ရောက် လာခဲ့ပါတယ် ။

ရုံးချိန်း အခြေအနေနဲ့ ပတ်သက်ပြီး မေသန်းနုဟာ မီဒီယာတွေကို အင်တာဗျူး ဖြေဆိုခဲ့ခြင်းမရှိပေမယ့် တရားလို ဒေါ်စန်းစန်းမြင့်က ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးတွေပြန်မရသေးတာကြောင့် အခုထိ အမှု မပြီးသေးဘူးလို့ မီဒီယာတွေကို ပြောပြလာပါတယ် ။ ဒီနေ့ ရုံးချိန်းကတော့ တရားလိုဖြစ်တဲ့ ကျွန်မကို စစ်ဆေးနေတုန်းပါပဲ ။

အမှုက မပြီးသေးပါဘူး ကျွန်မ ပိုက်ဆံလည်း ငါးပြားတစ်ချပ်မှ မရသေးပါဘူး။ အမှုက ပြီးစရာတော့ အကြောင်းမရှိဘူး ။ ဒီအမှုက လှည်းတန်း(၆) လမ်းမှာရှိတဲ့ ကျွန်မရဲ့ အိမ်ကို ပေါင်သွားလို့ ကိုသူခက်ကတော့ ပြေးနေတယ် ။ အဲဒီအတွက် မေသန်းနုကို စစ်မှာပေါ့ ။ ကျွန်မကတော့ ကိုယ်ဆုံးရှုံးသွားတဲ့ ပိုက်ဆံလေး ပြန်ရဖို့အတွက် တရားစွဲတာပါ။

ကျွန်မ ပိုက်ဆံလေး ပြန်ပေးပါလို့ တောင်းပန်ချင်ပါတယ် လို့ သူ က ဆိုပါတယ် ။ဒေါ်စန်းစန်းမြင့်ဟာ သရုပ်ဆောင် မေသန်းနုကို တရားရုံး (၃) ခုမှာ ပုဒ်မ ၄၂၀ နဲ့ တရား စွဲဆိုထားတာ ဖြစ်ပါတယ်။

မေသန်းနု အနေနဲ့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်း တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ် (၁) နှစ်ကို အင်းစိန်ထောင်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့ကနေ ၂၀၂၀ ခုနှစ် မေ လ(၃၁)ရက်နေ့ အထိ ကျခံခဲ့တာဖြစ်ပြီး ဇူလိုင်လ(၁) ရက်နေ့မှာတော့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ် ။

လက်ရှိမှာလည်း ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀၊ ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇ နဲ့ သင်္ဃန်းကျွန်း တရားရုံးမှာ တရားရင်ဆိုင်နေရတာပါ ။ အဲဒီနောက် ဒေါ်စန်းစန်းမြင့်ဟာ ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို တရား စွဲဆိုထားသေးတယ်လို့ သိရပါတယ် ။ crd

Add a Comment

Your email address will not be published. Required fields are marked *