Sai Sai ကို မကြည့် ချင်ဘူး Sai Sai Show မှာ လာသမျှ မိန်းကလေးတွေ ကိုပဲ ကြည့်ချင်တယ် ဆိုတဲ့ပရိတ်သက်ကိုတုန့် ပြန်လိုက်တဲ့ အဆိုတော်စိုင်းစိုင်း
unicode version . . .
ပြည်သူတွေအားလုံးရဲ့ အချစ်ကို ရတဲ့ ပြည်သူ ချစ်တဲ့ အနုပညာ ရှင် ဆိုတာ ဒီလို စိတ်ထား မျိုး ရှိတဲ့ အနုပညာရှင် ကို ပြောတာ
Sai Sai ကို မကြည့် ချင်ဘူး Sai Sai Show မှာ လာသမျှ မိန်းကလေးတွေ ကိုပဲ ကြည့်ချင်တယ် ဆိုတဲ့ ယောကျာ်းလေး ပရိသတ်ရဲ့ စကားကို အရွှန်းဖောက် ထောက်ခံ လာတဲ့ ပြည်သူ ချစ် အဆို တော် စိုင်းစိုင်းခမ်းလှိုင် နှစ်ပေါင်း (၂၀) ကျော်ကြာ ဂီတလောက မှာရော၊ သရုပ်ဆောင် လောကမှာပါ နေရာယူထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ အသက် (၄၁) နှစ်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လိုပဲ အနုပညာအလုပ်တွေကိုတက်တက်ကြွကြွ လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလ မှာတော့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာ လှုပ်ရှားမှုတွေ နည်းပါးသွားပေမယ့် သူ့ရဲ့ ပရိသတ်တွေ နဲ့ အ ဆက်အသွယ် မပြတ်အောင် အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့ ရှိုးပွဲတွေကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် SAISAI SHOW တွေ ကြည့်ချင်ပြီဆို လက်ညှိုးထောင်ပါ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ထိုပို့စ်အောက်မှာ စိုင်းစိုင်းရဲ့ ယောကျာ်လေး ပရိသတ်တစ်ယောက်က Sai Sai ကို မကြည့် ချင်ဘူး။
Sai Sai Show ပွဲလာတဲ့ ကောင်မလေးတွေ ကြည့်ချင်တာ ဆိုပြီး ပြောခဲ့တဲ့ စကားအပေါ်  စိုင်းစိုင်းက ငါရောပဲ ဆိုပြီး Reply ပြန်ခဲ့တာကြောင့် မိန်းကလေးပရိသတ်တွေ ကြားမှာ ပွဲကျ သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ စိုင်းစိုင်းခမ်းလှိုင် ကတော့ မထင်ရင် မထင်သလို ရုပ်တည်ကြီးနဲ့ စနောက်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ အဖြေလေးကို ကြည့်ပြီး သဘေ ာကျ ရင်ခုန်နေကြမယ် ထင်ပါတယ် ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း  ပေးလိုက်ပါတယ်နော် ။ crd
Add a Comment
Your email address will not be published. Required fields are marked *